
အင်တာဗျူးထားပါတယ်။ ဦးဒီထွန်းလင်းက
KPP လို့ လူသိများတဲ့ ကရင်ပြည်သူ့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ပါ။ KPP
မှာ တရားရေးနဲ့ နိုင်ငံတကာဆက်ဆံရေး
တာဝန်တွေ ယူထားပါတယ်။
ရန်ကုန်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရပြီး တရားရေးဌာနမှာ အနှစ် ၂၀ နီးပါး ကျင်
လည်ခဲ့သူပါ။ ၁၉၈၈ ဒီမိုကရေစီအရေး တောင်းဆိုမှုအပြီး ၀န်ထမ်းတိုင်း ဖြေရတဲ့
စစ်အစိုးရရဲ့ မေးခွန်း ၃၃ ခုကို သူလည်း ဖြေခဲ့ရပါတယ်။ ၀န်ထမ်းဘ၀ကနေ
အနားပေးခံရပါတယ်။
သူနဲ့ မကြာသေးခင်က တွေ့ဆုံမေးမြန်းရာမှာ - မြန်မာပြည်က နာမည်ကျော် မတရား
အသင်းဥပဒေကို ဖျက်သိမ်းသင့်ပြီလို့ သူက ပြောပါတယ်။ ခေါင်းထဲမှာ အမြဲတမ်း ရှိ
တဲ့ ဥပဒေက မတရားအသင်းဥပဒေ။ ၁၇/၁၊ ၁၇/၂ လို့ နားလည်ကြတာ။ ကျနော်
(မြို့နယ်) တရားသူကြီးလုပ်တဲ့ဘ၀မှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်။ဒီပုဒ်မမျိုးနဲ့
စွဲတာ တော်တော်များများ တွေ့ကြုံရတယ်။ ဒီဥပဒေကို ခုချိန်ကာလမှာ ဖျက်သိမ်း
သင့်ပြီလို့ ကျနော် မြင်တယ်။ ဒီဥပဒေက ကရင်တမျိုးတည်း မဟုတ်ဘူး၊ တိုင်းရင်းသား
အားလုံးကို နှိပ်ကွပ်နေတယ်၊ ဒုက္ခပေးနေတယ်လို့ ကျနော် မြင်တယ်။ ထစ်ခနဲ ဆို
ရင် သူပုန်နဲ့ ဆက်သွယ်တယ်၊ သောင်းကျန်းသူနဲ့ ဆက်သွယ်တယ် ဆိုပြီး ရှမ်းပြည်
နယ်မှာလည်း အများကြီး ရှိတယ်။
KPP ပါတီက လောလောဆယ် ဘာတွေ လုပ်နေပါသလဲ။
ပါတီက စည်းရုံးရေးဆင်းတာတို့၊ အထူးသဖြင့် ၂၀၁၄ သန်းခေါင်စာရင်းကောက်
ယူရေးအတွက် မှတ်ပုံတင်ကိစ္စတွေ အထူးသဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း။ ဘာ
ကြောင့်လဲ ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မှတ်ပုံတင်မှာ ပါတဲ့ အချက်
အလက်တွေ၊ သဘောကတော့ ကရင် မဟုတ်ဘူး ဆိုရင် ကရင်ပုံးထဲ ထည့်လို့ မ
ရဘူး ဆိုတာတွေက ရှိတယ်၊ အဲဒါကြောင့် အရွယ်ရောက်လာသူတွေ မှတ်ပုံတင်
ရရေးကို ပါတီ အောက်ခြေ ကော်မတီတွေ လစဉ် စာစောင်ထုတ်ရင် မှတ်ပုံတင်
လုပ်တဲ့နေရာမှာ ဒီဟာကို စိစစ်ပေးပြီးတော့၊ စိစစ်ပေး ဆိုတာက ဒီလိုလေ - ကရင်
ဆိုလည်း ကိုယ့်ကိုယ်ကိုယ် ကရင်လို့ identified လုပ်ဖို့ပေါ့။ ကျန်တဲ့အပိုင်းက
တော့ မှတ်ပုံတင်ဌာနက သွားမယ့်ဟာပေါ့။
အဲဒီကိစ္စတွေ လုပ်ကိုင်တာ အဆင်ပြေရဲ့လား။
အဆင်ပြေပါတယ်။ သူတို့ အောက်ခြေက သွားနေတဲ့ (လုပ်ငန်းတွေပါ)၊ ကျနော်
တို့ ဗဟိုကော်မတီကတော့ ညွှန်ကြားပေးတာပေါ့။
ပါတီက ဘယ်ဒေသတွေမှာ လှုပ်ရှားနေသလဲ။
ကျနော်တို့ပါတီက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း။ရန်ကုန်တိုင်းဆိုရင်
ပေးထားတယ်၊ ကရင်ရေးရာဝန်ကြီး။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတို့မှာလည်း ပေးထားတယ်။ ကရင်ရေးရာဝန်ကြီး ၅ နေရာ ပေးထား
တယ်၊ လူဦးရေအချိုးနဲ့ပေါ့။
(၂၀၁၀ မှာ) ကရင်ပြည်နယ်ကို ကျနော်တို့ KPP အနေနဲ့ မ၀င်ဘူး။ ကရင်ပြည်
နယ်မှာ ဖလုံစဝေါ်ပါတီ ရှိတယ်၊ ကရင်ဒီမိုကရက်တစ်ပါတီ ရှိတယ်။တချို့
ကလည်း မေးကြတယ် - ကရင်ပြည်နယ်မှာ KPP က ဘာကြောင့် မဲပုံးမထောင်
သလဲပေါ့။အဲဒီလို တောင်းဆိုတာတွေ ရှိတော့ ၂၀၁၅ မှာ (ကရင်ပြည်နယ်ထဲ)
ဝင်သင့် မသင့် စဉ်းစားနေတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တော့ မကျသေးဘူး။
၂၀၁၀ ရွေးကောက်ပွဲမှာရော မျှော်လင့်ထားသလောက် အဆင်ပြေခဲ့သလား။
၂၀၁၀ တုန်းက မျှော်လင့်ထားသလောက် မရခဲ့ဘူး။ စည်းရုံးဖို့အချိန်ကလည်း
မရှိဘူး။ ဥပမာ - ဧရာဝတီတိုင်း ဆိုရင် ကိုယ်စားလှယ်တယောက် ဖြစ်တဲ့
ဒေါက်တာဆိုင်မွန်သာက တော်တော်လေးကို ရပြီးပြီ၊ (မဲရေတွက်တာ ပြီး) ဆုံး
တဲ့အထိ မနေဘူး၊ မဲအသာရပြီ ဆိုပြီး သူရန်ကုန်ပြန်တက်လာတယ်။ နောက်
တရက်နှစ်ရက်လောက် နေမှ ကြေညာတဲ့အခါကျတော့ တခြား ဟိုဟာတွေက
ပါလာတယ်လေ။
ကြိုတင်မဲတွေလား။
ကြိုတင်မဲတွေ ပါလာတော့၊ သိပ် မကွာဘူးဗျ၊ နှစ်ထောင်ဝန်းကျင်လောက်ပဲ ရှိတယ်။
ဒေါက်တာဆိုင်မွန်သာ ကြုံခဲ့ရတဲ့ ကြိုတင်မဲတွေကို ဘယ်လိုသဘောရလဲ။ ဒီမဲတွေက ရိုးရိုးသားသားမဲတွေလား။
၂၀၁၀ ရွေးကောက်ပွဲရဲ့ ကြိုတင်မဲကိစ္စကိုတော့ မပြောလိုတော့ပါဘူး။
ကရင်ပြည်နယ် ငြိမ်းချမ်းရေးက ဘယ်ကာလလောက်မှာ အကောင်အထည်ပေါ်
လာမယ် ထင်သလဲ။
ကြိုးတော့ ကြိုးစားနေတာပဲ၊ KNU ထဲမှာလည်း သဘောထားခြင်း မတိုက်ဆိုင်
တာတွေ ရှိတယ်၊ အစိုးရကတော့ ကျနော် သိသလောက်တော့ ဦးအောင်မင်းက
တော့ သူတာဝန်ယူတဲ့ ကာလအတွင်းမှာ (ငြိမ်းချမ်းရေး) ဖြစ်ကို ဖြစ်စေချင်တာ
ကတော့ ပေါ်လွင်ပါတယ်။
No comments:
Post a Comment