Wednesday, October 10, 2012

စစ်တွေရောက် အဝေးသင် တက္ကသိုလ် ကျောင်းသား များ လုံခြုံရေး စိတ်မချ

Photobucketစစ်တွေမြို့သို့  အဝေးသင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုရန် ရောက်နေကြသည့်
နယ်မှ  ကျောင်းသား ကျောင်းသူများ
အနေဖြင့် လတ်တလော စစ်တွေတွင်

 ဖြစ်ပွားနေသော အခြေအနေများကြောင့် လုံခြုံရေး စိတ်မချ ဖြစ်နေကြသည်ဟု
 ဆိုသည်။


ဆန္ဒပြပွဲများ၊ မီးရှို့မူများ ဆက်တိုင် ဖြစ်ပေါ်နေသဖြင့် ယခုလအတွင်း စာမေးပွဲ
 ဖြေဆိုကြရမည့် အဝေးသင်တက္ကသိုလ် ကျောင်းသူ/သားများမှာ လုံးခြုံရေး အရ
စိုးရိမ်နေကြပုံကို ဥပဒေ ပထမနှစ် ကျောင်းသူ တစ်ဦးဖြစ်သူ မနီနီမေမြင့်က
ယခုလို ပြောသည်။

“ သမီးတို့ စာမေးပွဲ ဖြေရမှာ မြို့ပြင်က အဝေးသင်တက္ကသိုလ်မှာ ဖြစ်ပါတယ်။ နယ်
ကလာတဲ့ ကျောင်းသား တွေက စစ်တွေမြို့ထဲက အဆောင်တွေမှာ နေကြပါတယ်။
 စာမေးပွဲ ဖြေဖို့ သွားမယ်ဆိုရင် မွတ်ဆလင် ရွာတွေကို ဖြတ်ပြီး သွားရမှာ ဖြစ်တဲ့
အတွက်  ဘင်္ဂလီတွေ ရွာကထွက်ပြီး တခုခု လုပ်မလားဆိုပြီး အဲသလို စိုးရိမ်မူမျိုး
တော့ ရှိ နေပါတယ်” ဟု ဆိုသည်။

ယခုအခါ အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဆိုရင်ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ
 ကျောင်းသူကျောင်းသား ၁၀၀၀ နီးပါးခန့် စစ်တွေမြို့ကို ရောက်ရှိနေပြီ အနီးကပ်
သင်တန်းများ တက်ရောက်နေကြပြီ ဖြစ်သည်။

“ ဖြစ်စေချင်တာက လုံခြုံရေးကို ဒီထက် တိုးချထားဖို့ ဖြစ်ပါတယ်။ စာမေးပွဲဆိုတော့
 ကျောင်းသား ကျောင်းသူတွေ အပူအပင်ကင်းကင်းနဲ့ စာမေးပွဲ ဖြေဆိုကြဖို့ လိုတယ်
လေ။ ဒါကြောင့် လုံခြုံရေးကို ကျောင်းသားတွေ သွားလာတဲ့ လမ်းတွေမှာ တိုးချဖို့ လို
တယ်လို့ ထင်ပါတယ်” ဟု သူမက ပြောသည်။

စစ်တွေတွင် ဖြစ်ပွားခဲ့သော အရေးအခင်းများကြောင့် လုံခြုံရေးကို စိုးရိမ်ပြီး မိဘများက
စာမေးပွဲ ဖြေဆိုရင် မလွတ်သည့် ကျောင်းသားများလည်း ကျန်ရှိနေသေးသည်ဟု မနီနီမေမြင့်က ပြောသည်။

“ သမီးတို့ တောင်ကုတ်မှာ လုံးခြုံရေး စိတ်မချလို့  မိဘတွေက စာမေးပွဲ ဖြေဆိုဖို့ မလွတ်တဲ့ ကျောင်းသူတွေ ရှိပါတယ်။ အခုလို မငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာ ပညာ
ရေး တနှစ်နောက်ကျမှာက အရေးမကြီးဘူး၊ သူ့သား သမီးတွေ တခုခု ဖြစ်မှာကို စိုး
ရိမ်ပြီးတော့ မလွတ်တာတွေရှိသလို တခြားမြို့နယ်တွေမှာလည်း ရှိတယ်လို့ ကြား
 သိရပါတယ်။”

စစ်တွေမြို့တွင် ယခုအခါ လုံခြုံရေး အထူး တင်းကျပ်ထားသည်ဟု လုံခြုံရေးအရာရှိ
တစ်ဦးက နိရဉ္စရာသို့ ပြော သည်။“ စစ်တွေမှာက မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ဗလီအတွင်း
မီးလောင်မှုမှာ ရခိုင်နဲ့ မူဆလင်တွေ တဖက်နဲ့တဖက် မယုံ သင်္ခါ ဖြစ်နေတဲ့အချိန်၊
 နောက်ပြီးတော့ နယ်က ကျောင်းသ<_o [ဲဖြေဖို့ ရောက်နေကြတဲ့အချိန်နဲ့
တိုက် ဆိုင်နေတော့ ကျောင်းသားတွေနဲ့ မူဆလင်တွေကြားမှာ ထိပ်တိုက်တွေ့
ဆုံကြပြီး ပြဿနာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီးတော့ လုံခြုံရေးကို အထူး ဆောင်
ရွက်ပေးနေပါတယ်။”

ယခုအခါ အဝေးသင် တက္ကသိုလ်ကျောင်းနှင့် လမ်းတလျှောက်တွင် လုံခြုံရေးချထား
ပေးသော်လည်း အချိန်အ တိုင်းအတာမှာ အားရစရာမရှိဟု အင်္ဂလိပ်စာ ဒုတိယနှစ်
ကျောင်းသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ သူတို့က ကျောင်းတက် ကျောင်းဆင်းတဲ့ လမ်းလုံခြံရေးကို  မနက် ၇ နာရီကနေ ၉
 နာရီထိ တကြိမ်၊ နေ့လည် တစ်နာရီကနေ ၄ နာရီထိဘဲ တာဝန်ယူပါတယ်။ ကျန်တဲ့
အချိန်မှာ တာဝန်မယူဘူးဆိုတော့ သူတို့ တာဝန်ယူတဲ့ အချိန်က သိပ်နည်းတယ်။

ဆရာတွေနဲ့ ကျောင်းသူ/သားတွေအတွက် စိုးရိမ်ရတယ်။ ဒါကြောင့် လုံခြုံရေးကို
အချိန်ပြည့် တာဝန်ယူပေး စေချင်ပါတယ်” ဟု ဆိုသည်။

အဝေးသင် တက္ကသိုလ်ကျောင်းသားများ စာမေးပွဲများ ဖြေဆိုရာတွင် ဘာသာရပ်
အလိုက် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပထ၀ီ၊ အင်္ဂလိပ်စာ၊ သမိုင်းနှင့် စိတ်
ပညာဘာသာရပ်များကို စတင်ဖြေဆိုရ မည်ဖြစ်ပြီး မြန်မာစာ ကိုမူ အဆိုပါ ဘာသာ
ရပ်များ ဖြေဆိုပြီးမှ ဖြေဆိုရမည်ဟု သိရသည်။


သတင်းရင်းမြစ်   နိရဉ္ဇရာ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ