Wednesday, October 10, 2012

မြင်းကပါနာရေးအသင်း ရုံးခန်းငယ် ဆောက်လုပ်ခွင့် ရှေးဟောင်းက ပိတ်ပင်တားဆီး

Photobucketပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း
 စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက် အဦး
အသစ်များ တည်ဆောက်မှုအား ခွင့်ပြု ထား
သော်လည်း မြင်းကပါရွာမှ နာရေးကူညီမှု
အသင်းအတွက် အဆောက်အဦးရုံးခန်းငယ်

 တည်ဆောက်ရာ၌   ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဋ္ဌာနက လာရောက်ပိတ်ပင်
တားဆီးခဲ့ကြောင်း သိရသည်။
 
 “မြို့ဟောင်းမှာ ဟိုတယ်အသစ်တွေ ဆောက်တာတော့ မတားဆီးဘူး၊ 
ကျွန်တော်တို့ မြင်းကပါ ရွာမှာ နာရေးကူညီမှုအသင်းရုံး ခန်းလေးဆောက်
တာကို ရှေးဟောင်းက လာပြီး ပိတ်ပင်သွား တယ်’’ ဟု မြင်းကပါနာရေး
ကူညီမှုအသင်းဥက္ကဋ္ဌ ကိုဇော်မျိုးလွင်က ပြောသည်။
 
ရှေးဟောင်းနယ်မြေအတွင်းတွင် ဘုရားပရ၀န်နှင့်ပေ(၉၀)အတွင်းမည်သည့်
အဆောက်အဦးမှတည်ဆောက်ခွင့်မပြုကြောင်းကို ပုဂံရှေးဟောင်းအဖွဲ့က 
ထုတ်ပြန်ထားကြောင်းကိုလည်း သိရသည်။
 
မြင်းကပါနာရေးကူညီမှုအသင်းအတွက် အဆောက်အဦးတည်ဆောက်ရာ၌ ဘုရားနယ်မြေနှင့် ပေ(၁၀၀)အကွာမှ တည်ဆောက်ခြင်းဖြစ်ပြီး၊ ညောင်ဦးမြို့
နယ်ရှိ  ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မြေစာရင်းရုံးများ
က တည်ဆောက်ခွင့်ရ၍ တည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
 “ ကျွန်တော်တို့ ဆောက်တာကလည်း မြေစာရင်းရုံးနှင့် ခရကတို့က ခွင့်ပြုလို့
 ဆောက်တာ ပါ’’ဟု မြင်းကပါနာရေး အတွင်းရေးမှူး ကိုမြဇော်ကပြောသည်။
 
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ဟိုတယ်အသစ်များ ၊စားသောက်ဆိုင်များ 
ယခုလက်ရှိအထိ တည်ဆောက်နေကြောင်း၊ ထိုကဲ့သို့တည်ဆောက်နေခြင်းကြောင့် ပုဂံမြို့သစ်သို့ ပြောင်းရွှေ့ပေးခဲ့ရသော နေအိမ်အများစုမှာ ထိုက်တန်မှုမရှိကြောင်းကို
လည်း ဒေသခံတို့က ဆိုသည်။
 
 ယခုနှစ်စက်တင်ဘာလအတွင်းတွင် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်
နှင့်စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ရှေးဟောင်း
နယ်မြေအတွင်း အဆောက်အဦးအသစ်များ တည်ဆောက်ခွင့် မပြုကြောင်းကို
လည်း ပြောကြားထားသည်။
 
ပုဂံညောင်ဦးရှေးဟောင်းနယ်မြေအတွင်းတွင် အဆောက်အဦးသစ်များတည်
ဆောက်နေခြင်းကြောင့် သမ္မတထံစာ တင်ပြီး ဆန္ဒထုတ်ဖော်သွားမည်ဟု ပုဂံ
ရှေးဟောင်းနယ်မြေယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး
အဖွဲ့မှ သိရှိရသည်။
 

သတင်းရင်းမြစ်   Shwe Myitmakha Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ