
ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် မှ ရခိုင်
မိသားစု ၄ စု သည် ယခု ရက်ပိုင်း အတွင်း
မြန်မာဘက်သို့ ပြောင်းရွေ့သွားကြောင်း
သတင်း ရရှိသည်။
တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေသ ကျောင်းနားရွာမှ ဖြစ်ကြောင်း
ကျေးရွာသားတဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ သူတို့ပြောင်းသွားတာက ဒီဘက်မှာ ဆူဆူပူပူဖြစ်နေတယ်။ ခုလို အခြေအနေ
ကြောင့် စိုးရိမ်သလို လုပ်ကိုင် စားသောက်ဖို့လည်း အခက်အခဲရှိ လာတဲ့ အတွက်
မြန်မာဘက်ကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြောင်းရွှေ့သွားသူများကို မြန်မာဘက်က ဒုက္ခသည် စခန်းဖွင့်ပြီး လက်ခံထားမည်
လား (သို့မဟုတ်) ရခိုင် ကျေးရွာများတွင် နေရာချထားပေးမည်လားဆိုသည်ကို
သဲကွဲစွာ မသိရှိရသေးကြောင်း သူက ပြောသည်။
ပြောင်းရွေ့သွားသည့် မိသားစုများမှာ ဦးမဲတုတ်၊ ဦးလင်းထွန်း၊ ဦးမောင်သန်းနှင့်
ဦးအောင်ကျော်လှ မိသားစု များဖြစ် ကြောင်း သိရသည်။
“ ဦးမဲတုတ်မှာ သမီးတစ်ယောက်ပါသွားတယ်။ နောက်သမီးတယောက်က အဲဒီ
လင်းထွန်းနဲ့ အိမ်ထောင် ကျနေတယ်။ မောင်ထွန်းမှာ သားသမီး ၃ ယောက်ပါ
တယ်။ အောင်ကျော်လှမှာလည်း သားသမီး သုံး ယောက်ပါသွားတယ်။ မိသားစု
လေးစု – လူက စုစုပေါင်း ၁၈ ဦးပါ” ဟု သူက ပြောသည်။
အဆိုပါ မိသားစုများသည် အောက်တိုဘာလ ၁ ရက်နေ့ နံနက် အာရုံတက်ချိန်
တွင် ရွာမှ ထွက်ခွာ သွားကြသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ တွင် တည်ရှိသော ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီမှလည်း မြန်မာဘက်သို့ ပြောင်း
ရွေ့သွား သည့် မိသားစုဝင် စာရင်များကို လာရောက် ကောက်ယူသွားကြောင်း
ကျေးရွာ လူကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။
နိရဉ္စရာမှ ရခိုင်ဘက်သို့ ဆက်လက် စုံစမ်းရာ ၎င်းမိသားစုများမှာ မောင်တောမြို့နယ်
မြောက်ပိုင်း နစက နယ်မြေ အမှတ် ၂ ဝေလာတောင်ဘက်မှ မြန်မာဘက်သို့ ၀င်
ရောက် လာခဲ့ကြပြီး ယခုအခါ သူတို့ကို မြန်မာ အာဏာပိုင်များမှ စောင့်ရှောက်ထား
ကြောင်း သိရသည်။
သတင်းရင်းမြစ်း နိရဉ္ဇရာ
No comments:
Post a Comment