
ပြည်သူ့လုပ်သားသတင်းစဉ်ဂျာနယ်အမှု့အား
အောက်တိုဘာ(၁၈)ရက်နေ့၌ တနိုင်းမြို့တရားရုံး
နှင့် အောက်တိုဘာ (၂၂) ရက်နေ့တွင် မြစ်ကြီးနား
မြို့နယ်တရားရုံးတို့၌ အမှုစတင် စစ်ဆေးတော့မည်ဖြစ်သည်။
တနိုင်းစက်လှေအသင်းနှင့်ပတ်သက်၍ ပုဒ်မ ၅၀၅ (ခ) (ဂ)နှင့် တရားစွဲဆိုခဲ့
ခြင်းဖြစ်ပြီး၊ အစိုးရ အဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေမှုနှင့်ပတ်သက်၍ မြစ်ကြီးနား
မြို့နယ်တရားရုံးချုပ်၌ တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လုပ်သားသတင်းစဉ်ဂျာနယ်မှ ဒေါက်တာသန်းထိုက်ဦး၊ ဒေါ်ကြေးမုံ၊
ဦးဟိန်းထက်အောင်၊ ရှမ်းမောမြေတို့အား တရားစွဲဆိုထားခြင်းဖြစ်သည်။
ကချင်ပြည်နယ်အစိုးရအနေဖြင့် ပြည်သူ့ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထုတ်ဝေ
သော ပြည်သူ့လုပ်သား သတင်းစဉ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အား ဂုဏ်သိက္ခာကျဆင်းအောင်ရေးသားပြီး ကချင် ပြည်နယ်အတွင်း ငြိမ်ဝပ်ပိပြားရေး
ကို ထိခိုက်စေသည့် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန်အကြံဖြင့် ရေးသားရာ
ရောက်သဖြင့် ပုဒ်မ-၅၀၀၊ ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်
ကြောင်း သိရသည်။
“မမှန်သတင်းတွေကို ဖော်ပြပြီးတော့ အစိုးရကိုဂုဏ်သိက္ခာကျအောင် လျှောက်
ရေးတယ်။ အစိုးရ အဖွဲ့က အမှန်တွေ လုပ်နေတာဆိုပြီးတော့ စိတ်ရှည်သည်းခံ
ပြီးတော့ နေခဲ့တယ်။ သူထုတ်ခဲ့တဲ့ ပြည်သူ့လုပ်သားသတင်းစဉ်အစောင်တိုင်းမှာ အစိုးရအဖွဲ့သိက္ခာကျအောင်ရေးတယ်။” ဟု ကချင် ပြည်နယ် အစိုးရအဖွဲ့အတွင်း
ရေးမှူး ဦးမင်းချစ်ဦးက ပြောသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စက်တင်ဘာ(၂၁)ရက်နေ့တွင် ၀န်ကြီးချုပ်
နှင့်ဝန်ကြီးများက အစည်းအဝေးပြုလုပ်ပြီး အစိုးရအဖွဲ့ဝန်ကြီးများ၏ ထောက်ခံချက်
အားလုံးကိုယူကာ ယခုလို တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် နှစ်ဘက်ဖြစ်ပေါ်နေသော ကိစ္စရပ်များ အပေါ်စုံစမ်းစစ်ဆေးမည့်
ကော်မရှင်များ၊ ခုံရုံးများ ဖွဲ့စည်းစစ်ဆေးခြင်း မရှိသေးဘဲ ပြည်သူ့လုပ်သား
သတင်းစဉ်အပေါ် တစ်ဖက်သတ် တရားစွဲဆိုခြင်း ဖြစ်ကြောင်းကိုလည်း အဆိုပါ
ပါတီမှ သိရသည်။
“အစိုးရအဖွဲ့အနေနဲ့က တစ်ဖက်သတ်ကြီး ပြည်ထောင်စုအစိုးရအဖွဲ့တောင်မှ
တစ်ဖက်သတ်ကြီး မပြောဘူး။ ခေါ်ယူညှိနှိုင်းမှုတွေ လုပ်တယ်။ ဆွေးနွေးတယ်။
အဲ့အပေါ်မှာ အမှားအမှန်ရှိတယ်။ ဖြစ်နေတာက ဇွန်လကတည်းက ဖြစ်နေတာ။ အခုသူတို့လုပ်ချင်သလိုလုပ်ပြီး ကြေငြာတော့ အမှန်တရားဘယ်မှာ ရှိတော့မှာလဲ။” ဟု ပြည်သူ့ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌနှင့် ပြည်သူ့ လုပ်သားသတင်းစဉ်မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာသန်းထိုက်ဦးက ပြောသည်။
ပြည်သူ့လုပ်သားသတင်းစဉ် ဂျာနယ်သည် သတင်းစဉ်အတွဲ(၁)၊ အမှတ်(၉)၊ အချပ်
ပို(စ)တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် ကချင်
လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ကော်မတီ၏ ဘဏ္ဍာငွေများနှင့် လုပ်ငန်းဆောင်ရွက်
ရန်ကိစ္စရပ်များကို ထိန်းချုပ်ထားသည်ဟု ရေးသားထားသည်။
ပြည်သူ့ဒီမိုကရေစီပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပါတီမှ
တင်ပြချက်များ မှားယွင်း မည်ဆိုပါက ပါတီဥက္ကဌဒေါက်တာသန်းထိုက်ဦးသည်
သမိုင်းတစ်လျှောက် မည်သည့်ပါတီ၊ မည်သည့်ရွေးကောက်ပွဲကိုမှ မ၀င်ရောက်
တော့ပါဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးနှင့် တွေ့ဆုံကတိပေး
ကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
သတင်းရင်းမြစ်းShweMyitmakha Media Group
No comments:
Post a Comment