Tuesday, October 23, 2012
စိန်နှင့် ရွှေထည် ပစ္စည်းများ ခိုးယူခံရမှုကြောင့် အလှပြင်ဆိုင် အတွင်း ၀င်ရောက် ရှာဖွေခဲ့ရာမှ ကျည်ဆံတောင့်များ တွေ့ရှိ
စိန်နှင့် ရွှေထည်ပစ္စည်းများ ခိုးယူ
ခံရမှုကြောင့် အလှပြင်ဆိုင်အတွင်း
တောင့်များ တွေ့ရှိခဲ့ကြောင်း သတင်း
ရရှိသည်။
ကြည်မြင်တိုင်မြို့နယ် အုန်းပင်လမ်း၊ ဈေးကြီးအနောက်ရပ်ကွက်တွင် နေထိုင်သည့် မိသားစုတစ်စုမှာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နေအိမ်အား သော့ပိတ်ပြီး
လှိုင်မြို့နယ်ရှိ မိဘများထံ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ မွှန်းလွှဲပိုင်းတွင် ကြည်မြင်တိုင်မြို့နယ်ရှိ နေအိမ်
ကိုပြန်လာခဲ့ရာ နေအိမ်တံခါးသော့ပွင့်နေပြီး အိပ်ခန်းအတွင်းရှိ ကြိတ်သားဗီဒို
အတွင်းမှ စိန်နှင့်ရွှေထည်ပစ္စည်း(၇)မျိုး  တန်ဖိုးသိန်း ၂၅၀ ကျော် ပျောက်ဆုံး
ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ခိုးယူခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ကြည်မြင်တိုင်မြို့နယ် အုန်းပင်
လမ်းရှိ အလှပြုပြင်ရေးဆိုင်သို့ အောက်တိုဘာလ ၂၁ ရက်နေ့ ည ၈ နာရီကျော်
တွင် ၀င်ရောက်ရှာဖွေခဲ့ရာ ဆိုင်အ တွင်းနေထိုင်သော ရဲရင့်အောင်(အလှပြင်ဆိုင်
 အလုပ်သမား) ၏သေတ္တာ အတွင်းရှိ CHAMP GHAR စာတမ်းပါ နက်ပြာ/
မီးခိုးရောင် ကျောပိုးအိတ်အတွင်းမှ အလျား ၃ လက်မ၊ အနံ ၁.၇၅ လက်မခန့်ရှိ
 သံဗူးဖြင့်ထည့်ထားသော (၉ မမ) ကျည် ၉ တောင့်၊ ၇.၆၂ ကျည်တစ် ထောင့်တို့
အား တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကြည့်မြင်တိုင်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်သန်းလွင်က "အဲဒီ
အလှပြင်ဆိုင်က မြေညီထပ်မှာ ဖွင့်ထားတာပါ။ စိန်နဲ့ ရွှေထည်ပစ္စည်းတွေ ခိုးခံရ
တဲ့ အခန်းက အဲဒီအလှပြင်ဆိုင်တိုက်ရဲ့ ခုနှစ်လွှာက တိုက်ခန်းဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ခိုးခံရတဲ့ ဖြစ်စဉ်ကြောင့် အဲဒီတိုက်မှာရှိတဲ့ အခန်းအားလုံး
ကို ၀င်ရောက်စစ်ဆေးခဲ့တယ်။ အဲဒီအခါမှာ အလှပြင်ဆိုင် အလုပ်သမားဖြစ်တဲ့
အမျိုးသား တစ်ယောက်ရဲ့ သေတ္တာထဲမှာ ကျည်ဆံတောင့်တွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီကျည်ဆန်တောင့်တွေကို မန္တလေးမှာရှိတဲ့ သူ့ရဲ့ဦးလေးဆီက ရထားတယ်
လို့သိရတယ်။ ကျည်ဆန်တွေက လှလို့သိမ်းထားတာပါလို့ သူ့ကိုစစ်ဆေးတဲ့
အခါမှာ ပြောခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
ကျည်ဆန်ရယူခဲ့သည့် မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သည့် ဦးလေးဖြစ်သူ
အား စုံစမ်းစစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်များကို ကြည့်မြင်တိုင်ရဲစခန်း (ပ) ၈၂၁/၂၀၁၂၊ ပုဒ်မ- ၃၈၀နှင့် (ပ)
၈၂၃/၂၀၁၂၊   လက်နက်ပုဒ်မ- ၁၉(စ)ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိ
ရသည်။
သတင်းရင်းမြစ်    Eleven Media Group 
No comments:
Post a Comment
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ