Friday, October 26, 2012

သမ္မတအပေါ် ထောက်ခံ ခဲ့ခြင်းသည် ပုဂ္ဂိုလ်ရေးနှင့် နေရာ ရလိုမှု အတွက် ထောက်ခံခဲ့ခြင်း မဟုတ် ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Photobucketအမေရိကန်ခရီးစဉ်အတွင်း ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးဆောင်ရွက် ချက်ကို
အလေး အနက်ထား ထောက်ခံခဲ့ ခြင်းမှာ
 သမ္မတအား ပုဂ္ဂိုလ်ရေး အရနေရာ ရလို
မှုသက်သက်ဖြင့် ထောက်ခံ ခဲ့ခြင်းမ ဟုတ်
ဟု ဒေါ်အောင်ဆန်းစုကြည်က ပါတီ

လွှတ်တော်ကိုယ်စား လှယ်များနှင့် အစည်း အဝေးတွင် ပြောကြား ခဲ့ကြောင်း
သိရသည်။

သူမအနေဖြင့် အမေရိကန်ခရီးစဉ်၌မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးနှင့်
ပတ်သက်၍ နိုင်ငံတော် သမ္မတ ၏လုပ်ဆောင်ချက် အပေါ်အလေးအ နက်ထား
ထောက်ခံခဲ့ခြင်း ဖြစ်ပြီး သမ္မတ အပေါ် ပုဂ္ဂိုလ် ရေးမပါ၊ နေရာရ လိုမှုသက်သက်ဖြင့်
 ထောက်ခံခဲ့ခြင်း မဟုတ်ကြောင်း သူမအပေါ် ဝေဖန် နေကြသည့် အပေါ် အဖွဲ့ချုပ်မှ
 ကိုယ်စားလှယ်များ သိရှိစေရန် ရှင်း လင်းပြောကြား ခဲ့ကြောင်း ပြည်သူ့ လွှတ် တော်
ကိုယ်စား လှယ်ဦးမင်းသူထံမှသိရ သည်။

''ဥက္ကဌအနေနဲ့ အလေးအ နက်ထားထောက်ခံခဲ့တယ် ဒါဟာနေရာရလိုမှု နဲ့သမ္မတကို
ပုဂ္ဂိုလ်ရေး အရ ထောက်ခံ တာ မျိုးမဟုတ်ဘူး ဆိုတာကိုပြောတယ် ။နောက် ပြီး
ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး ကို နောက် ပြန်မလှည့်အောင် အစိုးရကပြည် သူ့ကို
တာဝန်ခံ ရမှာဖြစ်တဲ့ အတွက်ပွင့်လင်း မြင် သာဖို့တော့ အရေး ကြီး တယ်လို့ပြော ခဲ့ တယ်''ဟုအဖွဲ့ချုပ်ဥက္ကဌနှင့်လွှတ်တော် ကိုယ်စားလှယ်များ ၏ အစည်း အဝေး သို့
တက်ရောက်ခဲ့ သူဦးမင်းသူကဆိုသည်။

ထိုသို့ ပွင့်လင်းမြင်သာ မှုရှိရန် လိုအပ်သည်ဟု ဆိုရာတွင် အဖွဲ့ချုပ်ဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည်က OIC အရေး ကိစ္စကို ဥပမာထား ပြောကြားခဲ့ကြောင်း၊
 ကောင်းမွန်သော အစိုးရတစ်ရပ်သည် အ စိုးရ အနေဖြင့် ဘာလုပ် နေသည်၊ ဘာ
လုပ်ခဲ့ သည်ဆိုသည်များ ကို ပြည်သူသို့ အသိပေး သင့်ကြောင်း၊ OIC အရေး ကိစ္စ၌
အစိုးရ တွင်လုံးလုံးလျားလျား တာဝန်ရှိကြောင်း၊အ ဖွဲ့ချုပ် အနေဖြင့် အမျိုးသား
ရင်ကြား စေ့ရေး ကိုသာ အဓိကထား လုပ်ဆောင်သွား မည် ဖြစ်ကြောင်း၊ ယခုအချိန်
သည် အခက်အခဲ ဆုံး ကာလဖြစ်သည့် အတွက် နိုင်ငံအတွက် ၊ပါတီအတွက်
အင်မတန်ရုန်းကန်ရမည့် အချိန်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးသည် ပထမအကြိမ် ပဉ္စမလွှတ်တော်ပုံမှန်အ စည်းအဝေး
မစတင်မီ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်ပါတီဥက္ကဌနှင့် လွှတ်တော်ကိုယ် စား
လှယ်များ ပထမဆုံး အကြိမ်အစည်းအ ဝေးပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို အစည်းအဝေးတွင် ဒီချုပ်လွှတ်တော် ကိုယ် စားလှယ် အသီးသီးမှ ရက်တစ်ရာ
 စာတမ်း များပြုစုခဲ့ သည်များကို အစီရင်ခံခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရာ စည်ပင် ဧည့်
ရိပ်သာ အစည်း အဝေး ခန်းမ တွင် အောက်တိုဘာ(၁၅) ရက်နေ့ ကပြု လုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်(၄၀)ဦး တက် ရောက် ခဲ့ ကြောင်း
 သိရ သည်။


သတင်းရင်းမြစ်   Yangon Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ