
ခရိုင် ရာမူး (ပန်းဝါမြို့ တွင်) ဗုဒ္ဓ
ဘာသာ ဘုန်းတော်ကြီး ကျောင်း
များနှင့် လူနေ အိမ်များ ယမန်နေ့
ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရ
သည်ဟု bdnews24.com တွင် ဖေါ်ပြသည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့
ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစု
မှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။
ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင်
အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။
ယခုတိုက်ခိုက်မူသည် မွတ်ဆလင်တို့၏ အထွတ်မြတ်ထားရာ ကိုရမ် (Quran)
အား facebook တွင် မဖွယ်မရာ လုပ်သည် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက်
စတင်ဖြစ်ပွားသည်ဟု ဆိုသည်။
ကော့စ်ဘဇားခရိုင် ရဲမင်းကြီး Selim Mohammed Jahangir အဆိုပါ တိုက်ခိုက်
ခံရမူအား အတည်ပြု ပြောကြားပြီး ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ရဲ
အဖွဲ့မှ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ သို့သော်မြို့စွန် အနား
ဒေသများတွင် အခြေအနေမှာ အေးဆေး တည်ငြိမ်မူ မရှိသေးဟု သတင်းက
ရေးသည်။
ယခုအခါ ရဲတပ်ဖွဲ့ဝင်များဖြင့် ဗုဒ္ဓဘာသာများ နေထိုင်ရာများကို လုံခြုံရေး
တင်းကျပ်လိုက်ပြီဟု ဆို သည်။
အများဆုံး မီးရှို့ခံရသော နေရာမှာ ရာမူးမြို့မှ (၅) မိုင်ခန့်ဝေးသော Mithhachharhi
Bonbihar တွင်ဖြစ်သည်ဟု နိတိ ဘရာဝါ က ပြောသည်။
အမြင့်ပေ ၁၀၀ ရှိသော တည်ဆောက်နေဆဲ ဗုဒ္ဓရုပ်ထုတော် တစ်ဆူလည်း ဖျက်ဆီး
ခံခဲ့ရသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ယခု တိုက်ခိုက်မူမှာ မွတ်ဆလင် ဘာသာရေး အစွန်းအဖွဲ့များမှ ဦးဆောင်ပြုလုပ်ခြင်း
ဖြစ်ကြောင်း ဆိုသည်။ဖျက်ဆီးခံရရာတွင် ရခိုင်များ ကိုးကွယ်နေသော ရွာကြီးဘက်
ကျောင်းလည်း ပါဝင်ပြီး အဆိုပါ ကျောင်းကို တခြား လူနေအိမ်များကိုပါ မီးကူးစက်
မည်ကို စိုးရိမ်သဖြင့် မီးရှို့ခဲ့ခြင်း မရှိကြောင်း သိရသည်။
ရာမူး (ပန်းဝါ)တွင် ရခိုင် ဗုဒ္ဓဘာသာ နေအိမ်များလည်း တည်ရှိရာ တစ်စုံတစ်ရာ တိုက်
ခိုက်ခဲ့ခြင်း မရှိဟု သိရသည်။
သတင်းရင်းမြစ်း နိရဉ္ဇရာ
No comments:
Post a Comment