
ထားခဲ့သည့် မဟာမိတ် လေယာဉ်များကိုပြန်
လည်တူးဖော်လျက်ရှိရာ Spitfire အမျိုးအစား
တိုက်လေယာဉ် အစီး ၆ဝ ဆက်လက်တူး
ဖော်သွားရန်ရှိကြောင်းသိရှိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့က မြန်မာ့လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊
ရွှေတောင်ပေါ်ကုမ္ပဏီလိမိတက် (STP)နှင့် ဗြိတိန်နိုင်ငံမှ DJC ကုမ္ပဏီတို့
နေပြည်တော်ရှိ တော်ဝင်ကုမုဒ္ဒြာဟိုတယ်၌ လက်မှတ်ရေးထိုးလိုက်သည့်
စာချုပ်မှာ စစ်အတွင်း မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် လေယာဉ်၊ လေယာဉ်
နှင့် ဆက်စပ်ပစ္စည်း ကိရိယာများကိုပြန်လည်တူးဖော်၍ ပြုပြင်တပ်ဆင်ရန် ဖြစ်သည်။
“လေယာဉ်တွေကို ပြန်လည်တူးဖော်ခဲ့တာ ဟိုး လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်း
ကပါ။ အဲဒီတုန်းက လေယာဉ်ရဲ့ အစအနတွေလောက်ပဲ ရှာနိုင်ခဲ့တယ်။ စာချုပ်မချုပ်
ခင်အထိ အစီး တရာခန့် ရှာဖွေနိုင်ခဲ့တယ်။ အဲဒီတုန်းက နည်းပညာတွေရယ် နောက်
ပြီး Apple ကုမ္ပဏီက နည်းပညာတွေရယ် ပေါင်းလိုက်တော့ ရှာရတာ ပိုပြီးလွယ်သွား
တယ်” ဟု လေယာဉ်တူးဖော်ရေးတွင် ပါဝင်သည့် မြန်မာပညာရှင် ဦးစိုးသိန်း က
ပြောသည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗြိတိသျှ တော်ဝင်လေတပ်နှင့် မဟာမိတ်တပ်များ
အသုံးပြုခဲ့ပြီး ဂျာမန်နှင့် ဝင်ရိုးတန်းနိုင်ငံများအား အနိုင်တိုက်ရာတွင် အရေးပါခဲ့သည့်
တယောက်ထိုင် Spitfire တိုက်လေယာဉ်များကို ယခုခေတ် ဗြိတိသျှလူငယ်များ ဂုဏ်ယူနိုင်ရန်အတွက် ပြတိုက်များတွင် ထားရှိပေးရန် ရှိကြောင်း သိရသည်။
“Spitfire တွေဟာ ဗြိတိန်နိုင်ငံသားတွေအတွက် Hero (သူရဲကောင်း)တွေပါ။ ဒီ
လေယာဉ်တွေက စက်နှိုးတာနဲ့ရွေ့နိုင်တဲ့ အတွက် တိုက်ခိုက်ရေးမှာ အလွန် ကောင်း
ခဲ့တာပါ။ ဂျာမန်လေယာဉ်တွေကို အနိုင်တိုက်နိုင်ခဲ့တယ်” ဟု ဘူမိဗေဒဌာန အငြိမ်း
စားပါမောက္ခ ဦးစိုးသိန်း က ပြောသည်။
စစ်အတွင်း မြန်မာပြည်တွင်လည်း ဂျပန်တို့အုပ်စိုးမှုအား ဗြိတိန်နှင့် မဟာမိတ်များက
အဆိုပါ Spitfire လေယာဉ်များဖြင့် ပြန်လည်တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း
ဦးစိုးသိန်း က ဆိုသည်။
“လေယာဉ်တွေရဲ့ တောင်ပံ၊ ဘီး၊ ကိုယ်ထည် စတာတွေကို သပ်သပ်စီ သေတ္တာတွေနဲ့ ထုပ်ပိုးပြီး မြန်မာပြည်ကို သယ်လာခဲ့တာ” ဟု ဆိုသည်။
သို့သော် ထိုစဉ် အမေရိကန်က ဟီရိုရှီးမားနှင့် နာဂာဆကီမြို့ကြီးများပေါ် အနုမြူဗုံး ကျဲ
ချပြီးနောက် ဂျပန်များ တရားဝင် လက်နက်ချသွား၍ အဆိုပါSpitfire လေယာဉ်ပျံများ
မြန်မာပြည်စစ်မြေပြင်တွင် အသုံးမလို ဖြစ်ခဲ့ရသည်။ ထို့နောက် ဗြိတိန် စစ်သေနာပတိချုပ်
မောင့်ဘတ်တန် ၏ အမိန့်ဖြင့် မြန်မာပြည်တွင်းမှာပဲ သေတ္တာလိုက် မြှုပ်ခဲ့ရ သည်ဟု
ဆိုသည်။
“အဲဒီမှတ်တမ်းတွေက ဗြိတိန်မှာ ရှိနေတယ်။ မြေမြှုပ်တုန်းက ပါဝင်ခဲ့တဲ့ အမေရိကန်
စစ်သားဟောင်းတွေရဲ့ လက်ထဲ မှာလည်း ဒီမှတ်တမ်းတွေ ရှိနေတယ်။ အဲဒီ မှတ်တမ်းတွေရယ်၊ ခေတ်မီနည်းပညာတွေရယ် ပေါင်းပြီး ပြန်ရှာနိုင်ခဲ့တာ ပါ” ဟု
ဘူမိဗေဒ ပညာရှင် ဦးစိုးသိန်း က ရှင်းပြသည်။
ထိုသို့ မြန်မာနိုင်ငံတွင်း မြှုပ်နှံကျန်ရစ်ခဲ့သည့် Spitfire လေယာဉ်များ ပြန်လည်
တူးဖော်ရန် သမ္မတ ဦးသိန်းစိန်နှင့် သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်းလည်း ဧပြီလ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း က ပြောဆို
ခဲ့ဖူးသည်။
ထိုသဘောတူညီချက်ရပြီး ၆ လ အကြာတွင် ယခုကဲ့သို့ မြန်မာ့လေကြောင်း
ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီလိမိတက် (STP)နှင့် ဗြိတိန်နိုင်ငံမှ
DJC ကုမ္ပဏီတို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြခြင်း ဖြစ်သည်။
သတင်းရင်းမြစ်း မဇ္ဈိမ
No comments:
Post a Comment