
လပ်ရေးအဖွဲ့ (ကေအိုင်အို) က သဘောတူ လိုက်ပြီလို့ ကေအိုင်အိုခေါင်းဆောင်တွေနဲ့
ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ သွားရောက်
တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ဝင်တွေက ပြောပါ
တယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ကိစ္စ ကေအိုင်အို ဗဟိုကော်မတီဝင်အားလုံး
နဲ့ မနေ့က ဆွေးနွေးရာမှာ သဘောတူညီမှု ရခဲ့တာဖြစ်ပြီး ဒီကိစ္စ အစိုးရကို ပြန်
အကြောင်းပြန်ရမယ်လို့ လိုင်ဇာကို သွားရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
နှစ်ဘက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပဖို့ သဘော
တူထားပြီး ကျင်းပမယ့်ရက်ကိုတော့ ရှေ့တန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေ
အနေတွေပေါ်မှုတည်ပြီး သတ်မှတ်သွားဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။
“ပထမအချက်ကတော့ နိုင်ငံတော်အစိုးရနဲ့ ကမ်းလှမ်းတဲ့အပေါ်မှာ ငြိမ်းချမ်းရေး
ဆွေးနွေးဖို့ သဘောတူတယ် လက်ခံပါတယ်ဆိုတာက တချက်။ ဒုတိယအချက်က
ရွှေလီမြို့မှာ ဆွေးနွေးဖို့ သဘောတူပါတယ် ဆိုတာက တချက်။ တတိယအချက်က
ရက်ကတော့ မသတ်မှတ်ရသေးဘူး။ ရက်သတ်မှတ်ဖို့အတွက်က ရှေ့တန်းမှာ
စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေကို ပြန်သုံးသပ်ပြီးတော့မှ ရက်သတ်မှတ်ဖို့ကို
ပြန်အကြောင်းကြားမယ်လို့ ပြောပါတယ်။ ၂၉ ရက်နေ့က တွေ့ဆုံတုန်းက ကေအိုင်အို
ဥက္ကဋ္ဌ ကိုယ်တိုင်က ပြောတာရှိပါတယ်၊ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးဖို့ သဘော
တူတယ်ဆိုတာ။ အခုလည်း နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖို့ သဘောတူတဲ့
အခြေအနေပေါ့လေ။”
အစိုးရနဲ့ ကေအိုင်အိုတို့အကြား ပြီးခဲ့တဲ့မတ်လက ရွှေလီမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
ကျင်းပခဲ့ပြီးကတည်းက ထပ်မလုပ်နိုင်သေးတဲ့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်
တွေ က ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့အရေး သွားရောက်ကြိုးပမ်းခဲ့တာပါ။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ကေအိုင်အိုအဖွဲ့ထံ အောက်တိုဘာ ၁၀ ရက်
နေ့ နေ့စွဲနဲ့ စာပို့ကာ ရွှေလီနဲ့ မူဆယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းထားပြီးဖြစ်
ပါတယ်။
ကေအိုင်အိုအဖွဲ့ကလည်း ဆွေးနွေးပွဲပြန်စဖို့ကိစ္စနဲ့ ပတ်သက်တဲ့သဘောထားကို အကျိုးဆောင်တွေကတဆင့် အစိုးရကို စာပြန်ပေးပို့ထားတယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးအကျိုးဆောင်တွေကတော့ လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့မှာ
ကျရောက်မယ့် ကချင်လွတ်လပ်ရေး တပ်မတော် နှစ်ပတ်လည် အခမ်းအနားပြီးမှ
ဆွေးနွေးပွဲ ပြန် စတင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment