တဆင့် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်
လာသူ
မြန်မာနိုင်ငံသား ၄၂ ဦးကိုေ ဒသခံ အာဏာပိုင်တွေက အောက်တိုဘာလ (၁၉)
ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြ
သွားပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပရပ်ကွက် အနောက်က
ကြံတောထဲမှာ နိုင်ငံထဲ ခိုးဝင်သူလို့ ယူဆရတဲ့ လူတစု ဖြတ်ဝင်လာကြောင်း ကျေး
ရွာလုံခြုံရေးတပ်ဖွဲ့ကနေ မဲဆောက်မြို့နယ်မှူးဆီကို အကြောင်းကြားခဲ့တဲ့အတွက် နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ သွားရောက် စစ်ဆေး
ခဲ့ရာမှ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ခိုးဝင်လာသူတွေဟာ တာ့ခရိုင် တဘက်ကမ်း မြ၀တီကနေ တောတောင်တွေထဲ
ခြေလျင်ဝင်လာပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ လူတဦးကို ဘတ်ငွေ ၁
သောင်းနဲ့ ပွဲစားက ခေါ်ခဲ့တာလို့ ထွက်ဆိုချက်အရ သိရပါတယ်။

သတင်းရင်းမြစ်း DVB
No comments:
Post a Comment