
အောက်တိုဘာ ၈ ရက် ဒေသစံ
တော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်
တွင် မြန်မာနိုင်ငံသံရုံးတွင် သံ
အမတ်ကြီးနှင့် အဖွဲ့ဝင်များ ပညာ
သင်ကြားရန် ရောက်ရှိနေသော
မြန်မာပညာသင်သားများနှင့် တွေ့ဆုံစဉ် သမ္မတကြီး ဦးသိန်းစိန်
ပြောကြားခဲ့သော ဆုံးမ စကားများကို မှတ်မိသလောက် တင်ပြလိုက်ပါသည်။
(Sky Net Up to Date မှ ထုတ်လွှင့်ခဲ့ခြင်းမှ စကားများ ဖြစ်ကြောင်း သိရှိရပါသည်)
““ သူများတိုင်းပြည်တွေမှာ တိုးတက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ
တို့နိုင်ငံမှာ
တော့ ထင်းစည်းလေးချိုးပြပြီး စည်းလုံးညီညွတ်ဖို့ သင်နေရတယ်။
တစ်ချောင်း
ထဲဆိုရင် ကျိုးတယ် သုံးချောင်းလောက်ဆိုရင် မကျိုးဘူး ဆိုပြီး။
ဒါကြောင့် ငြိမ်း
ချမ်းရေးရအောင် ကြိုးစားရတယ်။ အရင်က နှစ် ၂၀ လုံးအဖက်ဖက်က
ပိတ်ဆို့
တာတွေ မဆက်ဆံတာတွေ ဆန့်ကျင်တာတွေ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်း
စုကြည်နဲ့
NLD ပါတီကို ၀န်းရံနေတဲ့ ပါတီတွေဆိုရင်လည်း အရင်က ကျောခိုင်း
နေရာက
အခုမျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်လာအောင် ကြိုးစားခဲ့ပြီ။
ကိုရီးယားနိုင်ငံ မှာ ပညာသင်ကြားဖို့ ရောက်ရှိနေတဲ့ သမီးတို့ သားတို့လည်း
နိုင်ငံခြားရောက်ရင် ပြီးရော ဆိုတဲ့စိတ် မမွေးပါနဲ့ သူများနိုင်ငံတွေမှာ
ဘယ်လိုတွေ ကြိုးစားနေလည်း လေ့လာပါ။ အတုယူပါ။ ကိုရီးယားနိုင်ငံ
တိုးတက်နေတာဟာ
သူတို့လူမျိုးတွေက ၀ီရိယ ကောင်းတယ်။ ကျောက်တောင်တွေကို
တူးဆွပြီး
သီးနှံကို နိုင်ငံတော်အတွက် စိုက်ပျိုးတယ်။ တို့နိုင်ငံဟာ
သယံဇာတ ဆိုရင်လည်း
မထွက်တာ မရှိသလောက်ပဲ။ ရေမြေ ရာသီဥတုလည်း မဆိုးဘူး
အဖက်ဖက်က
ပြည့်စုံ နေပေမယ့် ဘာကြောင့်ဆင်းရဲနေသလဲ ဆိုတော့ brain လိုနေလို့။
ဒါကြောင့်
နည်းပညာတွေ သင်ကြားကြပါ။ သင်ကြားတတ်မြောက်ပြီးရင်လည်း
ကိုယ့်နိုင်ငံ
ကို ပြန်လာပါ။ အခုလည်း ခရီးတွေ ဆက်နေတော့ ပင်ပန်းပါတယ်။
တစ်နေ့ကပဲ
အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက်
စီးပွားရေး အခွင့်
အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်။( ဒီနေရာ
မှာ ကျွန်တော် ၀မ်းနည်းမိပြီး မျက်ရည်ကျမိတယ် အ၇င်ကတည်းက
င့ါအဖေသာ
ဆိုရင် အောက်ကျနောက်ကျ မခံစေချင်ဘူး ဆိုတဲ့ အတွေးက
အမြဲတန်းဖြစ်မိ
လို့ပါ)။ သူတို့ကလည်း စီးပွားရေးနဲ့ လိုအပ်တဲ့ အကူညီတွေ
ပေးနေပါပြီ။
အမေရိကန်ကို ချစ်လွန်းလို့ အားကိုးလွန်းလို့ မဟုတ်ဘူး။
ကိုယ့်နိုင်ငံက နောက်
ကျကျန်နေလို့ ၁၀ လှမ်းနဲ့ မမီလို့ အပြေးလိုက်နေရပြီ။
နိုင်ငံခြားက မိတ်ဆွေတွေ
က မေးတယ် ခင်ဗျားတို့ နိုင်ငံမှာ အလုပ်လက်မဲ့တွေ
ဘယ်လို ထမင်းစားလဲ
ကျွန်တော် တို့နိုင်ငံမှာတော့ အလုပ်မရှိရင် ထမင်းစားဖို့
မရဘူး တဲ့ ကျွန်တော်
တို့နိုင်ငံမှာ အလုပ်လက်မဲ့တွေတော့ ရှိတယ် ဒါပေမဲ့
ထမင်းမငတ်ဘူး လို့ပြော
တော့ အံ့သြသွားတယ်။ ဟုတ်တယ်လေ စားစရာ မရှိရင်
ဘယ်ဘုန်းကြီးကျောင်း
တက်စားစား ရတယ်။ အလှုရှင်တွေကလည်း နေ့တိုင်းရှိတယ်။
ဒါကြောင့် နည်း
ပညာလိုနေတဲ့ အတွက် စာကိုကြိးစားသင် ယူကြပါ။ နောင်ကျရင်
နိုင်ငံတော်
အနာဂတ်က မင်းတို့လူငယ်တွေ လက်ထဲ လွှဲခဲ့ရမှာပဲ။ တို့က
အသက်ကြီးပြီ။””
အထက်ပါ သမ္မတကြီးပြောကြားသော ဆုံးမစကားများကို မနေ့ညက sky net
Up To Date မှာ ကြည့်ရတာပါ။ ဘယ်ဂျာနယ်မှ ဒီလို အဖိုးတန်တဲ့
စကားတွေကို
ဂျာနယ်မျက်နှာဖုံးမှာ စာမျက်နှာ အပြည့် မဖော်ပြပါဘူး။ ကျွန်တော်
မှတ်မိသ
လောက်ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ ကူးယူဖော်ပြ စရာလည်း
ဘယ်စာ
မျက်နှာမှာမှ တင်ပြမထားလို့ ရှေ့နောက် အစီအစဉ်လွဲချော်ခြင်း “၏” နှင့်
“
သည်” အနည်းငယ် လွဲချင်လွဲပါမည်။ သို့သော အဓိပ္ပါယ် မလွဲပါဟု
ရေးသား
တင်ပြသူမှ တာဝန်ယူပါသည်။
မူရင်းလင့်ခ်
http://www.facebook.com/photo.php?fbid=194868873980964&set=a.138593986275120.27522.100003735570627&type=1&ref=nf
မူရင်းလင့်ခ်
http://www.facebook.com/photo.php?fbid=194868873980964&set=a.138593986275120.27522.100003735570627&type=1&ref=nf
သတင်းရင်းမြစ်း Hmuu Zaw (Facebook )
No comments:
Post a Comment