ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန်သဘောမတူသဖြင့် စိတ်ညစ်ပြီး အသက်
၂၂ ရွယ် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ
အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွား
ခဲ့ကြောင်း သိရသည်။
လက်ထပ်ရန် သဘောမတူသဖြင့် အသက် ၂၂ ရွယ်အမျိုးသားတစ်ဦး မိမိကိုယ်
မိမိ အဆုံးစီရင်ခဲ့မှု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါ
အမျိုးသားမှာ သင်္ကန်းတိုက်တစ်ခုတွင် အလုပ်သမားအဖြစ် လုပ်နေသူဖြစ်
ကြောင်း သိရသည်။
အဆိုပါ အမျိုးသားမှာ ၀ါးခယ်မမြို့ ဧရာဝတီတိုင်းဒေသကြီး နေသူဖြစ်ပြီး ဗဟန်း
မြို့နယ် ရေတာ ရှည်ရပ်ကွက်၊ ရေတာရှည်လမ်းသစ်ရှိ သင်္ကန်းတိုက်တစ်ခုအတွင်း
အောက်တိုဘာလ ၁၉ ရက်နေ့ည ၉နာရီအချိန်တွင် တီဗီအင်တာနာကြိုးအား
နှစ်ခေါက်ခေါက်၍ နေအိမ် အိပ်ခန်းရှိ စာအုပ်စင်တွင် ချည် နှောင်ကာ လည်ပင်း
တွင် နှစ်ပတ်ပတ်ပြီး စာအုပ်စင်ရှေ့ ဆိုဖာပေါ်တွင် ပက်လက်အနေအထားဖြင့်
ကြိုးဆွဲ ချသေဆုံးနေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို ဗဟန်းရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂၂/ ၂၀၁၂ ဖြင့် အမှု
ဖွင့်ပြီး စစ်ဆေး လျက်ရှိသည်။
သတင်းရင်းမြစ်း Eleven Media Group

No comments:
Post a Comment