Wednesday, October 3, 2012

လောပီတ ရေအား လျှပ်စစ်စီမံကိန်း တလျောက်ရှိ မြေမြှပ် မိုင်းများအား ဖယ်ရှား ပေးရန် ဒေသခံများက တောင်းဆို

လုံခြုံရေးအကြောင်းပြကာ  မြှပ်နှံ  ထားသည့်
 လောပီတရေအားလျှပ်စစ်စီမံကိန်းတလျောက်
ရှိမြေမြှပ်မိုင်းများအားဖယ်ရှားပေးရန် ကယား
ပြည်နယ်ဒေသခံ များက  တောင်းဆိုလျှက်
ရှိနေကြသည်။


၁၉၉၆ ခုနှစ်မှ့စတင်ကာ ကယားပြည်နယ်မြောက်ပိုင်းဒေသတွင်း စတင်တည်
ဆောက်ခဲ့သည့် လောပီတရေအားလျှပ်စစ် စီမံကိန်းတစ်လျှောက်ရှိ အဆောက်
အအုံ များနှင့် လျှပ်စစ်ကြိုးများသွယ်တန်းရာ ဓါတ်မီးတိုင်များတစ်လျှောက်၌ 
လုံခြုံရေးအတွက်ဆိုကာ မြှပ်နှံထားခဲ့သည့် မြှေမြှပ်မိုင်းများကြောင့် ဒေသခံပြည်သူ
များမှာ အသက်သေကြေသည် အထိ့ ထိခိုက်ဒဏ်ရာရမှုများ ယခုတိုင်ဖြစ်ပေါ်
နေသည့်အတွက် ကြောင့် ဘ၀လုံခြုံမှုမရှိသည့်အနေထားများမှ့ကင်းဝေးစေရေး
အတွက်ကို ယခုကဲ့သို့တောင်းဆိုနေကြရခြင်းဖြစ်သည်ဟု ကယားပြည်နယ်ဖွံဖြိုးရေး
အတွက်လိုက်လံဆောင်ရွက်နေသည့် ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်မှ့ အဖွဲ့ဝင် ကိုသော်ရိန်ကအောက်တိုဘာ၂ရက်ကရန်ကုန်စီတီးစတားဟိုတယ်တွင်ပြုလုပ်သော
စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။  




သတင်းရင်းမြစ်    Popular Myanmar News    

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ