
ရသူ ဦးလထော် ဘရန်ရှောင် အား စွဲချက်
တင်သင့် မတင်သင့်ကို လာမည့် အောက်
တိုဘာလ ၂၂ ရက်နေ့တွင် အမိန့်ချမှတ်
မည်ဟု သိရှိရသည်။
မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင်နှစ်ခြင်းဘုရားကျောင်းရှိ ဒုက္ခသည်စခန်းအတွင်းမှ
ဇွန်လ ၁၇ ရက်နေ့က ဖောက်ခွဲမှုဖြင့် စွပ်စွဲကာ ဖမ်းဆီးလာခဲ့သည့် ကိုဘရန်ရှောင်အား
ဇူလိုင်လတွင် မတရားသင်း ဆက်သွယ်မှုဖြင့် ပြောင်းလဲစွပ်စွဲ ခဲ့ခြင်း ဖြစ်သည်။
ဦးဘရန်ရှောင် KIO ဝန်ထမ်းဖြစ်ကြောင်း တရားလိုဘက်မှ ထွက်ဆိုချက်များမှာ
စစ်ကြောရေးအတွင်း ညှဉ်းပမ်းနှိပ်စက် မှုဖြင့် ရရှိလာသည့် ထွက်ဆိုချက်များသာ
ဖြစ်၍ ခိုင်လုံသည့် အခြားအထောက်အထား မရှိကြောင်း ရှေ့နေ ဦးဂျီမာခါး က
ဆိုသည်။

ဦးဘရန်ရှောင်အား ဖမ်းဆီးခဲ့စဉ်
ထို့ကြောင့် စီရင်ထုံးများအရ စွဲချက်မတင်သင့်ဘဲ အပြီးအပြတ် လွှတ်သင့်ကြောင်း
၎င်း၏ အကျိုးဆောင်ရှေ့နေက တနလာင်္နေ့ ရုံးချိန်းတွင် လျှောက်လဲချက် ပေးခဲ့
သည်။
တရာလိုဘက်မှ ရှေ့နေကမူ စစ်ကြောရေး ဖြောင့်ချက်အပေါ် မူတည်၍ ဦးဘရန်ရှောင်
အမှုအား စွဲချက်သင်တင့်ကြောင်း လျှောက်လဲခဲ့သည်ဟု ရှေ့နေ ဂျီမာခါးက ပြောသည်။
သတင်းရင်းမြစ်း မဇ္ဈိမ
No comments:
Post a Comment