
ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ပြည်နယ်ရုံး
မှာ လွိုင်ကော်မြို့မှာ အခုရက်ပိုင်းအတွင်း ဆိုင်ကယ်
ယာဉ်မောင်းလိုင်စင်တွေ လာရောက်လျှောက်
ထားတဲ့ သူတွေ အလုယက် လာရောက်
ပြုလုပ်နေကြတာကို တွေ့ရပါတယ်။
ပြည်နယ် အစိုးရအမိန့်အဖြင့် ယဉ်ထိန်းရဲတွေကနေပြီး လွိုင်ကော်မြို့ပေါ်မှာ စည်းကမ်းမဲ့မောင်းနေတဲ့သူတွေကို ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်
တွေ အတင်းအကျပ်စတင် စစ်ဆေးဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေပြီဖြစ်လို့
ယာဉ်မောင်း လိုင်စင်တွေ ပြုလုပ်ပေး နေရတာဖြစ်တယ်လို့ (က.ည.န)ရုံးမှ
ဝန်ထမ်းတဦးက ပြောပါတယ်။
“အခု ဖမ်းခိုင်းတာကတော့ ဝန်ကြီးချုပ်ကိုယ်တိုင်က ဖမ်းခိုင်းနေတယ်။ သူတို့
ရုံးကဖမ်းခိုင်းတာမဟုတ်ဘူး။ တချို့ လူထုတွေက သူတို့ ဖမ်းခိုင်းတယ်လို့ ထင်
မှားနေကြတယ်။”
ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်တွေ ပြုလုပ်ဖို့လျှောက်ထား သူတွေအတွက် နေ့
စဉ်နှင့်အမျှ သင်တန်းပို့ချပေးနေတဲ့ ဝန်ထမ်းတဦးက သင်တန်းပို့ချနေစဉ် ပြော
ကြားခဲ့ခြင်းဖြစ်ပါတယ်။
အခု ဆိုင်ကယ်ယာဉ် မောင်းလိုင်စင်တွေကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့
နယ် မိုးဗြဲတွေဘက်က သူတွေလည်း လွိုင်ကော်မြို့တွင် လာရောက်ပြုလုပ်ကြ
လို့ လူတွေပိုများလာတယ်လို့ ယာဉ်မောင်းလိုင်စင် ထုတ်ပေးတဲ့ ဝန်ထမ်းတဦး
က ပြောပါတယ်။
ယာဉ်မောင်းလိုင်စင် ပြုလုပ်နေစဉ်အတောအတွင်းမှာ ယာဉ်မောင်းလိုင်စင် မရှိ၍ လိုင်စင်ပြုလုပ်ရန် လျှောက်ထားဆဲဖြစ်သည့် လွိုင်ကော်မြို့နယ်မှ ဒေသခံတဦးက
လမ်းတွင် ယာဉ်ထိန်းရဲစစ်ဆေးရာတွင် ဒဏ်ငွေတပ်ခံရသေးလို့ ပြောပါတယ်။
"အခုက ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်ကို သူတို့ လုပ်ပေးတယ် လုပ်လို့
တစ်ရက်ထဲ နဲ့ ပြီးအောင် မလုပ်ပေးနိုင်ဘူး လူတွေ အရမ်းများနေတော့ သူတို့က
နောက်ရက်ပြန်ချိန်းတယ် နောက် ယဉ်ထိန်းရဲတွေက လမ်းမှာစောင့်ဖမ်းတယ် ရက်ချိန်းရှိလို့ ပြန်သွားယူပြောတာလဲ မရဘူး ဆိုင်ကယ်ကို သူတို့ ၅ ရက် ချုပ်ထား
ပြီးတော့ ဒဏ်ငွေ ၂ သောင်းကျပ်နဲ့ ပြန်ရွေးခိုင်းတယ်"လို့ ပြောပါတယ်။
တချို့သော ယာဉ်ထိန်းရဲတွေကနေပြီး ယာဉ်စည်းမျဉ်းစည်းကမ်းအတိုင်း မလုပ်
ဆောင်တာတွေ ရှိပါတယ်။ဆိုင်ကယ် ညစ်ပတ်နေတာတို့ နောက် လူစီးဖို့ ခြေနှင်း
မခေါက်ပဲ ချထားတာတို့ကိုတော့ ကျမတို့ ကနေဖမ်းခိုင်တယ်လို့ လူထုတွေက
ကျမတို့ကို ပြောလာပါတယ်. အဲတာတွေက ကျမတို့ မဖမ်းခိုင်းပါဘူး။ အဲတာတွေ
ယဉ်စည်းကမ်းစည်းမျဉ်းထဲ မှာလဲ မရှိပါဘူး.တချို့ ယဉ်ထိန်းရဲတွေက ရိုက်စား
နေတာ ဖြစ်တယ်လို့ (က.ည.န) ရုံးမှ ဝန်ထမ်း တစ်ဦးက ရှင်းပြပါတယ်။
ကရင်နီပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင်တွေ၊ ယာဉ်မောင်းလိုင်စင်တွေ ပြု
လုပ်ပေးနေပြီဖြစ်လို့ လွိုင်ကော်မြို့ရဲ့ နေရာတိုင်းမှာ ယာဉ်ထိန်းရဲတွေက
ဆိုင်ကယ်လိုင်စင်တွေကို စစ်ဆေးလျက်ရှိနေပေမဲ့လို့ နယ်စပ်ဘက်ကနေ
တရားမဝင်ရောက်လာတဲ့ လိုင်စင်မဲ့ ကားတွေကတော့ တဖြည်းဖြည်းများလာပြီး လိုင်စင်တွေစီစဉ် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရပါတယ်။
သတင်းရင်းမြစ်း ကန္တာရဝတီတိုင်း(မ်)
No comments:
Post a Comment