Sunday, October 7, 2012

တီမောကို (၂-၁)နဲ့နိုင်ပြီး ဇယားထိပ်ရောက်လာတဲ့ မြန်မာဘောလုံးအသင်း

Photobucket AFF Suzuki Cup ခြေစစ်ပွဲ ဒုတိယနေ့ 
ပထမ ပွဲစဉ် အဖြစ် အိမ်ရှင် မြန်မာအသင်း
နှင့် တီမော အသင်းတို့ ဟာ YTC ကွင်း
တွင် ယနေ့ မြန်မာ စံတော်ချိန် ၃နာရီ တွင် 
ယှဉ်ပြိုင် ကစားခဲ့ ကြသည်။ 

၂သင်း စလုံးမှာ ပထမ ပွဲစဉ်တွင် ပြိုင် ဘက် များ ကို အနိုင် ရရှိ ထားခဲ့သည့် အတွက်
 ခြေစစ်ပွဲ အောင် မြင်ရန် ယခုပွဲ ကို အနိုင် ကစားရန် လိုအပ်နေ ခဲ့သည်။ ယခုပွဲကို 
မြန်မာ အသင်း၏ ပထမ ပွဲစဉ်ထက် ပရိသတ် များ ပိုမိုလာရောက် အားပေး ကြသည် 
ကိုလည်း တွေ့ မြင် ရသည်။

အိမ်ရှင် မြန်မာ အသင်း၏ ပွဲထွက် စာရင်းမှာ ဂိုး- သီဟစည်သူ နောက်တန်း -
ရန်အောင်ဝင်း ၊ ဇော်မင်းထွန်း ၊ မိုးဝင်း ၊သိန်သန်းဝင်း၊ အလယ်တန်း -ရန်အောင်ကျော် ၊ ကြည်လင်း၊ ကျော်ဇေယျာဝင်း ၊ ဒေးဗစ်ထန်း ၊ရာဇာ ၀င်းသိန်း ၊ ရှေ့- ကောင်းစည်သူ 
 တို့နဲ့ ပွဲထွက် လာခဲ့ပြီး ဘရူနိုင်းနဲ့ပွဲမှ လူစာရင်း ကို တစ်ဦး သာ အပြောင်း အလဲ ပြု
လုပ် ပြီး ပွဲထွက် လာခဲ့သည်။

ပွဲကို တီမော အသင်းမှ အပေးအယူ ပြုလုပ်ပြီး စတင် ခဲ့သည်။ ပွဲအစ ၂မိနစ်မှာ ပင်
 မြန်မာ အသင်း ထောင့် ကန်ဘော စတင် ရရှိ ခဲ့သော်လည်း သိန်းသန်းဝင်း ၏ ကန်
သွင်းမှု လွဲချော် ခဲ့သည်။ ပွဲချိန် ၄မိနစ် မှာပင် မြန်မာ အသင်း ထောင့် ကန်ဘော ထပ်
မံကန် ခွင့် ရရှိ ခဲ့သော်လည်း ထိရောက်မှု မရှိ ခဲ့ပေ။ ပွဲချိန် ၁၂မိနစ်တွင် ရန်အောင်ဝင်း
 ၏ ဂိုးဧရိယာ ထိပ်မှ ကန်သွင်းမှု တီမော နောက်ခံ လူများနှင့် ထိပြီး ဘေးထွက် သွား
ခဲ့သည်။ ၁၄ မိနစ်မှာ သိန်းသန်းဝင်း ရဲ့ဖြတ်တင် ပေးပို့ မှုကို ကောင်းစည်သူ အဆုံး
 သတ်ဖို့ ကြိုးစားရာ မှ ထောင်ကန်ဘော ရရှိပြီး ၄င်း ထောင့် ကန်ဘောကို ကာင်းစည်သူ အပိုင် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် ဂိုး ဘားတန်းကျော်သွား ခဲ့သည်။ ပထမပိုင်း ၁၅မိနစ်
 အထိ ဂိုးသွင်း ယူနိုင်ခြင်း မရှိသော်လည်း မြန်မာ အသင်းမှာ တီမော အသင်းကို တစ်
ဖက် သတ် ဖိကစားကာ တိုက်စစ်ဆင်နေ ခဲ့သည်။ တီမော အသင်းမှ တန်ပြန် တိုက်
စစ်ကို သာ အဓိက ထား ကစားနေ ခဲ့သည်။

ဆက်လက်ပြီး မြန်မာ အသင်းမှ တီမော ကွင်း တစ်ဝက် အထိ တက်ကာ ဖိကစားနေ
 ခဲ့ပြီး မြန်မာ အသင်း အကောင်းဆုံး အခွင့် အရေး အဖြစ် ပွဲချိန် ၃၆မိနစ် တွင်ထောင့် 
ကန်ဘော ကန်ခွင့် ရရှိ ခဲ့ပြီး ၄င်း ထောင့် ကန်ဘော မှ တဆင့် ဇော်မင်းထွန်း ၏ ခေါင်း
တိုက်ချက် ဂိုးဝင် ခဲ့သော်လည်း ကွင်းလယ် ဒိုင်မှ  ပြစ်ဒဏ်ဘော သတ်မှတ် ခဲ့သည့် 
အတွက် မြန်မာ အသင်းမှ တစ်ဂိုး နစ်နာ ခဲ့ရသည်။ ပွဲချိန် ၃၈မိနစ်မှာတော့ အိမ်ရှင် 
မြန်မာ အသင်း ဦးဆောင်ဂိုး စတင် ရရှိ သွားခဲ့ပါသည်။ ၄င်း ဂိုးကို ညာခြမ်းမှ ဒေးဗစ်
ဒန်း တင်ပေး တဲ့ ဘောလုံးကို ကြည့်လင်းမှ အပိုင်ခေါင်းတိုက် ဂိုးသွင်းယူ သွားခဲ့ခြင်း
 ဖြစ်ပါသည်။ မြန်မာ အသင်းမှ ဦးဆောင် ဂိုး ရရှိ ခဲ့ပြီး ဆက်လက် တိုက်စစ်ဆင် ကာ
 တီမော အသင်းအား ဖိကစားနေ ခဲ့သည်။ နာကျင် အချိန်ပို အဖြစ် ၁မိနစ် သတ်မှတ်
ပေး ခဲ့သည်။ ပထမပိုင်း ပြီး ဆုံးချိန်တွင် ပွဲချိန် အများ စုကို တီမော ကွင်းတစ်ဝက် 
အထိ တက်ရောက် ဖိအားပေး ကစားနေ ခဲ့သည့် အိမ်ရှင် မြန်မာ အသင်းမှ ၁ဂိုး 
အသာဖြင့် ဦးဆောင် ထားနိုင် ခဲ့ပါသ?zG
ဒုတိယပိုင်း တွင် တီမော အသင်းမှာ ချေပဂိုး ရရှိရန် အတွင် အစွမ်းကုန် ကစားခဲ့ပြီး
 ပထမပိုင်း ထက် ကစားကွက် ပိုမိုကောင်း မွန် လာခဲ့သည်။ မြန်မာ အသင်း၏ ခံစစ် 
ကစား ပုံမှာ လိုအပ်ချက် များစွာ ရှိနေ ခဲ့ပြီး ပွဲချိန် ၅၂မိနစ် မှာပင် တီမော အသင်းမှ
 ချေပဂိုး သွင်းယူ သွားခဲ့သည်။ ၄င်း ဂိုးကို တီမော ကစားသမား မှ ညာခြမ်း က တဆင့် 
 ဂိုးဧရိယာထဲ ဆွဲဝင်ပြီး ပေးပို့ တာကို တီမော ကစားသမား ပင်ဟီယို က အပိုင် ပိတ်
ယူ ကန်သွင်းကာ ဂိုးယူ သွားခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်း လူစား လဲမှု အဖြစ် မြန်မာ အသင်းမှ ဒေးဗစ်ဒန်း အစား ပိုင်စိုး ဝင်
ရောက် ကစားခဲ့သည်။ ထို့ကြောင့် ကြည်လင်းမှ ညာတောင်ပံ တွင် ပြောင်း လဲ
 နေရာယူ ကစား ခဲ့သည်။ ပွဲချ8| 鏏 Őင် ပိုင်စိုး၏ ကန် သွင်းမှု တီမော နောက် 
ခံလူများ ထိ ထွက် သွားခဲ့သလို၊ ရာဇာ ဝင်းသိန်း၏ အပြင်း ကန်သွင်းမှု တိုင်ထိ ထွက်
 သွားခဲ့သည်။ ၆၄မိနစ် တွင် တီမော ဂိုးသမား ဘောလုံးကို လျှောထိုး ဖမ်းယူ ရာတွင် 
ဂိုးစည်း အပြင်ကျော် သွားသည့် အတွက် တီမော ဂိုးဧရိယာ ထိပ်မှ မြန်မာ အသင်း
 ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သော် လည်း ကျော်ဇေယျာဝင်း ကန်သွင်းရာ ဂိုးပေါက် 
လွဲချော်ခဲ့သည်။ ပွဲချိန် ၆၈မိနစ်တွင် တီမော တိုက်စစ်မှူး အိုလီဗီယာ တောက်လျှောက်
ဆွဲပြေးပြီး ကန်သွင်း ခဲ့သော်လည်း ဂိုး ဘားတန်းကျော် ကာ လွဲချော် ခဲ့သည်။

ပွဲချိန် ၇၀ မိနစ်တွင် မိုးဝင်း အစား အောင်ဟိန်းကျော် ကို ထည့်သွင်း ကစား ခဲ့သည်။ 
ဆက်လက်ပြီး မြန်မာ အသင်းမှ အနိုင်ဂိုး ရရှိရန် ဆက်လက် ပြီး အစွမ်းကုန် ကြိုးစား
 ကစားနေ ခဲ့သည်။ ထို့ကြောင့် ပွဲချိန် ၇၂ မိနစ် မှာတော့ မြန်မာ အသင်း အနိုင် ဂိုး ရရှိ 
သွားခဲ့ ပါသည်။ ၄င်း ဂိုးကို ထောင့် ကန်ဘော အား ပိုင်စိုး ကန်တင် ရာမှာ များသွား 
ခဲ့သော်လည်း ကွင်းလယ် မှ ပြန်တင်ပေးသော ဘောလုံး ကို ကြည်လင်း မှ လူ ကျွံ
ထောင်ချောက် ကို ဖောက် ထွက်ပြီး ဂိုးသမာနဲ့ တစ်ဦးချင်း အတွေ့ တွင် တီမော 
ဂိုးသမား ၏ ပေါင်ကြား ထဲမှ တဆင့် အနိုင် ဂိုးကို သွင်းယူ ခဲ့ခြင်း ဖြစ်သည်။

ပွဲချိန် ၈၀ မိနစ် ကောင်းစည်သူ ဧရိယာထဲ ဆွဲဝင်ပြီး ဖန်တီးပေး တာကို
 ကျော်ဇေယျာဝင်း ကန်ရာ မှာ ပျော့ သွား လို့ တီမော ဂိုးသမား ကာကွယ် 
လိုက်နိုင်ပါတယ်။ ပွဲချိန် ၈၄မိနစ်တွင် ဂိုးသမား သီဟစည်သူ အချိန် ဆွဲသည် 
ဆိုပြီး အဝါ ကတ် ပြသ ခံခဲ့ရသလို၊ ၄ မိနစ် ကြည်လင်း တန်ပြန် တိုက်စစ် ဆင်
လာတာ ကို ဟန့်တား ပုံကြမ်း သည့် တီမော နောက်ခံ လူ အ၀ါကတ် ပြသ ခံ 
ခဲ့ရသည်။

 ၈၅ မိနစ်မှာ မြန်မာ အသင်းမှ ရာဇာ ၀င်းသိန်း အစား ခင်မောင်လွင် ၀င်ရောက် 
ကစား ခဲ့ပြီး ကွင်းလယ် ခံစစ်ကို အားဖြည့် ခဲ့သည်။

ပွဲပြီး ဆုံးခါ နီးနှင့် နာကျင် အချိန် ပို အတွင်း တွင်လည်း မြန်မာ အသင်းမှ ပင် 
ဆက်လက် ဖိအားပေး ကစားနေ ခဲ့သော်လည်း ဂိုးထပ်မံ သွင်းယူနိုင် ခြင်း မရှိ 
ခဲ့သည့် အတွက် ပွဲပြီး ဆုံးချိန်တွင် မြန်မာ အသင်းမှ ၂ဂိုး ၁ဂိုး ဖြင့် တီမော အသင်း
အား အနိုင် ရရှိ သွားခဲ့ပါသည်။ မြန်မာ အသင်း အတွက် ၂ဂိုး စလုံးကို ကြည်လင်း
 မှ သွင်းယူ ပေး ခဲ့ခြင်း ဖြစ်ပါသည်။ ယခု ပွဲ အနိုင်ကြောင့် မြန်မာ အသင်းမှာ AFF
 Suzuki Cup ခြေစစ်ပွဲ အုပ်စု အဆင့်တွင် ၁၀၀ ရာခိုင်နှုန်း နိုင် ပွဲဆက် ကစား ထား
ကာ အုပ်စုတွင်း အဆင့် ၁နေရာ ကို သိမ်းပိုက် လိုက်နိုင် ပြီ ဖြစ် ပါသည်။


သတင်းရင်းမြစ်   myanmarstriker

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ