Monday, October 15, 2012

ရဲတပ်ရင်းများတွင် လက်ဝှေ့ပွဲ လက်မှတ်များ အတင်းအဓမ္မ ရောင်းချခိုင်းလျက်ရှိ

ရန်ကုန်တိုင်း၊ ရဲတပ်ရင်းများ ကွပ်ကဲမှု 
အဖွဲ့ လက်အောက်ရှိ ရဲတပ်ရင်းများတွင်
 တာဝန်ထမ်းဆောင် လျက်ရှိသော ရဲတပ်
ဖွဲ့ဝင်များအား အထက်ဖော်ပြပါ လက်ဝှေ့
ပွဲ လက်မှတ်များအား တပ်ရင်းတစ်ခုလျှင်

 စောင်ရေ (၂၀၀)ကျော်ခန့် အတင်းအဓမ္မ ရောင်းချခိုင်းလျက် ရှိပါသည်။

ရဲတပ်ရင်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များမှာ မိမိတို့
လစာဖြင့် မနည်းစားလောက်အောင် ကြိုးစားရုန်းကန်နေရသဖြင့် အထက်လူကြီး
များမှ အမိန့်ဖြင့် ရောင်းချခိုင်းသော လက်ဝှေ့ပွဲလက်မှတ်များကြောင့် စိတ်ဆင်းရဲ
လျက်ရှိပါသည်။












လက်ဝှေ့လက်မှတ်ဖိုး များအား လစာများမှ ဖြတ်တောက်ကာ ပေးနေရခြင်း ဖြစ်
ပါသည်။ အထက်လူကြီးများသည် အောက်ခြေရဲတပ်ဖွဲ့ဝင်များအား အမိန့်အမျိုး
မျိုးဖြင့် ညှင်းပန်းနှိပ်စက်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ ဝင်တစ်ဦးမှ Myanmar News
Now ကို ပြောပါသည်။


သတင်းရင်းမြစ်    သစ်ထူးလွင်     

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ