
ခေါင်းဆောင်ပိုင်း ၃ ဦးကို ရာထူးက ဖယ်ရှားမှုနဲ့
ပတ်သက်ပြီး အဖွဲ့အတွင်း ပြဿနာ တွ ရှိနေပေမယ့်
အစိုးရနဲ့ ဆွေးနွေးနေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ
ကို အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကေအန်ယူ
အထွေထွေအတွင်းရေမှူးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီကြေညာချက်မှာ ကရင်အမျိုးသားအစည်းအရုံးဟာ ကရင်တမျိုးသားလုံးနဲ့အတူ ရပ်တည်နေပြီး ကရင်
လူထု တန်းတူ အခွင့်အရေးရရှိဖို့အတွက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေဆဲ ငြိမ်းချမ်း
ရေးလုပ်ငန်းစဉ်ဟာ ပျက်ပြယ်သွားမှာမဟုတ်ဘဲ အစီအစဉ်အတိုင်း ဆက်လက်
ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ကေအန်ယူအနေနဲ့ အနှစ် ၆၀ ကျော်အတွင်း အုပ်ချုပ်ရေးမှာ လိုက်နာရမယ့် အခြေခံ
ဥပဒေနဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေ ရှိထားပြီသားဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့
ပြဿနာေ တွဟာ အဖွဲ့အစည်းအတွင်း ပြဿနာ တွေဖြစ်ပြီး ပြေလည်သွားအောင် လက်ရှိ ခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးနေတယ်လို့လည်း စာမှာ ဖော်ပြထားပါတယ်။
လက်ရှိ ကေအန်ယူမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းမှု
ကို အမှန်တကယ် လိုလားသူတွေဖြစ်တဲ့အကြောင်း၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်
ဆောက်နိုင်ဖို့အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်ပြုလုပ်
သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ကေအန်ယူ တာဝန်ရှိသူ
တွေကို ဒီဗွီဘီက ကြိုးစား ဆက်သွယ်မေးမြန်းနေပေမယ့် မရသေးပါဘူး။
ကေအန်ယူဗဟိုကနေ ထုတ်ပယ်ခံထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး
တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အပါအ၀င် ခေါင်းဆောင် ၃ ဦး
ကတော့ လာမယ့် အောက်တိုဘာ ၁၃ ရက် ကျရင် ကရင်ပြည်နယ် မြ၀တီမြို့က ဆက်ဆံရေးရုံးမှာ ကေအန်ယူကနေ ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment