ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် ကြံခိုင်ဖွံဖြိုး
ရေးပါတီရဲ့ ညီလာခံမှာ ပါတီဥက္ကဌအသစ်ရွေးချယ်
မှာ မဟုတ်ဘူးလို့ ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်သောင်းက RFA ကို ပြောပါတယ်။
လက်ရှိ ကြံခိုင်ရေးပါတီရဲ့ ဥက္ကဌဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန်ကပဲ
ဆက်ပြီးတာဝန်ယူ
မှာဖြစ်တယ်လို့ ပြောပါတယ်။ အခုကြံ့ခိုင်ဖွံ့ဖြိုးရေး ညီလာခံကနေ ဥက္ကဌအသစ်
ရွေးချယ်မှာဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတစ်ချို့က ရေးသားကြပါတယ်။
ကြံခိုင်ရေးပါတီအတွက် ဒီအစည်းဝေးကနေ လမ်းညွန်ချက်တွေချမှတ်မှာဖြစ်တဲ့အတွက်
ဒါဟာ လာမယ့် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲအတွက် အရေးကြီးတယ်လို့လည်း ဦးအောင်သောင်းက ပြောပါတယ်။
အခုကျင်းပမယ့် ညီလာခံဟာ ရွေးကောက်ပွဲအပြီး လွှတ်တော်တွေမှာ အမတ်အများ
စုနေရာရထားတဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီရဲ့ ပထမဆုံး ညီလာခံလည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်း RFA
No comments:
Post a Comment