
စိစစ်ရေးတင်ပြီး ခွင့်ပြုချက်ရယူစရာ မလိုတော့ကြောင်း
မြန်မာနိုင်ငံ ဂီတအစည်းအရုံး အထွေထွေ အတွင်းရေးမှူး
မဖြူဖြူကျော်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
ဂီတအစည်းအရုံးအောက်မှာ စာသားစိစစ်ရေးနဲ့ မှတ်ပုံတင်ရေး ကော်မတီကို
ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီကိုပဲ တင်ပြရမှာ ဖြစ်ပါတယ်။ ဒီကော်မတီဟာ
တင်ပြလာတဲ့ သီချင်းစာသားတွေကို ပိတ်ပင်ဖြတ်တောက်တာ လုံးဝ လုပ်မှာ
မဟုတ်ပဲ ဂရိတ်ခွဲခြား သတ်မှတ်တာလောက်ပဲ လုပ်မှာဖြစ်ပါတယ်။
လူတိုင်းနားထောင်နိုင်တာတွေကို အေ၊ ၁၈ နှစ်အထက်တွေပဲ နားထောင်သင့်
တာဆို ဘီ၊ စီ စသဖြင့် သတ်မှတ်ပေးသွားမယ်လို့ ကော်မတီဝင်တဦးဖြစ်တဲ့
တေးရေးရွှေဂျော်ဂျော်က ပြောပါတယ်။
အရင် စစ်အစိုးရလက်ထက်တုန်းကတော့ သီချင်းစာသားတွေ စိစစ်ဖြတ်တောက်
တာ၊ တပုဒ်လုံးကို ပိတ်ပင်တာတွေ လုပ်လေ့ရှိပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment