Sunday, October 14, 2012

ဆယ်ကျော်သက်မိန်းကလေးရဲ့ အသက်ရင်းပြီး ပေးတဲ့ သင်ခန်းစာ



ဆယ်ကျော်သက် မိန်းကလေး တဦး ဖြစ်တဲ့
 Amanda Michelle Todd ကို ကနေဒါ နိုင်ငံ
 ဗင်ကူးဗားမြို့က သူ့ အိမ်မှာ လွန်ခဲ့တဲ့ ဗုဒ္ဓဟူး
နေ့က အသက်သေဆုံးလျှက် တွေ့ခဲ့ရတယ်လို့ 
The Sun သတင်းစာ က ရေး ထားပါတယ်။ 



သူနဲ့ပတ်သက်လို့ အခုလို သေဆုံးမှု ဘယ်လိုဖြစ်တယ်ဆိုတာ လေ့လာလိုက်တော့
 ကိုယ့်ကိုယ် ကို သေကြောင်း ကြံ ခဲ့တာလို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က မှ သူက အင်တာနက် Youtube မှာ အောက်
မှာ ဖော်ပြထားတဲ့ ဗီဒီယို ဖိုင်ကို တင်ပြီး စကားမပြောပဲ စာများရေးပြပြီး ရင်ဖွင့်ခဲ့ပါတယ်။ 

အသက် ၁၅ သာရှိသေးတဲ့ Amanda Michelle Todd ဟာ အင်တာနက်ပေါ်မှာ ခင်မင်
ရာက တဖက်က သူတဦးက သူ့ကို ဟိုဟို ဒီဒီပြောရင် အပေါ်ပိုင်း ချွတ်ပြခိုင်းလို့ ချွတ်ပြ
ခဲ့ရာက အခု လို သေလောက်အောင် ထိ စိတ်ခံစားမှု ဖြစ်သွားတာပါတဲ့ ။ 

သူရဲ့ အပေါ်ပိုင်းချွတ်ပြခဲ့မိပြီးနောက် သိမ်ကြာခင်မှာလည်း နောက်ထပ် ချွတ်ပြဖို့ တောင်း
ဆိုတဲ့ အခါ သူက ငြင်းခဲ့လို့ သူ တခါက ချွတ်ပြခဲ့တဲ့ သူ့ဓာတ်ပုံတွေကို သူနဲ့ နီးစပ်တဲ့ 
သူငယ်ချင်းတွေကို တဖက်သူ က ဖြန့်ဝေလိုက်ပြီး သူလည်း အတော် စိတ်ဖိစီးမိလာတာ
ကို ရင်ဖွင့်ထားခဲ့တာပါ။ 

နောက်ဆုံးတော့ ဆယ်ကျော်သက် Amanda Michelle Todd က ကမ္ဘာပေါ်က 
မိန်းကလေးတွေအတွက် သူ့ အသက်နဲ့ ရင်းပြီး အခုလို သင်္ခန်းစာ ပေးသွားခဲ့ပါပြီ။ 


 

အထက်ပါ သတင်းအပြည့်အစုံကို ဤနေရာကို သွားကြည့်နိုင်ပါတယ်။  


သတင်းရင်းမြစ်      ဧရာဝတီ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ