မြန်မာ့တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အစီအစဉ်ဖြင့် တပ်မတော် နယ်လှည့်
အထူးကု ဆေးအဖွဲ့ မှ ပထမဆုံးအကြိမ် ကရင်နီ(ကယား)
ပြည်နယ်အတွက် အခမဲ့ဆေးကုသမှုကို မြို့နယ်ကျေးရွာ
အလိုက် ကုသပေးနေ တယ်လို့ သိရပါတယ်။
“အခု ကျနော်တို့ တပ်မတော် စစ်ဦးစီးချုပ်ဌာန ကနေ ညွန်ကြားပြီိးတော့ ကယား
ပြည်နယ် အတွက် အခမဲ့ ဆေးကုသမူကို ဒေသမြို့နယ် အလိုက် အခုလို ကျနော်
တို့သွားရောက် ကုသပေးတာပါ. ဘာရောဂါမဆို အကုန်ကုသပေးနေပါတယ်.
အခု ကယားပြည်နယ်က နယ်မြေငြိမ်းချမ်းမူကြောင့် တပ်မတော် ကနေ အခုလို့
ကယားပြည်နယ် အတွက် ပထမဆုံး အနေဖြင့် အခမဲ့ ဆေးကုသမူ ကို ပေးခဲတာ
ပါ. တခြားပြည်နယ် တွေမှာလဲ သူတို့ နယ်မြေ ငြိမ်းချမ်းရှိလာတဲ့ အချိန်ကြရင်လဲ
အခုလိုမျိုး အခမဲ့ ဆေးကုသမူမျိုးတွေကိုလဲ လုပ်ပေးမှာပါ” လို့ ဝန်ထမ်း တဦးက
ပြောပါတယ်။

ဆေးကုသရန်ရောက်လာကြသော မိဘပြည်သူများအားတွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ယခုလို အခမဲ့ဆေးကုသပေးဖို့ ကျေးရွာ အုပ်စုအလိုက် ကြေငြာထားပြီးဖြစ်တဲ့
အတွက် ဒီးမော့ဆိုမြို့နယ် ကျေးရွာ အသီးသီးမှ ဒေသ ခံတွေက ဆေးရုံကို
အဆက်မပြတ် လာရောက်ပြသနေကြတာကို တွေ့ရပါတယ်။ ဒီမောဆိုမြို့နယ်
ဆေးရုံတွင် ပြသ ခဲ့သော ဒေါသဲကျေးရွာမှ ဒေါ် စိန်ချော က “အဒေါ်က မျက်စိ
မကောင်းဘူး နှစ်ခါတော့ ခွဲပြီးပါပြီိး အဲ အချိန်က ကိုယ့်စရိတ်နဲ့ကိုခံပြီိး ကုရတယ်
ဆိုတော့ အတော်ကုန်ခဲ့ပါတယ်။ အခုက တပ်မတော် တို့ အနေနဲ အခုလို အခမဲ့
လာရောက်ကုသပေးတာကို အဒေါ်အနေနဲ ဝမ်းသာတယ်” လို့ ပြောပါတယ်။
အခမဲ့ဆေးကုသမှုတွေကို တပြည်နယ်လုံးပြုလုပ်သွားဖို့ အစီစဉ်ရှိတယ်လို့
သိရပါတယ်။ အခုချိန်မှာတော့ ဒီးမောဆိုမြို့နယ်အတွင်းနဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ
ကျေးရွာအလိုက် ဆေးဝါးတွေ၊ ခေါက်ဆွဲထုတ်တွေ၊ ခြင်ထောင်တွေကို အခမဲ့ဖြန့်
ဝေ ပေးနေတယ်လို့ သိရပါတယ်။

ပြည်သူလူထုတချို့မှ ဆေးကုသဖို့ စောင့်ဆိုင်းနေကြစဉ် (ဓါတ်ပုံ-ကေတီ)

တပ်မတော်မှ အခမဲ့ကုသပေးမှုအစီအစဉ်မှာ ဒေသခံတွေက တန်းစီပြီး လာရောက်ပြသနေကြစဉ် (ဓါတ်ပုံ-ကေတီ)
သတင်းရင်းမြစ်း ကန္တာရဝတီတိုင်း(မ်)
သတင်းရင်းမြစ်း ကန္တာရဝတီတိုင်း(မ်)

No comments:
Post a Comment