
ကုန်တန်းကျေးရွာတွင် အောက်တိုဘာလ
၈ ရက်နေ့က လူသတ်မူ ဖြစ်ပွားခဲ့သည်ဟု
သတင်း ရရှိသည်။
အသတ်ခံရသူမှာ ဈေးကုန်းတန်းကျေးရွာနေ မောင်တင်ထွန်း (၄၁)နှစ် (ဖ) ဦး
အောင်သာလှ၏ သားဖြစ်သည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မယူကမ်းတွင် တည်ရှိသော ဈေးကုန်တန်းကျေးရွာသား
တဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။
“ ကျေးရွာ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းက မောင်တင်ထွန်းကို မင်းကျောင်းမှာ ရေလည်းမခပ်ဘူး၊ အမိုက်တွေလည်း မသိမ်းဘူး၊ ကျောင်းဥယာဉ်
မှူး တဦးရဲ့ တာဝန်ကို ကျေပွန်အောင် ဘာကြောင့်မလုပ်လဲ အဲလို ဆူပူ ကြိမ်းမောင်း
ရာကနေ အပြန်အလှန် စကားများပြီး ပြဿနာ စဖြစ်ကြတယ်။ နောက်တော့ ဦး
အောင်တင်သန်းက ယမ်းထောင်း သေနတ်နဲ့ ပစ်သတ်လိုက်တယ် ” ဟု ပြောသည်။
သေနတ်နဲ့ ပစ်ခတ်ချိန်မှာ ညဥ့် အချိန်တွင် ဖြစ်ပြီး ကြံ့ခိုင်ရေး အတွင်းရေးမှူး
ဦးအောင်သန်းတင်က ယမ်းထောင်း သေနတ်ဖြင့် သွားရောက် ပစ်ခတ်ခဲ့ပုံကို
သူက ယခုလို ဆက် ပြောပြသည်။
“ အဲဒီနေ့ ညဥ့် ၁၀နာရီခန့်မှာ ရွာထဲက ဦးကောက်စံ အိမ်ရှေ့မှာ ယမ်းထောင်
သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ် ။ ပစ်လိုက်တဲ့ ကျည်က ရင်ဝကို ထိတယ်။ ချက်ချင်းမသေဘူး။ မောင်တင်ထွန်းက သေနတ်နဲ့ ပစ်ခတ်တဲ့ ဦးအောင်တင်သန်းကို ဖက်ပြီးတော့ သေနတ်ကို လုခဲ့ပါသေးတယ်။ ဦး အောင်တင်သန်းက သေနတ်ကို
ပစ်ပြီး အဲဒီနေရာကနေ ချက်ချင်း ထွက်ပြေးလွတ်မြောက် သွားပါတယ်” ဟု ပြော
သည်။
ယခုအခါ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းအား သေမှုသေခင်း ဖြစ်မှု
ဥပဒေပုဒ်မ (၃၀၄)က/ဖြင့် ရသေ့ တောင် ရဲစခန်းတွင် မိသားစုဘက်မှ အမှုဖွင့်ထား
သည်ဟု သိရသည်။
အဆိုပါ လူသတ်မူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ ရသေ့တောင် ရဲစခန်းသို့ မေးမြန်းရာ
ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားပြီး အသေးစိတ် ပြောကြားရန်မှာ အမူတွဲကို
ကိုင်တွယ်နေသူ ရဲတာဝန်ရှိ အပြင်ကို ရောာက်ရှိနေသဖြင့် သူ့အား မေးမြန်းရမည်ဟု
တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
သေဆုံးသွားသော မောင်တင်ထွန်းမှာ ဇနီးမယားနှင့်အတူ သားသမီး ၃ဦး ကျန်ရစ်ခဲ့
သည်ဟု သိရသည်။
သတင်းရင်းမြစ်း နိရဉ္ဇရာ
No comments:
Post a Comment