
နယူးယောက် မြန်မာမိသားစုများတွေ့
ဆုံပွဲကို ၂၀၁၂၊ စက်တ်ဘာ ၂၉ ရက်
နေ့ ည ၇ နာရီမှ ၉ နာရီခွဲအထိ ကျင်းပ
ခဲ့ရာ ပရိသတ် ၈၀ ကျော် တက်ရောက်
ခဲ့ပါတယ်။
ဦးစိုးသိန်းနဲ့အတူ
မြန်မာသမ္မတအကြံပေးအဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဒေါက်တာ
ကျော်ရင်လှိုင်နဲ့
ဦးလှမောင်ရွှေ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး
ဦးသန်းဆွေတို့
တက်ရောက်ခဲ့ပါတယ်။
ထို ဆွေးနွေးပွဲကို သမ္မတအကြံပေးတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက စီစဉ်ခဲ့တာ
ဖြစ်ပြီး မြန်မာနိုင်ငံကို မကြာမီက ပြန်သွားခဲ့တဲ့ ဒေါက်တာနိုင်အောင်နဲ့
ဒေါက်တာ
သောင်းထွန်း၊ Myanmar US Chamber of Commerce ဥက္ကဋ္ဌ William H. Su
(ဦးသိန်းဟန်)၊ Open Society Institute က ဦးဇော်ဇော်၊
ကိုလံဘီယာတက္ကသိုလ်
တွင် ပညာသင်ကြားနေတဲ့ မြန်မာလူငယ်များ အပါအ၀င် ပရိသတ် ၈၀
ကျော်
တက်ရောက်ခဲ့ပါတယ်။
ထို ဆွေးနွေးပွဲတွင် ဦးစိုးသိန်းက လက်ရှိ မြန်မာအစိုးရ လုပ်ကိုင်နေတဲ့
ပြုပြင်ပြောင်းလဲမှုများနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း
ပြောကြား
ခဲ့ပါတယ်။ ထိုသို့ ပြောကြားရာတွင် “လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က
ခင်ဗျားတို့
လာပြောရင် ဒီနေ့ အခြေအနေဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောမယ်။
ဒါပေမယ့်
ဒီနေ့ ဒီလို ဖြစ်လာတယ်၊ အများကြီး ပြောင်းလဲ လာတယ်။“ လို့
ဆိုပါတယ်။
ထို့အပြင် မြန်မာနိုင်ငံ ပြုပြင်
ပြောင်းလဲရေးလုပ်ငန်းများအား သေသေချာချာ ရှင်းပြခဲ့သလို
ပြည်ပနိုင်ငံများတွင် နိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားများ
မြန်မာနိုင်ငံတွင် ပြန်လည် အခြေချပြီး လုပ်ကိုင်နိုင်ရန်
အမြဲတမ်းနေထိုင်ခွင့်
(Permanent Resident) ကိစ္စ ဆောင်ရွက်နေကြောင်းလည်း
ပြောသွားပါတယ်။ ထို့အတူ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးအတွက်
လုပ်ကိုင်ရန် အများကြီး
လိုအပ်နေကြောင်း၊ ဒါ့ကြောင့် ပြည်ပရောက်
မြန်မာနိုင်ငံသားများအနေနဲ့
မြန်မာနိုင်ငံကို ပြန်လာပြီး လုပ်ငန်းများ
လုပ်ကိုင်စေလိုကြောင်း ဖိတ်ခေါ်
သွားပါတယ်။
နယူးယောက်ဒေသတွင် နေထိုင်တဲ့ မြန်မာနိုင်ငံသားများက မေးခွန်းများ
ပြန်လည်
မေးမြန်းကြတဲ့အခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အခြေအနေ၊
ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နိုင်ခြေ၊ ပညာရေးလုပ်ငန်းများတွင်
အကူအညီ
ပေးနိုင်တဲ့ အခြေအနေ၊ နိုင်ငံရေး အကျဉ်းသားကိစ္စများသာမက ပြုပြင်
ပြောင်းလဲရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ အမြင်များ၊ သိလိုတဲ့
အချက်
အလက်များကို မေးမြန်းသွားခဲ့ရာ ၀န်ကြီး ဦးစိုးသိန်းက ရှင်းလင်း ပြောကြား
သွားသလို ဒေါက်တာကျော်ရင်လှိုင်၊ဦးလှမောင်ရွှေတို့ကလည်း
ဖြည့်စွက်
ပြောကြားသွားပါတယ်။
တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ မတ်လ ၂ ရက်နေ့မှ
စတင်ပြီးဒီကနေ့အချိန်အထိ မြန်မာထိပ်တန်းခေါင်းဆောင်များအနေနဲ့
ပြည်ပရောက်
မြန်မာအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံကာ ပွင့်ပွင့်လင်းလင်း
ပြောကြားခြင်း
မရှိသလောက် နည်းပါးခဲ့ပါတယ်။
သို့သော်လည်း သမ္မတဦးသိန်းစိန်ရဲ့
အမေရိကန်ပြည်ထောင်စု ခရီးစဉ်အ
တွင်းမှာတော့ ၀ါရှင်တန် ဒီစီနဲ့
နယူးယောက်မြို့များရှိ မြန်မာအသိုင်းအ၀ိုင်း
နဲ့ မြန်မာ ထိပ်တန်း
တာဝန်ရှိသူများ တွေ့ဆုံကာ အစိုးရရဲ့လုပ်ငန်းဆောင်
တာများ၊
ရှေ့လုပ်ငန်းစဉ်များကို ရင်းရင်းနှီးနှီး ပြောကြားခဲ့ကြတာကို တွေ့
ရပါတယ်။
ဝန်ကြီး ဦးစိုးသိန်းနဲ့ တွေ့ဆုံပွဲကတဆင့် မြန်မာပြည် ပြုပြင်
ပြောင်းလဲရေး
အတွက် ဆောင်ရွက်ဘွယ်ရာ လုပ်ငန်းများစွာ ကျန်ရှိနေသေးကြောင်း
နား
လည်လိုက်ရသလို မြန်မာပြည်တွင်းက ပြုပြင်ပြောင်းလဲရေး လိုလားသူများ
အနေနဲ့
7:uOYCwဏ်စွမ်း ရှိသလောက် ဆောင်ရွက်နေကြောင်း သိလိုက်
ရပါတယ်။
သတင်းရင်းမြစ်း Burma Today
No comments:
Post a Comment