
ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်
အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပ
မှ ကုန်ကြမ်းပစ္စည်းများ တင်သွင်း
လာသော ကွန်တိန်နာ တစ်လုံး၏
အတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိ
ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များကို စင်ကာပူကုမ္ပဏီမှ တင်သွင်းပေးခြင်း
ဟု သိရပြီး လတ်တလောတွင် ဖြစ်စဉ်အပြည့်အစုံအား သိရှိရခြင်း မရှိသေး
aသ်ာလည်း မကြာမီ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကွန်တိန်နာ သယ်ဆောင်သည့် နိုင်ငံနှင့် ဆိပ်ကမ်းများကိုလည်း
သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
သတင်းရင်းမြစ်း Eleven Media Group
No comments:
Post a Comment