Friday, October 12, 2012

တရားသူကြီးနှင့် ရှေ့နေပေါင်း၍ စာရွက် အလွတ်ပေါ် လက်မှတ် ထိုးခိုင်းခဲ့

Photobucket စာဖတ်ပရိသတ်အားလုံး ကျွန်မအဖြစ်ကို
သင်ခန်းစာယူပြီး တစ်ပါးသူကို ယုံကြည်မှု
ဖြင့် ငွေ လက်မလွန်သင့်ကြောင်း တင်ပြပါ
ရစေ။




 ကျွန်မနဲ့ ကျွန်မရဲ့အစ်မတို့ထံမှ မြေစာရင်းဝန်ထမ်းတစ်ဦးနှင့် သူ့ဇနီးတို့က
 ငွေငါးသိန်းချေးယူပြီး တိမ်းရှောင်နေခဲ့ပါတယ်။ ကျွန်မလည်း ကျွန်မ ငွေ ၂
သိန်း ပြန်တောင်း၍ မရသောအခါ ပုဒ်မ (၄၁၇)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ရပါ
တယ်။ အဲဒီမှာ မြို့နယ်ဒု-တရားသူကြီးက ကျွန်မထံမှ ငွေတစ်သောင်းကျပ်
တောင်း၍ ရှေ့နေ မမြင့်မြင့်ဦးမှတစ်ဆင့် ပေးခဲ့ရပါ တယ်။

တစ်ဖက်က ၀န်ထမ်းဖြစ်ကာ ငွေကလည်း ၂ သိန်းတည်းဖြစ်၍ အမှုစစ်တရား
သူကြီးက ညှိခိုင်းပါတယ်။ နောက်ကျွန်မအမည်၊ အသက်၊ အဖအမည်ပါရှိတဲ့
စာရွက် ပြောင်ပေါ်မှာ လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ တရားခံကို အာမခံပေးပါ
တယ်။ ရုံးချိန်းတစ်ရက်မှာ သူ့ ဇနီးအားပြန်ခေါ်ပေးရန် အချိန် ၅ ရက်ပေးပါ
တယ်။ ကျွန်မကို အိမ်ပြန်ခိုင်းပါတယ်။ သူက ဒု-တရား သူကြီးရုံးထဲမှာ ကျန်ခဲ့ပြီး ၁၀မိနစ်ခန့်မှ ပြန်ထွက်လာကာ ““နင်ရှုံးသွားပြီ”” ဟု ကျွန်မနားကပ်ပြီး ပြော
သွားပါတယ်။

၁၅-၆-၂၀၁၂ ရက်နေ့တွင် ပုန်းနေသော ၎င်းမြေစာရင်းဝန် ထမ်း၏ဇနီးရှိသည့်
နေရာကို သိရသဖြင့် ကျွန်မရှေ့နေထံသွားပြီး ၀ရမ်းထုတ်ရန် ဒုတရားသူကြီး ဆီ
သို့တင်ပါတယ်။ ဒါပေမဲ့ နောက်အပတ်မှ လာတင်ရန် တရားသူကြီးက ပြောပါ
တယ်။ ၁၇-၆-၂၀၁၂ ရက်မှာ ပုန်းနေသူမရှိတော့ပါ။ နောက်တစ်ချက်က ၁၂-၇-
၂၀၁၂ ရက် ရုံးချိန်းတွင် ကျွန်မလက်မှတ်ထိုးခဲ့သော စာရွက်ပြောင်သည် ၂ ဖက်
စလုံး စာလုံးများဖြင့် ပြည့်နေ၍ အကျိုးအကြောင်း ပြောသောအခါ တရားသူကြီး
က နင်ကိုယ်တိုင် လက်မှတ်ထိုးခဲ့တာဟု ရန်တွေ့ပြောခဲ့ပါတယ်။၁၃-၇-၂၀၁၂
ရက် ရုံးချိန်းတွင်လည်း ဘာကိစ္စမှန်းမသိရဘဲ အခုချက်ချင်း အမိန့် ချရမလားဟု
 ပြောဆိုခံခဲ့ရပါသည်။ ယခုအချိန်ထိ မပြီးပြတ်သေးဘဲ ရှိနေပါသည်။ မြေစာရင်း
ဝန်ထမ်း ကိုယ်တိုင်ကလည်း ““ငါ့ကိုတိုင်လို့ အမြင်ကတ်လို့ မပေးတာ။ ဟိုမှာ
ပေးစားမယ်”” ဟု ကျွန်မကို ပြော ခဲ့ပါသည်။

ကျွန်မသည် တရားရုံးဆိုလျှင် ကြောက်သွားပါပြီ။ ဒု-တရားသူ ကြီးတို့ကြောင့်
တရားလိုမှ တရားခံအစစ် ထင်ခံရသလို ဒုက္ခခံစား နေရသည့်အတွက် ကျွန်မကဲ့သို့ သူတစ်ပါးကိုယုံကြည်ပြီး ငွေထုတ် ချေးပေးကြသောသူများ စိတ်ဒုက္ခမခံစားရစေ
ရန် အယ်ဒီတာမှတစ်ဆင့် တင်ပြလိုက်ပါသည်။


မခင်အုန်းမြင့် (ကျိုက်လတ်မြို့နယ်) မြန်မာသံတော်ဆင့်


သတင်းရင်းမြစ်    ဒေါင်းမာန်ဟုန်   

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ