Wednesday, October 10, 2012
"ကမ္ဘောဇဘဏ်ပြိုလဲအောင် မမှန်မကန် သတင်းလွှင့် တိုက်ခိုက်မှု ဝိုင်းဝန်း ဖြေရှင်းပေးသူများအား ကျေးဇူးတင်ဟု ဆို"
Photobucket လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) အဖွဲ့
အစည်း တစ်ခုခုက ဘဏ်ပြို လဲစေရေး
အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ကောလာ
ဟလသတင်းများ ထုတ်လွှင့် ကာ တိုက်
ခိုက် ခဲ့ခြင်းကို ဝိုင်းဝန်းဖြေရှင်းပေးခဲ့ကြ၍
 မီဒီယာ အပါ အဝင် ဗဟို ဘဏ်နှင့် မြန်မာနိုင်ငံ ဘဏ်များ အသင်းကို အထူး
ပင်ကျေးဇူးတင် ရှိ သည်ဟု ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းက ထုတ်
ဖော်ပြောကြားလိုက်သည်။
''ပြီးခဲတဲ့ သောကြာနေ့က ကျွန်တော်နဲ့ပတ်သက်ပြီး သတင်း အမျိုး မျိုး ထွက်ပေါ်
လာတာကို ဘဏ်များအသင်းက ဦးဆောင်ဦး ရွက်ပြုပြီး မီ ဒီယာ ကို ဖိတ်ခေါ်
 သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပေးခဲ့ အတွက်ေ ကြာ င့် ပြည် သူတွေကြား ထဲကို သတင်းမှန်တွေ ရောက်ပြီး ကောလာဟလတွေ ပပျောက် သွား တာကြောင့်
သတင်းစာ ရှင်းလင်း ပွဲပြုလုပ်ပေး တဲ့ မြန် မာနိုင် ငံဘဏ် များ အသင်းရော၊ ဗဟို
 ဘဏ်ရော မီဒီယာတွေကိုရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်'' ဟု ဦးအောင်
 ကိုဝင်း က ပြောကြား သည်။
နိုင်ငံရေးစနစ် အပြောင်းအလဲ အချိန်ကာလ အတိုင်းအတာ တစ်ခု အတွင်း နိုင်ငံ
တကာ၏စီးပွားရေး ပိတ်ဆို့ အရေးယူထားမှု များကို ဖယ် ရှားပေးနေ စဉ် နိုင်ငံခြား
 ရင်းနှီးမြှပ်နှံမှုများ အလုံး အရင်းဖြင့် ဝင် ရောက် လာရန် တာစူနေသည့် အချိန်တွင်
 ယခုကဲ့သို့ ဘဏ်များနှင့် သက်ဆိုင် သည့် ကောလာဟလ သတင်းများ ထွက်ပေါ်
လာ မှုမှာ ပြည်တွင်း ငွေကြေး ကဏ္ဍ ကို က မောက် ကမဖြစ်စေလိုသည့် ရည် ရွယ်
ချက်ဖြင့် သာ ပြုလုပ် ကြခြင်းဖြစ် ကြောင်း ၄င်းကပြောသည်။
''ဒီမှာက ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်ရှိတယ်။ အဲဒါတွေအကုန်လုံး ကလည်း ညီနောင်
ဘဏ်တွေပဲ။ အခုကိစ္စဟာ ညီနောင် ဘဏ်ေ တွ ကြော င့်ဖြစ် တာ မဟုတ်နိုင်ဘူး။
သို့ သော်လည်း ကျွန်တော်တို့ ဘဏ် ရဲ့ အော င်မြင် မှု၊ ကျွန်တော်တို့ တိုင်း ပြည်မှာ
 အကြီးဆုံး ငွေကြေး အဖွဲ့ အစည်း တစ်ခု ကို တိုက်ခိုက် လိုက်မှ ငွေရေးကြေးရေး
ကမောက်က မဖြစ် တာေ တွပေါ်ပေါက်မယ်။ အဲလို ငွေ ကြေး ကမောက်ကမဖြစ်မှု
 နောက် ဆက်တွဲ မှာ နိုင်ငံရေး ကဏ္ဍ က မောက်ကမ ဖြစ်မှုတွေလည်း ဖြစ် လာမှာ
ဖြစ် တဲ့အတွက် ဒါကို ရည် ရွယ်ချက်ရှိရှိနဲ့ တစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ခု
က လုပ်တယ်လို့ ထင်ပါတယ်'' ဟု ဦးအောင်ကိုဝင်း က ထပ်ေ လာ င်းပြောကြားသည်။
ယခုကဲ့သို့ ဘဏ်များနှင့်သက် ဆိုင်သည့် ကောလာဟလသတင်း များထွက်ပေါ်လာ
မှုမှာ တိုင်းပြည် ဖွံဖြိုး တိုးတက်ရေးအ တွက်ေ ဖာ် ဆော င်နေသည့်အချိန် ပြည်တွင်း
၌ ငွေကြေးက မောက်ကမမှုများဖြစ် ပြီး ပြည် ပမှ ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီုး
မြှပ်နှံမှုကဏ္ဍ အား လုံးကို ပါ နော က် ဆက် တွဲ ဆက် တိုက်ရှုပ်ထွေး မှုများ ဖြစ်ပေါ်
သွား စေနိုင်သော် လည်း လက်ရှိအနေ ထားတွင် ဗဟိုဘဏ်မှ ပုဂ္ဂလိက ဘဏ်များနှင့်
 ပတ် သက် ၍ တာဝန်ယူ မှုများ ပြုလုပ်ပေးနေသည့် အတွက် ပြည်တွင်း ဘဏ် များ
ပြိုလဲ ရန် တိုက် ခိုက်နေမှုမှာ ထိရောက်သည့် တိုက် ခိုက်မှု မဖြစ်ပေါ်နိုင်ကြော င်း ကို
''အခုလက်ရှိ ဘဏ်အခြေ နေက အချိန်မီကုစားနိုင်တဲ့အတွက် ပုံမှန် အနေထားကို
 ပြန်ရောက်နေပါ ပြီ။ ဖြစ်ခဲ့တဲ့ဟာကို အချိန်မီ မကု စားနိုင် ရင် ပြဿနာရှိပါတယ်။
အခု က အဘက်ဘက်က ဝိုင်းဝန်းကူညီခဲ့ တဲ့အ တွက် အခုအဆင်ပြေသွားပါ ပြီ''ဟု ဦးအောင်ကိုဝင်းက ပြော သည်။
ထွက်ပေါ်ခဲ့သည့် ကောလာ ဟလများကြောင့် ကမ္ဘောဇဘဏ် အ တွင်း မှ ငွေကျပ် ၈ ဘီလီယံ ကျော်ကို ပြည်သူများက ယင်းရက် ပိုင်းများ အတွင်း ထုတ်ယူခဲ့ကြပြီး ယခု
အချိန်တွင် ဘဏ်အတွင်း၌ ပုံမှန် ငွေထုတ်ငွေ သွင်းကိစ္စများ ကို ယခင်အတိုင်း ပြန်လ
ည်ဆောင် ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းရင်းမြစ်    Popular Myanmar News    
No comments:
Post a Comment
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ