အောက်တိုဘာ ၁၆ ရက်တွင် ကော့သောင်းမြို့၌
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်
အားပေးစက်ရုံ
အား ကန့်ကွက်ဆန္ဒပြမည့်ပွဲ ကျင်းပမည် ဟု
ကော့သောင်း
မြို့ခံများမှ သတင်းရရှိသည်။
ကော့သောင်းမြို့ရှိ ရပ်ကွက် ၁၀
ရပ်ကွက်သို့ ဖြတ်သန်းသွားလာ၍ ဆန္ဒဖော်ထုတ်ခွင့်
ရရှိခဲ့ပြီး
လုံခြုံရေးအင်အား ၂၀ က လိုက် ပါစောင့်ရှောက်ပေးမည်ဟု
ကော့သောင်းမြို့
ရဲစခန်းက အတည်ပြု ပြောကြားသည်။
ဆန္ဒပြပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ ခွင့်ပြုထားပြီး ၁၂ နာရီမတိုင်ခင် လူစုခွဲရန်
ဆန္ဒပြပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ ခွင့်ပြုထားပြီး ၁၂ နာရီမတိုင်ခင် လူစုခွဲရန်
ကြိုတင်မှာကြား ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ ဆန္ဒပြပွဲ စတင်နေရာ မှ
ရွှေပြည်သာ
ရပ်ကွက် ဂန္တ၀င်လမ်းမှ ကော့သောင်းတစ်မြို့လုံးကို စီတန်းလှည့် လည်
ဆန္ဒပြမည်
ဖြစ်ကြောင်း ယခင်က လူအင်အား ငါးသောင်းဖြင့် ဆန္ဒပြ ရန်
တောင်းဆိုမှုကို လုံခြုံ
ရေးအင်အား မလုံလောက်သောကြောင့် ခွင့်မပြုခဲ့ဘဲ
လူအင်အား ၅၀ သို့ လျှော့ချ
လိုက်ရခြင်းဖြစ်ကြောင်း၊
လူအင်အား ၅၀ ခွင့်ပြုလိုက်သော်လည်း အမှန်တကယ်
ကန့်ကွက်သည်မှာ
တစ်မြို့လုံးနီးပါး ရှိကြောင်းဆန္ဒပြပွဲတွင်ပါဝင်မည့်
ကော့သောင်း
မြို့ခံတစ်ဦးကပြောသည်။
သတင်းရင်းမြစ်း 7 Days News Journals
No comments:
Post a Comment