Saturday, October 20, 2012

မူးယစ် ဘိန်းစာရွက်မှုများ မွန်ပြည်နယ်တွင် စတင်ဖမ်းဆီးနေ

မွန်ပြည်နယ်အတွင်းရှိ လူငယ်များ တွင်ကျယ်စွာ
 သုံးစွဲနေသည့် ဘိန်းစာရွက်နှင့် ပတ်သက် ၍ ပြည်
နယ် လွှတ်တော်တွင် ဆွေးနွေးပြီး နောက်ပိုင်း စိုက်
ပျိုး ရောင်းချသူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း
 သံဖြူဇရပ် ရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။








စက်တင်ဘာလ ၂၇ ရက်နေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတခုတွင်
“ဘိန်းစာရွက်ကို ကျန်းမာရေး ဝန်ကြီး ဌာနမှ မူးယစ်ဆေးအဖြစ် သတ်မှတ်
aကြညာပြီး ဖြစ်၍ ဖမ်းဆီး အရေးသွားမည်” ဟု ပြန်လည်ဖြေကြားပြီး နောက်
ပိုင်း စိုက်ပျိုး ရောင်းချသူများကို ဖမ်းဆီးခြင်း ဖြစ်သည်။

“ဒီဘိန်းစာရွက်အကြောင်း ကျနော်တို့ သံဖြူဇရပ်က ဦးနိုင်ဦး လွှတ်တော်မှ
 တင်ပြီးတာနဲ့ မနက်ဖြန်လို စဖမ်းတာပဲ။ အခု သိပ်မလှုပ်ရဲကြတော့ဘူး” ဟု
သံဖြူဇရပ်မြို့မှ ကိုမင်းအောင် က ပြောသည်။

စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် သံဖြူဇရပ်မြို့
နယ် ကျုံကရုတ်ကျေးရွာနှင့် မြို့ပေါ်မှ ဘိန်းစာရွက် စိုက်ပျိုးသူနှင့်  ရောင်းချ
သူ နှစ်ဦးနှင့် ရောင်းချသူ လေးဦးကို သံဖြူဇရပ် ရဲစခန်းက ဖမ်းဆီးထားကာ
 မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေဖြင့်
တရားစွဲဆိုထားကြောင်း ရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။

သံဖြူဇရပ် ရဲစခန်းမှ ဒု-ရဲအုပ် နေယုဆန်းနှင့် အဖွဲ့က ကျုံကရုတ်ရွာရှိ ဦးဝင်းထွေး
 နှင့် ဦးမောင်ကြည် တို့၏ နေအိမ် များမှ ဘိန်းစာရွက်၊ ဘိန်းစာရွက်ပင်၊ ပျိုးပင်၊
 ပျိုးထောင်ရန် အတွက် ပိုင်းဖြတ်ထားသည့် အကိုင်းနှင့် ဘိန်းစာရွက်ရောင်းချ
၍ ရရှိခဲ့သည်ဟု ယူဆရသည့် ငွေကြေးများ သိမ်းဆီးသွားခဲ့သည်ဟု နီးစပ်သူ
များက ပြောသည်။

“သူတို့ကတော့ စိုက်လည်း စိုက်တယ်။ ရောင်းလည်း ရောင်းတယ်။ သုံးစွဲထားမှု
 ရှိ မရှိ ဆေးစစ်ချက် ရဖို့ ရန်ကုန်ကို ဆီးပို့ထားတယ်” ဟု နီးစပ်သူတဦးက ပြော
သည်။

ဖမ်းဆီးခံထားရသူများကို မော်လမြိုင်ထောင်တွင် ရမန်ကြီး နှစ်ပတ်ဖြင့် ချုပ်နှောင်
ထားဆဲ ဖြစ်ပြီး မကြာမီ စီရင်ချက် ချမည်ဟု ဆိုသည်။

သံဖြူဇရပ်မြို့နယ် အတွင်းတွင် စွပ်ပလောင်၊ ကော့လေး၊ ထင်းရူး၊ ကျုံကရုတ်၊ ပင
 စသည့် ကျေးရွာ အတော်များများ တွင် ဘိန်းစာရွက်ကို စီးပွားဖြစ် စိုက်ပျိုး ရောင်း
ချလျက် ရှိပြီး ပေါက်ဈေးမှာ တရွက်လျှင် ၂ဝဝ ကျပ်မှ ၃ဝဝ ကျပ်ထိ ရှိသည်ဟု
 ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦး က ပြောသည်။

“ရေးမြို့နယ် ဘက်မှာလည်း ဖမ်းနေပြီ။ ရောင်းတဲ့လူ တယောက် အဖမ်းခံထားရ
တယ်လို့ ကြားတယ်” ဟု ပြောသည်။

ဘိန်းစာရွက်ကို အရပ်သား လူငယ်များသာမက တက္ကသိုလ်နှင့် အထက်တန်း
 ကျောင်းသားများပါ သုံးစွဲနေကြ သည်ဟုလည်း သူက ပြောသည်။

မုဒုံမြို့နယ်ဘက်တွင်မူ ဘိန်းစာရွက်နှင့် ပတ်သက်ပြီး ဖမ်းဆီးအရေးယူခြင်း မရှိ
aသးသည့်အတွက် လူငယ်အတော် များများ အတင့်ရဲစွာ သုံးစွဲနေဆဲ ဖြစ်သည်ဟု
ကလော့သော့ရွာမှ အမျိုးသမီးကြီးတဦးက ပြောသည်။

ဘိန်းစာရွက်ပင်သည် ကြီးထွားနှုန်း မြန်ဆန်သည့် နှစ်ရှည်ပင်ဖြစ်ပြီး၊ နှစ်နှစ်အရွယ်
တွင် အရွက်ကို စတင်သုံးစွဲနိုင် သည်။ ဘိန်းစာရွက်ကို ကျိုချက်ထားသည့် သတ္တု
ရည်သည် ခါးသက်သက် အရသာရှိပြီး ချောင်းဆိုးပျောက်ဆေးရည်၊ကော်ဖီမစ်၊
 မီးချောင်းအတွင်းမှ ပြဒါးမှုန့်၊ ခြင်ဆေးခွေ ပြာမှုန့်၊ အချိုရည်တို့ဖြင့် ရောစပ်သုံးစွဲ
ကြသည်ဟု သုံးစွဲသည့် လူငယ်များက ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကစ်ဒေသတွင် သွားရောက်လုပ်ကိုင်ကြသည့် မွန်ပြည်
နယ်မှ ရာဘာစေးခြစ် လုပ်သားများ က ထိုဒေသမှ ဘိန်းစာရွက် အကိုင်းအခက်
ကို သယ်ဆောင်လာခဲ့ပြီး နေအိမ်နှင့် ဥယျာဉ်ခြံတွင် စိုက်ပျိုးခဲ့ရာမှ ၂ဝဝ၉ ခုနှစ်
တွင် မွန်ပြည်နယ် အောက်ပိုင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ကျိုက်မရော
 မြို့နယ်များအတွင်းပြန့်နှံ့ခဲ့သည်။

“ရွာမှာတော့ ဘိန်းစာရွက် မရှိတော့ဘူး။ ဒါပေမယ့် မြင်းဆေး (ရာဘ စိတ်ကြွဆေး)
 ကိုတော့ ကွမ်းယာ ရောင်းသလိုရောင်းနေတုန်းပဲ” ဟု ကျုံကရုတ်ရွာ ဘုန်းတော်ကြီး
 အရှင်ပုပ္ဖဟံသာ က မိန့်ကြားသည်။

မွန်ပြည်နယ်အတွင်း ဘိန်းစာရွက် စိုက်ပျိုး၊ ရောင်းချ၊ သုံးစွဲသူထက် စိတ်ကြွဆေး
 ရောင်းချ သုံးစွဲသူ များပြားသော် လည်း ဖမ်းဆီးအရေးယူမှု အလွန်ပင် နည်း
ပါးသေးကြောင်း ဒေသခံများက ပြောသည်။

ရာဘ စိတ်ကြွဆေး တပြားလျှင် ၅,ဝဝဝ ကျပ် ဝန်းကျင် ပေါက်ဈေး ရှိပြီး မွန်ပြည်
နယ် မြို့နယ်တိုင်းရှိ မြို့နှင့် ကျေးရွာ အတော်များများတွင် အလွယ်တကူ ဝယ်
ယူနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

 သတင်းရင်းမြစ်    မဇ္ဈိမ              

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ