Sunday, October 7, 2012
မူဆယ်တွင် စစ်တပ်မှ အရာရှိ ဟန်ဆောင်ပြီး သေနတ် အတုဖြင့် ငွေတောင်းသူ အား ဖမ်းမိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊  မူဆယ်မြို့၊ ကောင်း
နောင်ရပ်ကွက် တွင်နေထိုင်သူ ဒေါ်နန်းစောရင်
၏ နေအိမ် သို့ သေနတ် အတုဖြင့် စစ်တပ်မှ
အရာရှိ ဟန်ဆောင်ကာ ကားနှင့်ငွေ လိမ်လည်
 တောင်းသူအား ဖမ်းမိခဲ့ကြောင်း သိရပါတယ်။
 ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီး အမှုရင်ဆိုင်နေရတဲ့ တရားလို
တစ်ဦးဖြစ်ပါတယ်။
  ခင်ပွန်း သည်ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ ၁၀၅
မိုင် ကုန်သွယ်ရေး ဂိတ်အနီးရှိ ၀ိန်းပိုင်ရွာတွင် အမည်မသိလူတစ်ဦးမှ  သေနတ်ဖြင့်
ပစ်သတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
အမှုအတွက်လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ရောက်လာတဲ့ ရဲအုပ် 
တင်အောင်နဲ့အဖွဲ့ ကို ဒေါ်နန်းစောရင် မှ သတင်းပို့ပြောပြ ခဲ့ တာကြောင့်အထက်
ပါလိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ် ပါတယ်။
`` နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့ တစ်ယောက်၊
 ဆိုင်ကယ်မောင်းသူ တစ်ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲ
ကိုရောက်လာပါတယ်။
 အရာရှိအ၀တ်အစားနဲ့လူကဗိုလ်ကြီးရန်နောင်စိုးဖြစ်ကြောင်းနဲ့ နေပြည်တော်
မှစေလွှတ်လိုက်တဲ့သူဖြစ်ကြောင်း ပြောပြီး အမှုအတွက် ငွေ ၅သိန်းတောင်း
သွားပါတယ်။
 ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွားလာရေး 
အဆင် ပြေစေဖို့ဆိုပြီး ကားတစ်စီးထပ်တောင်းပါတယ်။
ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကိုလုံခြုံ ရေးလုပ်ပေးမယ်လို့ပြောပြီး
 ပြန်ထွက်သွားပါတယ်။
 ကျွန်မလည်းခင်ပွန်းသည်အမှုအတွက်အဆင်ပြေမယ်ထင်ပြီးသူတို့တောင်းဆိုတာ
တွေကို ဆောင်ရွက်ပေးခဲ့တာ ပါလို့ ´´  ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။
မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ 
 ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက်စောင့်ဆိုင်းနေစဉ် ပါရာဒိုကား (နံ့သာ
ရောင်)ဖြင့် လူ ၃ ဦးရောက်ရှိ လာပြီး ဒေါ်နန်းစောရင် အိမ်အတွင်း သို့ ၀င်ရောက်
လာသဖြင့် လုံးထွေးပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။
မှဖြစ်ပါတယ်။ ၄င်းကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတို အတုဖြစ်ကြောင်းလည်း သိ
ရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ ဆက်လက်စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ
 တယ်လို့သိရပါတယ်။
သတင်းရင်းမြစ်   ရှမ်းသတင်းစဉ်
  တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများ
                  ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတု
            တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကား
No comments:
Post a Comment
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ