Wednesday, October 10, 2012

ဘင်္ဂလား ပင်လယ်အော် လေဖိအားနည်း ရပ်ဝန်း မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိ

Photobucket ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်
ဝန်းသည်ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်
 အဆင့်သို့ ရောက်ရှိ သွားနိုင်သည်ဟုမိုးလေဝသနှ
င့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်၏ 
အင်တာနက် သတင်းစာ မျက်နှာတွင် ဖော်ပြချက်
 အရ သိရသည်။


အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့ယွန်းယွန်းကို ရွေ့လျား နိုင်ပြီး ယနေ့
မွန်းတည့်မှ နောက် (၃၆) နာရီအတွင်းရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်
 နိုင်ငံ နယ်စပ် အနီးမှကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက် နိုင်ကြောင်း ယင်း
ဝဘ်ဆိုက်တွင်ဖော်ပြ ထားသည်။ မုန်တိုင်းငယ် ကမ်းခြေကို ဖြတ်ကျော်နေစဉ်
အတွင်းလေတိုက်ခတ်မှုနှုန်းမှာတစ်နာရီမိုင် (၄ဝ)မှ(၅ဝ) အထိသာ တိုက်ခတ်နိုင်
ကြောင်း ပင်လယ်ပြင် အတွင်း၌ မူမကြာခဏ မိုးသက် လေပြင်းများ ကျရောက်နိုင်ပြီး
 ရေပြင် မြေပြင်လေမှာတစ်နာရီ(၄၅)မိုင် အထိ တိုက်ခတ်နိုင်ကာ လှို်င်းကြီး နိုင်ပြီး
လှိုင်းအမြင့်(၈ ပေမှ ၁ဝ ပေ) ခန့်အထိ ရှိနိုင်ကြောင်းယင်းသတင်း စာမျက်နှာတွင်
 ရေးသားထားသည်။

“ အခု လောလောဆယ်တော့ မုန်တိုင်းအဆင့် မရောက်သေးဘူး ။ရခိုင် ကမ်းရိုး
တန်းတစ်လျှောက်ကိုတော့ မုန်တိုင်းရဲ့ Impactရိုက်ခတ်နိုင်တယ် ခုတော့ မောင်းတော
မှာ လေတွေ စတိုက်နေပြီ။ ပင်လယ်ပြင်ရေလုပ်သားတွေ ငါးဖမ်း မထွက်သင့်တော့ဘူး ”
 ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးဦးချစ်ကျော်
က ဆိုသည်။

မုန်တိုင်းဝင်ရောက်မှု အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း
 ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တို့တွင်နေရာ
အနှံ့အပြား မိုးရွာနိုင်ပြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့်စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းတို့တွင် နေရာကွက်ပြီးမိုးကြီးနိုင်သည်ဟု ဦးထွန်းလွင်၏ သတင်း စာမျက်နှာ
တွင် ဖော်ပြထားသည်။
သတင်းရင်းမြစ်း  The Voice Weekly

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ