Thursday, October 18, 2012

ပျောက်ကျားဝတ်စုံ နှင့် ဓါတ်ပုံကြောင့် ကျေးလက် ရွာသား တဦး ထိန်းသိမ်းခံရ

My Logoနံရံ၌ ချိတ်ဆွဲထားသော ဓါတ်ပုံ ကြောင့်သျှမ်းပြည်
အလယ်ပိုင်း ကျေးလက်ဒေသခံတဦးအား ခလရ
 ၁၃၁ ကဖမ်းဆီး ပြီး ကျေးသီးမြို့အချုပ်ခန်း၌ လဝက် ​ကျော်ချုပ်နှောင်ထားကြောင်း ဒေသခံ
                                                  များပြောပြချက်အရ သိရပါသည်။



“လူထုဆိုတာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ ရှောင်လို့မရဘူး။ RCSS/SSA စစ်ဝတ်စုံနဲ့ဆင်တူတဲ့ ပျောက်ကျားဝတ်စုံ ဝတ်ထားတဲ့လူနဲ့ တွဲပြီးဓါတ်ပုံရိုက်ထား
တယ်။ ခလရ ၁၃၁ တူးအိုင်စီ ဗိုလ်မှူးထွန်းနောင်က အဲဒီဓါတ်ပုံကိုတွေ့တော့ သူ
တို့ကို ဧည့်ခံ နေတဲ့ အိမ်ရှင် စိုင်းလျဲန်းကို ဖမ်းလိုက်တာ။ လဝက်ကျော်သွားပြီ
ခုထိပြန်မလွတ်ပေးသေးဘူး။” - ဟု မိုင်းကိုင်မြို့ ရောက် မိုင်းနောင်သားတဦးက
 ပြောပါသည်။

ယခုလ ၅ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်း ကျေးရွာ
အုပ်စုဝင် နော်ဆိုင်ရွာသား စိုင်းလျဲန်း၏ အိမ်အား အမှတ် ၂ တပ်ခွဲ ခလရ ၁၃၁
မှ ဗိုလ်မှူးထွန်းနောင် နှင့် အဖွဲ့ရောက်ရှိစဉ်   ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဂျွန်လဆန်းပိုင်းက တပ်မှထွက်ပြေးသော တပ်သားနှစ်ဦးကလည်း
သျှမ်းပြည်တပ်မတော် RCSS/SSA ထံရောက် ရှိစဉ် အပြင်းဖျားသောကြောင့်
၎င်းတို့အား သျှမ်းတပ်တွင်း ဆေးမှူးဖြစ်သည့် အိမ်ရှင် စိုင်းလျဲန်းက ဆေးကု
ပေးခဲ့ဖူးကြောင်း ၄င်းတို့တပ်မှူးထံပြောကြားခဲ့သည်ဟု နီးစပ်သူတဦးက ပြော
ပါသည်။

“ ဗမာစစ်တပ်ကို ယုံကြည်မှုမထားဖို့ သင်ခန်းစာတခု ရတာပေါ့ဗျာ။ သူ့ကိုနေ
ကောင်းအောင်ပြုစု ပေးတဲ့သူကိုတောင် သူက ပြန်ဖမ်းတယ်ဆိုတော့ လွန်တာ
ပေါ့ဗျာ။  စိုင်းလျဲန်းက သူကိုယ်တိုင်ကလဲ သျှမ်းတပ်ဖွဲ့ ဝင်မဟုတ်လို့ ဒီစစ်ကြောင်း
လှည့် လာတဲ့ အဖွဲ့ကို ဧည့်ခံကြိုဆိုရဲတာပေါ့။ သူသာသျှမ်းတပ်ဖွဲ့ဝင် တယောက်
တကယ်ဖြစ်ခဲ့ရင် သူရှောင်ပုန်းနေရောပေါ့။ နောက်ပြီး သျှမ်းတပ်ဘက်ကလဲ သူ
တို့လူမဟုတ်လို့ တစုံတရာလာပြောပြီး အာမခံထုတ်ပေးတာ ဘယ်လုပ်မလဲ” ဟု
 ဆိုပါသည်။

ဂျွန်လဆန်းက သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဟိုခိုင်းမြို့ မြို့နယ်အုပ်ချုပ်
ရေးမှူး  ဗိုလ်စံဖှထံရောက်သွားသော အဆို ပါ မြန်မာစစ်တပ်၏ တပ်ပြေး ၂ ဦးနှင့်
 မြို့နယ်ရဲတပ်ပြေး မှာ  SSA ထံရောက်သွားပြီးမကြာခင် အဆိုပါ ရဲတပ်ပြေးက
 SSA ၏ M 79 တလက်နှင့် တရုတ်ဆိုင်ကယ်တစီးခိုးယူပြီး ၄င်း၏ စခန်းထံ ပြန်
လည်ထွက်ပြေးခဲ့ကြောင်း၊ ခလရ ၁၃၁ ကလည်း အဆိုပါ လက်နက်များဖြင့် ၄င်းတို့လူအား ပြန်လည်လဲလှယ်ယူခဲ့ ကြောင်းထိုစဉ်က သျှမ်းပြည်တပ်မတော်
နှင့်နီးစပ်သည့် ဒေသခံများက သျှမ်းသံတော်ဆင့်အားပြောပြခဲ့ဖူးသည်။

ယခု အဖမ်းခံထားရသော ဟမ်းငိုင်းသား စိုင်းလျဲန်းအား မိသားစုမှတွေ့ခွင့်ရရန် အမျိုးမျိုးကြိုးစားနေသော်လည်း အချည်း အနှီးသာဖြစ်နေသဖြင့် စိုးရိမ်ပူပန်နေ
ကြကြောင်း သူငယ်ချင်းဖြစ်သူက ပြောပါသည်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ