![]() |
ထမင်းစား ကျောင်းဆင်း ချိန်တွင် စစ်ကိုင်း
မြို့နယ်၊ မယ်ဇလီ ချောင်း အုပ်စု၊ ချောင်းဦး
ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ
နေ့ ၁၂နာရီ ၂ဝ အချိန်က မီးလောင်ခံ ရ
ကြောင်း သိရသည်။ ယင်း မီးလောင် မှုမှာ
၄၅မိနစ်ခန့်ကြာမြင့်ပြီး အဆောက် အဦး တစ်ခုလုံး မီးလောင်ကျွမ်း ခံရပြီးမှ
မီးငြိမ်းသွားခြင်း ဖြစ်သည်။
မီးလောင်ခံရသော အဆောက်အဦး မှာ အလျား ၄၅ပေ၊ အနံ ၁၈ပေအရွယ်ရှိ သွပ်မိုး၊
ထရံကာအဆောက် အဦး ဖြစ်သည်။
''မီးလောင်တာက ဆရာမတွေရော၊ ကျောင်းသား၊ ကျောင်းသူတွေမရှိချိန်မှာ လောင်
တာ။ မီးလောင်ချိန်မှာ အနားမကပ်နိုင်လို့ မငြိမ်းသတ်နိုင်ဘဲဖြစ်ရတယ်။ ဒီကျောင်းကို
၁၉၈၈ ကဆောက်လုပ်ခဲ့တာပါ။ အစက ဝါးကပ်မိုး၊ ထရံကာပါ။ ကျောင်း အုပ်ဆရာမ
ကြီး ဒေါ်ဌေးဌေးဆင့် လက်ထက်မှာ သွပ်မိုးဖြစ်လာတာပါ။ စာသင်ဆောင်တစ်ခုလုံး
အလောင်ခံရသလို ထိုင်ခုံ ၁ရလုံး၊ ဗီရိုတွေနဲ့ ကလေးတွေရဲ့ လွယ်အိတ် ၁၄လုံးလည်း
မီးလောင်တဲ့အထဲ ပါသွား ပါတယ်။''ဟု ချောင်း ဦး ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးကျော်
လေးကပြောသည်။
![]() |
ချောင်းဦးကျေးရွာမှာ စစ်ကိုင်းမြို့နှင့် ၁၇ မိုင်ခန့်အကွာတွင်ရှိပြီး ဧရာဝတီမြစ်ကမ်း
နံဘေးရှိ ရွာဖြစ်သည်။ အိမ်ခြေ ၅ဝရှိပြီး အ.မ.ကကျောင်းတွင် ကျောင်းအုပ်ဆရာမ
တစ်ဦး၊ လက်ထောက် ဆရာမတစ်ဦး တို့က ကျောင်းသား၊ ကျောင်းသူ ၃၁ ဦးတို့
အား စာသင်ကြားပေး လျက်ရှိသည်။ မီးလောင်ကျွမ်းမှု ကိစ္စနှင့်ပတ်သတ်၍ စစ်ကိုင်း
မြို့နယ်၊ မင်းကွန်းရဲစခန်းမှ လူမရှိချိန်တွင် လောင်ကျွမ်းခြင်း ဖြစ်သဖြင့် မသင်္ကကာသူ မယ်ဇလီချောင်းကျေးရွာမှ လူတစ်ဦးကို ခေါ်ယူ စစ် ဆေး မေးမြန်း လျက်ရှိကြောင်း
သိရသည်။
''ကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုလှိုင်ဆိုရင် ကျောင်းမီးလောင်ခံရလို့ ငိုရှာတယ်။
ရွာကအိမ်ခြေနည်းတဲ့ ရွာဖြစ်တာတကြောင်း၊ လက်လုပ်လက်စားဆင်းရဲသားတွေ
နေတဲ့ရွာဖြစ်တာ ကြောင့် ကျောင်းသစ်ဆောက်ဖို့ မလွယ်ပါဘူး။ အောက် တိုဘာ ၄ရက်
နေ့က အလှူခံရတဲ့ငွေရယ်၊ လာရောက်လှူဒါန်း တဲ့ငွေရယ်ပေါင်းပြီး ၄ခန်း၊ ၂ခန်းယာယီ
ကျောင်းဆောင်လေး ဆောက်ထား ပါတယ်။
အေ74Yo[ုရင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ် မှာပါ။
စာသင်ခုံ နဲ့ ထိုင်ခုံတွေ လည်း မယ်ဇလီချောင်းနဲ့ ချောင်းဦးရွာကလှူလို့ ထိုက်သင့်
သလောက် ရပြီးပါပြီ။''ဟု မယ်ဇလီချောင်း ကျေးရွာမှ ရာအိမ်မှူးဦးဆွေကပြောသည်။
သတင်းရင်းမြစ်း Yangon Media Group
No comments:
Post a Comment