အထွက်နှုန်းမှာ တစ်နှစ်ထက် တစ်နှစ်
ပိုမိုကျဆင်းလာကြောင်း SPGEMS
& JEWELRY ကုမ္ပဏီမှ ဒါရိုက်တာ
ကိုအောင်ကျော်ဇင်ကပြောသည်။
“၀ယ်လိုအားများလာပြီး ကုန်ကြမ်းရှားလာတဲ့သဘောပါ”ဟု ကိုအောင်ကျော်ဇင်
ကပြောသည်။ ထို့အပြင် ပတ္တမြားတူးဖော်သည့်
ကျောက်တွင်းများ၏ အနက်ပေများ
မြင့်မားလာခြင်း၊ တူးဖော်သည့် နည်းစနစ်များ
မြင့်မားလာခြင်း၊ ခွင့်ပြုမိန့်ရရှိသည့်
လုပ်ကွက်များ ချထားပေးမှု
နည်းပါးလာခြင်းတို့ကြောင့် ယခုလို အထွက်နှုန်း ကျဆင်း
လာခြင်းဖြစ်ကြောင်း
၎င်းကပင်ပြောသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများအရ သတ္တုတွင်းများမှ
သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက် အကျိုးသက်ရောက်စေသော တွင်းများအား စိစစ်
ခွင့်ပြုပေးနေကြောင်း၊ အထွက်နှုန်း ကျဆင်းမှုမှာ မူလတွင်းပိုင်ရှင်၏ အသုံးပြုသော
နည်းပညာများပေါ်တွင်သာ မူတည်နေကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ ပတ္တမြားအထွက်နှုန်းမှာ ကျဆင်းလာသော်လည်း ၀ယ်လိုအားမှာမူ
တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာဆဲဖြစ်ပြီး အဓိကအားဖြင့်
တရုတ်နှင့် အိမ်နီးချင်း
နိုင်ငံများ အပါအ၀င် ဥရောပနိုင်ငံများမှ ၀ယ်လိုအား မြင့်တက်နေဆဲဖြစ်ကြောင်း
ပတ္တမြားကုန်သည်တစ်ဦးက ပြောသည်။
မိုးကုတ်မြို့နယ်မှ ပတ္တမြားအထွက်နှုန်းမှာ နှစ်စဉ် ကာရက်ငါးသောင်းဝန်းကျင် ထွက်
ရှိပြီး ယခုနှစ်ပိုင်းမှ စတင်ကာ ထိုနှုန်းအောက်သို့
တဖြည်းဖြည်း ကျဆင်းလာကြောင်း
မိုးကုတ်မြို့မှ သတ္တုတူးဖော်သည့်
လုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌
ပတ္တမြားကို မိုးကုတ်နှင့် မိုင်းရှူးဒေသတို့မှ အဓိက တူးဖော်
ထုတ်လုပ်နေပြီး
အချောထည်ရော အကြမ်းထည်ပါ နှစ်မျိုးစလုံး ပြည်ပသို့ တင်ပို့နေ
ဆဲဖြစ်သည်။ သို့သော် မိုးကုတ်ဒေသထွက် ပတ္တမြားမှာ အရည်အသွေးမြင့်ပြီး ကမ္ဘာ
တွင်ပါ ကျော်ကြားသည်။
မိုးကုတ်နှင့် မိုင်းရှူးအပြင် တနိုင်း၊ မြိုင်ကြီးငူ၊ ပြင်လုံ စသော ဒေသများတွင်ပါ ပတ္တမြား
အနည်းငယ် ထွက်ရှိကြောင်း ကျောက်မျက်လုပ်ငန်းရှင်
အချို့ကပြောသည်။ ထို့အပြင်
မိုးကုတ်မြို့၌ ယခင်က မိရိုးဖလာပုံစံဖြင့်
တစ်ပိုင်တစ်နိုင် တူးဖော်သည့် လုပ်ငန်း
အချို့မှာ စက်အင်အား အကူအညီ
နည်းပါးနေခြင်း၊ ငွေကြေးတတ်နိုင်သော ကုမ္ပဏီ
အကြီးစားများကိုသာ
တိုက်ရိုက်တူးဖော်ခွင့်များ ပြုထားခြင်းတို့ကြောင့် ဒေသတွင်း
တစ်ပိုင် တစ်နိုင်သာ လုပ်နိုင်သည့် လုပ်ငန်းရှင်တို့မှာ အခက်အခဲဖြစ်နေရကြောင်း
မိုးကုတ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။
သတ္တုတွင်းဥပဒေအရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြစ်ချောင်းများနှင့်မြေများ
မထိခိုက် မပျက်စီးနိုင်ရေး သတ္တုတူးဖော်ထုတ်လုပ်မှု
တစ်နိုင်ငံလုံး၏ စာရင်းမှန်ကန်
တိကျစွာ ရရှိနိုင်ရေး လက်လုပ်လက်စား
တစ်ပိုင်တစ်နိုင် သတ္တုတူးဖော်မှုများအား
ခွင့်ပြုပေးခြင်း မရှိကြောင်း
ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင်
တနိုင်းမဲဆန္ဒနယ်မှ ဦးမျိုးဆွေ၏ မေးမြန်းမှုကို ယခင် သတ္တုတွင်း
ဝန်ကြီး ဦးသိန်းထိုက်က ပြန်လည်ဖြေကြားသည်။
သတင်းရင်းမြစ်
း 7 days News
သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများအရ သတ္တုတွင်းများမှ
မြန်မာနိုင်ငံ၏ ပတ္တမြားအထွက်နှုန်းမှာ ကျဆင်းလာသော်လည်း ၀ယ်လိုအားမှာမူ
မိုးကုတ်မြို့နယ်မှ ပတ္တမြားအထွက်နှုန်းမှာ နှစ်စဉ် ကာရက်ငါးသောင်းဝန်းကျင် ထွက်
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပတ္တမြားကို မိုးကုတ်နှင့် မိုင်းရှူးဒေသတို့မှ အဓိက တူးဖော်
မိုးကုတ်နှင့် မိုင်းရှူးအပြင် တနိုင်း၊ မြိုင်ကြီးငူ၊ ပြင်လုံ စသော ဒေသများတွင်ပါ ပတ္တမြား
သတ္တုတွင်းဥပဒေအရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြစ်ချောင်းများနှင့်မြေများ
No comments:
Post a Comment