
ပုဂ္ဂလိကသို့ လွှဲပြောင်းရန် စီစဉ်နေခြင်းနှင့်
ရုံးခွန်၊ တံဆိပ်ခွန်များ အဆ ၁၀၀ အထိတိုးမြှင့်
ကောက်ခံခြင်းကို ကန့်ကွက်သည့် အနေဖြင့် ဆန္ဒထုတ်ဖော်ရန် တောင်းဆိုထားရာ ခွင့်ပြု
ချက်ရပြီဖြစ်သောကြောင့်
သွားမည်ဖြစ်ကြောင်း ရှေ့နေများ ကွန်ရက်မှ သတင်းထုတ်ပြန်သည်။
ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၁၇ ရက် နံနက် ၁၀ နာရီ တွင်မှ ၁၁ နာရီခွဲထိ တစ်နာရီခွဲကြာ ပြုလုပ်သွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါနေ့တွင် တိုင်းဒေသကြီး တရားလွှတ်တော်(ယခင် High Court) တည်ရှိရာ
မဟာဗန္ဓုလ ပန်းခြံလမ်းတွင် စတင်စုဝေးမည်ဖြစ်ပြီး ယင်းလမ်းတစ်လျှောက်
လမ်းလျှောက်ပြီး ဘဏ်လမ်းရှိ ယခင်စုပေါင်းတိုင်းတရားရုံးကြီး အနောက်ဘက်ခြမ်း
သို့ သွားရောက်မည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဆန္ဒထုတ်ဖော်ဖို့ ရှေ့နေ ၂၀၀ နဲ့ ၂ နာရီကြာလုပ်ဖို့ တောင်းဆိုတာ လူ ၁၅၀ နဲ့
“ဆန္ဒထုတ်ဖော်ဖို့ ရှေ့နေ ၂၀၀ နဲ့ ၂ နာရီကြာလုပ်ဖို့ တောင်းဆိုတာ လူ ၁၅၀ နဲ့
အချိန် တစ်နာရီခွဲပဲ ခွင့်ပြုတယ်” ဟု ရှေ့နေများကွန်ရက်မှ တရားရုံးချုပ်
ရှေ့နေဦးကြီးမြင့်က ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ တစ်နိုင်ငံလုံးမှ ရှေ့နေများပူးပေါင်းပါဝင်ရန် ဖိတ်
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ တစ်နိုင်ငံလုံးမှ ရှေ့နေများပူးပေါင်းပါဝင်ရန် ဖိတ်
ခေါ်ကြောင်း ဦးကြီးမြင့်က ပြောသည်။ ဆန္ဒထုတ်ဖော်ရာတွင်လည်း ရှေ့နေများ
အနေဖြင့် တိုက်ပုံအနက်ဝတ်ဆင်ကာ“ဂုဏ်သိက္ခာအရှိဆုံးနှင့် စည်းကမ်းအရှိ
ဆုံးဖြင့် ပါဝင်ရန်”ရှေ့နေများ ကွန်ရက်က နှိုးဆော်ထားသည်။
ရှေ့နေများ ကွန်ရက်က ဦးဆောင်ကန့်ကွက်ခြင်းဖြင့် အမျိုးသားယဉ်ကျေးမှု
ရှေ့နေများ ကွန်ရက်က ဦးဆောင်ကန့်ကွက်ခြင်းဖြင့် အမျိုးသားယဉ်ကျေးမှု
အမွေအနှစ်များ ပစ္စည်းအဖြစ် ကြေညာထားပြီးဖြစ်သော ရန်ကုန်တိုင်း
ဒေသကြီး တရားလွှတ်တော်အဆောက်အအုံ (ယခင်တရားရုံးချုပ်အဆောက်
အအုံ)နှင့် ကမ်းနားလမ်းရှိ ရန်ကုန် အရှေ့၊ အနောက် ခရိုင်တရားရုံး (ယခင်
ရန်ကုန်တိုင်းတရားရုံးကြီး) တို့ကို ပြတိုက်နှင့် ဟိုတယ်အဖြစ် ပြောင်းလဲမည့်
အစီအစဉ်နှင့် ရုံးခွန်၊ တံဆိပ်ခွန်များအဆ ၁၀၀ တိုးမြှင့်ကောက်ခံခြင်းတို့
ကို အစိုးရအနေဖြင့် အရေးတယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဟု မျှော်လင့်ကြောင်း ဦးကြီးမြင့်က ပြောသည်။
သတင်းရင်းမြစ်
း 7 days News
Journal
No comments:
Post a Comment