စစ်တကောင်း ဒေသကို မုန်တိုင်း ဖြတ်ကျော်
ဝင်ရောက် တိုက်ခတ်သွားခဲ့တဲ့ အတွက်
ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လူ ၂၂ ဦး သေဆုံး
သွားခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ န၀ါခါလီ၊ စစ်တကောင်း၊ ဘိုလာနဲ့ ဖေနီ မြို့နယ်တွေ
က ဖြစ်ကြပါတယ်။
မုန်တိုင်းဟာ လေဖိအားနည်း ရပ်ဝန်းငယ် တစ်ခု အဖြစ် ဘင်္ဂလာ ပင်လယ်အော်
အတွင်း တည်ရှိနေရာကနေ ရုတ်တရက် ဘင်္ဂလာဒေခ်ျ့နိုင်ငံက ပင်လယ်ကမ်းခြေ
ဒေသတွေကို ယမန်နေ့ နံနက် ၂ နာရီကနေ ၆ နာရီ အတွင်း ၀င်ရောက် မွေနှောက် တိုက်ခတ်သွားခဲ့ပါတယ်။
သေဆုံးသွားသူတွေဟာ ဘိုလာမြို့နယ်က ၆ ဦး၊ စစ်တကောင်းက ၄ ဦးနဲ့ န၀ါခါလီ
က ၁၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ငါးဖမ်းသမား ၁၀၀၀ ခန့်က အခုအချိန်ထိ
ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။

မုန်တိုင်းကြောင့် ဒေသအတွင်းက ဓနိ- သက်ကယ်မိုး အိမ်တွေ အများအပြား
လည်း ပြိုပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။ စုစုပေါင်း အိမ် ၈၀၀ ခန့် ပျက်စီး
သွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
ဟ﷿8w^_ မောင်တောနယ်စပ်မှာတော့ မိုးကြီးပြီး လေပြင်းတိုက်တာက လွဲပြီး
အပျက်အစီး မရှိဘူးလို့ သိရပါတယ်။ မုန်တိုင်း ရှိနေတာကြောင့် သုံးရက်ဆက်
တိုက် မိုးတွေ မရပ်မနား ရွာသွန်းနေခဲ့တဲ့ အတွက် လူတွေ အပြင်ထွက် မသွား
လာနိုင်တာကြောင့် အလုပ်အကိုင် ပျက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
သတင်းရင်းမြစ်း နိရဉ္ဇရာ

No comments:
Post a Comment