Wednesday, October 3, 2012

မြန်မာပြည်အတွက် အလုပ်တွေ ရှုပ်နေလား၊ အရှုပ်တွေ လုပ်နေသလား

မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲတွေ 
အများဆုံး အချိန်ကာလကို ပြပါဆိုရင် 
၂၀၁၂ ခုနှစ်ကို ပြရမှာပါ။

 




လူပြိန်း နားလည်အောင် ပြောရရင် စစ်တပ်နောက်ခံ အစိုးရပဲ ခေါ်ခေါ် ၊ ပြောင်း
လဲမှု စတင်ဟန်ဆောင်တဲ့ အစိုးရပဲ ခေါ်ခေါ် ဦးသိန်းစိန် အစိုးရက နိုင်ငံရေး လမ်းစ
 တချို့ကို ဖွင့်ပေး လာတယ်။

အထင်ရှားဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး ထောင်ထွက်

တွေ ရွေးကောက်ခံခွင့် မရှိ ၊ လုပ်ထားတာကို ဖွင့်ပေးလိုက်လို့ ထောင်ထွက်တွေရော
 ဒေါ်အောင်ဆန်းစုကြည်ရော လွှတ်တော်ထဲ ရောက်လာပြီး နိုင်ငံရေးမှာ ပါဝင်ခွင့် 
 ရလာကြတယ်။

ပြည်ပြေးလို့ ခေါ်ရမယ့် ပြည်ပရောက် တွေကိုမြန်မာ ပြည်ထဲ ပြန်လာခွင့်ပေး

လိုက်လို့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် ဆိုသလို မဖြစ်ရအောင် သူ့
ထက်ငါ အလုအယက် ပြေးဝင်နေကြတာလဲ မြင်လာရတယ်။

တချို့က အစိုးရ ၀န်ကြီး တချို့နဲ့တွေ့ ကြ၊ မင်းကိုနိုင် ကိုကိုကြီးတို့နဲ့တွေ့၊ တချို့က

 ဦးခင်မောင်ဆွေ တို့ ပါတီနဲ့တွေ့၊ တချို့ က ခွင်ကောင်းမယ့် အဖွဲ့တွေနဲ့ တွေ့ ကြ 
လုပ်နေကြတယ် ။

မြန်မာပြည်သားတွေ သိကြတဲ့ ဗကပ- တနည်း-ယခင်က နစ်ဖြူလို့ ခေါ်တဲ့ 

(ဗမာပြည် ကွန်မြူနစ်ပါတီ) တော့ မပါသေးဘူး။

ဒါတောင် ဗိုလ်မှူးချုပ်ကျော်ဇော က မသေခင် ရွှေတိဂုံ ဖူးချင်တယ်၊ လွတ်လပ်ေ၇း

 တိုက်ပွဲ ၊ ဂျပန်တော်လှန်တော်လှန်ရေးတိုက်ပွဲ ကာလမှာ လုပ်ဖက် ငယ်ပေါင်း 
မသေကြွင်းကျန် ရဲဘော် သူငယ်ချင်း တချို့နဲ့ တွေ့ ချင်တယ်၊ စကားပြောချင်တယ်၊ 
 ဆိုတာအင်တာနက်မှာ ပလူပျံ တက်လာလို့ သမ္မတဦးသိန်းစိန်က သမီး(၂)
ယောက်နဲ့ အတူ လာခွင့်ပေးတာ ဖတ် လိုက်ရတယ်။


ဗကပ ဗဟိုကော်မတီမှ ဦးဖိုးသံချောင်း

အဖိုးအိုကြီး ပြည်တော်ပြန်သင့်- မပြန်သင့် ဗကပ ဗဟိုကော်မတီက ဆုံးဖြတ် မယ်

ဆိုတာလဲ ဦးဖိုးသံချောင်းတို့ ၊ ဒေါက်တာ ဒေါ်လှကျော်ဇောတို့ က သတင်းဌာနတွေ 
အမေးကို ပြန်ဖြေတာ ကြားရတယ်။

ပြည်ပြေးဆိုတာမြန်မာ အများစု မြင်လွယ်အောင် ပြောလိုက်တာပါ။ယဉ်ကျေးအောင်

ပြောရရင် ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေး သမားကြီးတွေလို့ ပြောမှ 
တိကျမယ်ထင်တယ်။

ပြည်တော်ပြန် ပြည်ပြေးတွေဟာ သူ့ ထက်ငါ -အလုအယက် နာမည်ကောင်းရမ

လား၊ စားခွက်လေးများ အရင်ဦးလို့ ရလေမလား လို့တွက်ကိန်းနဲ့ ပြေးလိုက်ကြ
တာ မျက်နှာ မရ ခြေရာရကြတဲ့ လေသံတွေနဲ့ ညည်းသံတွေ ထွက်တာလဲရှိတယ်။

--အစောဆုံးပြန်တဲ့ ဒေါက်တာဇာနီ ဟာ ပြည်ပကလဲ အယုံ အကြည်မဲ့တာ ခံရသလို

 ပြည်တွင်းရောက်ပြန်တော့လဲ သူထင်သလို စစ်ခေါင်းဆောင်ပိုင်တွေနဲ့ ဘာညာ 
သာရကာတွေ လုပ်ခွင့် ရမယ် အပိုင်တွက်ခဲ့ ထင်ခဲ့တာ သွက်သွက်ခါအောင် မှားခဲ့တယ်။

--ဦးဟန်ညောင်ဝေ ၊ တင်မောင်သန်းတို့ လဲ မြန်မာ ပြည်ပြန်ကာမှ မူဆလင်

 အုပ်စုတွေ နဲ့ တလုံးလုံး တရုံးရုံး ငွေကြေးအတွက် ခြေပုန်း ခုတ်ခဲ့တာတွေ
 ပေါ်ခဲ့သလို ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ ဆုံခွင့် တောင်းပြန်တော့လဲ ၊ 
 ဦးဟန်ညောင်ဝေ ကို ယုံကြည်ဖို့ အချိန် ယူရပါဦးမယ်ဆိုတဲ့ စကားလက်
ဆောင် ယူပြီး ပြန်ခဲ့ရတယ်ဆိုတာ သတင်း ပြန့် ခဲ့တယ်။

--ဒေါက်တာ သောင်းထွန်း ဆိုရင်လဲ မြန်မာပြည် ပြန်လိုက်ကာမှ ဒေါက်တာ 

 စိန်ဝင်းက " သူ-ပြည်တော် ပြန်တာ ကျွန်တော်တို့ မသိလိုက်ပါဘူး၊ သူ့ ကို- 
ကျွန်တော်တို့ အဖွဲ့ က ထုတ်ထားတယ်။ သူ ယူသွားပြီး ပေးတဲ့ ဆုတွေအတွက်
လဲ ကျွန်တော်တို့ အဖွဲ့ကို အကြောင်း ကြားတာ မရှိပါဘူး၊ သူ အခု ကျွန်တော်တို့ 
အဖွဲ့ အပြင်ဘက်ရောက်သွားပေးမယ့် အဲဒီ ကိုယ်စား ယူထားတဲ့ ဆုတွေ က 
ကျွန်တော်တို့ အင်စီဂျီယူဘီ အဖွဲ့ အနေနဲ့ ယူထားတာ ဆိုတော့ အဖွဲ့ နဲ့ အကြောင်းကြားပြီးမှ ပေးသင့်တယ်လို့ " ဗွီအိုအေ မေးမြန်းခန်းမှာ ပြောတယ်။

ဒီတော့မှ အော်- မောင်သောင်းထွန်း တစ်ယောက်တော့ဖြင့် အင်စီ၈ျီယူဘီက အထုတ်ခံလိုက်ရပါလားဆိုတာ ပြည်သူတွေက သိရတယ်။

--လှေနံ လေးဘက်နင်းလို့ ပြောရမလား စွယ်စုံ ညိုအုန်းမြင့်( တရုတ် သွားလိုက်

၊ နအဖ နဲ့ ကေအင်ယူအကြားငြိမ်းချမ်းရေး ကိုယ်စားလှယ် လုပ်လိုက်၊ အင်အယ်လ်ဒီ အယ်လ်အေ(မဲဆောက်မှာ) နိုင်ငံခြားရေးလုပ်လိုက်၊ အနောက် အုပ်စုဘက်လဲ
 မျက်စ ပြစ်လိုက်) ကတော့ ပြည်တော် အပြန် ကောင်းလို့ အင်အယ်လ်ဒီ 
အယ်လ်အေ(မဲဆောက်) တာဝန်ခံ ဦးမြင့်သိန်းက အဖွဲ့နဲ့ ဘာမှ မဆိုင်တော့ကြောင်း၊ ညိုအုန်း မြင့် ပြောသမျှဟာ သူ့ မှာ တာဝန်ရှိကြောင်း ထုတ်ပြန်တာ သစ်ထူးလွင်နဲ့ 
အခြား ၀က်ဆိုက်တွေ ဘလော့ တွေမှာ ပလူပျံတက်လာကြတယ်။

- တချိန်က စာရေး ဆရာကြီး ဦးဝင်းခက်လဲ သြစတေလျ ကနေ ပြည်တော် ပြန်

တော့ သတင်းထောက်တွေ ကြားမှာ "အလယ်ကလူ စကားဝဲ၏ " ဆိုသလို လူကြား
ကောင်းမယ့် စကားတွေ ရွေးပြီး ပြန်ဖြေနေတာလဲ ကြားရ ဖတ်ရတယ်။

--အဆိုးဆုံးကတော့ ဒေါက်တာ နိုင်အောင်ပါဘဲ၊မဲဆောက်မှာ ငြိမ်ငြိမ်လေး ထိုင်နေ

တုန်းက အကောင်းသား၊ ရန်ကုန်မြေ ခြေချ လိုက်မှ မြောက်ပိုင်း လူသတ်မှုက
 ရှောင်မရ တိမ်းမရ နဲ့ သေရွာပြန် အုပ်စုတွေဘက်က သတင်းစာ ရှင်းလင်းပွဲ ကြို
လုပ်ထားတာနဲ့ ကြုံရတော့တယ်။

သတင်းထောက်တွေက ဒီကိစ္စ မေးမြန်းကြတော့ တချိန်က ထောက်လှမ်းရေးတွေ

ပါ တရားခွင်လာမှ ဒီကိစ္စ ဖြေရှင်းနိုင်မယ်လို့ သူ ဘာကောင် (ရိုင်းတယ်လို့ မထင်
စေချင်ပါ၊ မြင်သာအောင် သုံးနှုန်း ခြင်း ဖြစ်ပါတယ်။) ဘယ်သူ့တွေနဲ့ ကွန်ယက် 
ရှိခဲ့သူ-ဖြစ်တယ်ဆိုတာ အစွယ် ထုတ်ပြရတဲ့ အဖြစ်အထိ ဖြစ်ခဲ့ရပြန်တယ်။

ခက်တာက ပြည်ပြေးဆိုတဲ့ ပြည်ပရောက်တွေဟာ လုပ်ချင်တာ လုပ်ကြပြီး လိုချင်

တဲ့ "၈ွင်" မဖြစ်တဲ့ အခါကျတော့မှ ၀ါးလုံးချေးသုတ် ရမ်းကြတာ လဲ ကြားရတယ်။

ဥပမာ။ -- ဦးသိန်းစိန်က ခေါ်တုန်းကခေါ်ပြီး တွေ့ ခွင့် မရဘူးတို့၊ ဒေါ်အောင်ဆန်း 

စုကြည်က တွေခွင့် မပေးဘူးတို့ စသည်ဖြင့် အသံစုံ -ငါးစိမ်းတန်းက အသံတွေလို
 ထွက်နေတယ်။မိုးသီးဇွန် တစ်ယောက် မန္တလေးက အရှင် ၀ီရသူ ကို တွေ့ တော့
 အရှင် ၀ီရသူက " လူဆိုတာ မှားတတ်တာပဲ၊ အမှားရှိခဲ့ရင် ၀န်ခံလိုက်လေ" ဆိုတဲ့ 
စကားဟာ အလွန် တန်ဖိုးရှိတယ်။

ပြည်တော်ပြန် - စားခွက်ရ-ပြည်ပြေးတွေက အမှားကိုလည်း ၀န်မခံ၊ ပြည်ပက

 ဗွီအိုအေ၊ ဘီဘီစီ စတဲ့ သတင်းဌာနက လူတွေနဲ့ ပေါင်းပြီး "ခွေးသေပုတ်ကို 
 ရေမွှေး ဖြန်းပြီး ဆိတ်သားလုပ်ရောင်း" ချင်တဲ့ လုပ်ရပ်တွေ အရှက်မရှိ လုပ်
နေပြန်တယ်။

အမေရိကန်မှာ ၀န်ကြီး ဦးစိုးသိန်း က မြန်မာတွေနဲ့ တွေ့ ဆုံ စကားပြောတာကို အမေရိကန်ရောက် မြန်မာတိုင်း တက်ခွင့်ရှိတယ်၊တက်နိုင်သူတွေ လာရောက်ပြီး နားထောင်ကြတယ်၊ မေးမြန်းကြတယ်၊ဒါကို ဗွီအိုအေက "မြန်မာ့ နာမည်ကြီး 

အတိုက်အခံ များဖြစ်တဲ့ ဒေါက်တာသောင်းထွန်းနဲ့ ဒေါက်တာ နိုင်အောင်တို့လဲ
 ဦးစိုးသိန်း ရှင်းလင်းပွဲကို လာတက်တယ်လို့ ကြေငြာ ထုတ်လွှင့်တယ်။

ဒေါက်တာသောင်းထွန်းဟာ ပြီးခဲ့တဲ့ နှစ်က ဒေါက်တာ နိုင်အောင် ၏ ဇနီးမိန်းမ ဒေါ်ခင်ဥမ္မာနဲ့  နော်ဝနိုင်ငံလာပြီး ဟောပြောပွဲ လုပ်ခဲ့တယ်။



နော်ဝေလာပြီး မြန်မာပြည်မှာဘာတွေ ဖြစ်နေသလဲ၊ ပြည်တော် ပြန်ချိန်လား

 ဟောပြောသူ -ဒေါက်တာ နိုင်အောင်၏ဇနီး ဒေါ်ခင်ဥမ္မာ

ဒီနှစ်ကျတော့ ဒေါက်တာသောင်းထွန်းနဲ့ ဒေါက်တာ နိုင်အောင်တို့က အမေရိကန်သွား ဦးစိုးသိန်းဟောပြောပွဲတက်၊ ခင်ဥမ္မာက နော်ဝေလာပြီး မြန်မာပြည်မှာဘာတွေ

 ဖြစ်နေသလဲ၊ ပြည်တော် ပြန်ချိန်လား -အမည်ရတဲ့ ဟောပြောပွဲတခု နော်ဝေမြန်မာ
 ကော်မတီ( ထိုင်းနယ်စပ်ရှိ အေအေပီပီနှင့် အဖွဲ့အချို့အား ငွေကြေး ထောက်ပန့်သည့်
အဖွဲ့) နဲ့ ပေါင်းပြီး လုပ်သွားတယ်။

ပြည်တော် ပြန်ချိန်လား၊ ဟုတ်တာ၊ မဟုတ်တာ- အပထား ၊ သူ့ လင်တော်မောင် 

၊ ဦးနိုင်အောင် ကတော့ ရန်ကုန်မြေမှာ ခြေချပြီး အင်ဒီအက်ဖ်နဲ့ မဟာမိတ် ၁၀ 
ပါတီကို တွေ့ ခဲ့ စကားပြောခဲ့ ပြီးပါပြီ။

နော်ဝေ မြန်မာကော်မတီ သို့  ၀င်ကြည့်ရန် လင့်----
http://www.burma.no/Nyhetsarkiv/index.html



What is happening in Burma - time to move back home?
Thursday 20th September 2012
The Norwegian Burma Committee invites the Burma Forum titled 

"What is happening in Burma - time to move back home?" Friday
28 September at 09.00. Keynote is Khin Ohmar from Burma 
Partnership.

နော်ဝေ မြန်မာကော်မတီ မှ ဒေါ်ခင်ဥမ္မာ ဟောပြောပွဲ ဖိတ်စာ

ဝင်ကြည့်ရန် လင့်----
http://www.burma.no/Artikler/5345.html
Hva skjer i Burma - på tide å flytte hjem?

Tips en venn • Utskriftsversjon Burmaforum • 20. september 

2012.
Den norske Burmakomité inviterer til Burmaforum med tittelen

 "Hva skjer i Burma - på tide å flytte hjem?" fredag 28. september 
kl 09.00.
Påmelding til info@burma.no

Innledning ved:
· Khin Ohmar, Burma Partnership
· Frankie Abreu, Another development for Burma
Spørsmål og diskusjon
Sted: Den norske Burmakomité, Kirkegata 5, 0153 OSLO
Det vil bli servert enkel frokost.
Påmelding sendes info@burma.no innen torsdag 27.09. kl. 9.00

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကဲ ။မိတ်ဆွေတို့ရေ---
ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်၊တို့က ကတော့

 မြန်မာပြည် ပြောင်းလဲရေးအတွက် အမေရိကန်နဲ့ မဟာမိတ်တွေ အကူအညီ 
ယူရမယ်။ ကူညီကြပါ၊ စီးပွါးရေး ပိတ်ဆို့ တားဆီးထားတာတွေ ရုပ်သိမ်းပါ လို့ ထုတ်ဖော်ပြောဆိုပြီး မြန်မာပြည် အတွက် ပြောကုန်ကြပြီ။

အတိုက်အခံ အမည်ခံ အဖွဲ့ အချို့နဲ့ ပြည်ပြေး (ပြည်ပရောက်) တွေကတော့

 ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဆန်ရှင် ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ ပြော
တာဟာ စဉ်းစားသင့်တယ်လို့ ဝေဖန် နေကြတယ်။

-တချို့ အတိုက်အခံဆိုသူ တွေကတော့ ရခိုင်-ရိုဟင်ရျာ အရေး၊နဲ့ ကချင် ပြဿနာ

 ရေငုံနှုတ်ပိတ်နေရကောင်းလားဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြသူပြက ၊ အင်တာနက်နဲ့ လေလှိုင်းမှာ အော်သူအော် ရေးသူ ရေးကြ နဲ့ ပွဲဆူနေချင်ကြဆဲပဲ။

ဒေါ်အောင်ဆန်းစုကြည်က ပြည်တော်ပြန်တာဟာ မိမိတဦးချင်း ဆုံးဖြတ်ချက်နှင့် 

သာ ဆိုင်ကြောင်း၊ သူမအနေနဲ့ကတော့ ပြည်တော်ပြန်တွေအတွက် စီးပွါးရေး၊ 
လူမှုရေး၊ ပညာရေး၊ လုံခြုံရေး စတာတွေ အတွက် သူမ ဘာမှ တာဝန် မယူပေး
နိုင်ကြောင်း ရှင်းလင်းပြောပြ နေချိန်မှာ- ပြည်ပက မိုက်ခွက်ကိုင် ပြောခွင့်ရ ဦးထုပ်
 ၂ လုံး ၃ လုံး ဆောင်းထားတဲ့ လူတွေကတော့ ပြည်တွင်းက အချိုးမကျလှသေးတဲ့
 အပြောင်း အလဲတွေကို ထောက်ပြပြီး ပြည်ပရောက်မြန်မာတွေ အိမ်ပြန် သင့်သ
လား ၊ ဟုတ်ရဲ့လား ဆိုတာတွေ အော်ဟစ် နေကြပြန်ပြီ။

ဘယ်သူတွေက တိုင်းပြည်အတွက် အလုပ်တွေ ရှုပ်နေလဲ။
ဘယ်သူတွေက မိမိတို့ စားပါက်ချောင် စားခွက်ရဖို့ အရှုပ်တွေ လုပ်နေကြသလဲ။
ငွေရောင် ပိတ်ကားပေါ်မှာ ကြည့်တတ်ဖို့ အမြည်းလေး လက်တို့ ပေးသတင်းပေး

တာကို ခေတ္တ-ခန ဒီလောက်နဲ့ နားပါရစေဦး ဗျာတို့။

-မာတလိ(မဲဆောက်)



သတင်းရင်းမြစ်    ဟစ်တိုင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ