
နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကရင်အမျိုး
သားအစည်းအရုံး (KNU) ရဲ့ ဗဟိုကော်မတီ
အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပြီး
ဆွေးနွေးဖို့ရှိတယ်လို့ ဗဟိုကော်မတီဝင်တစ်ဦး
က ပြောပါတယ်။
ဒီအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ကေအန်ယူထိန်းချုပ်ရာ တပ်မဟာ
၇ နယ်မြေအတွင်း ကျင်းပမှာဖြစ်ပြီး အစည်းအဝေးမှာ အဓိကထား ဆွေးနွေးမယ့်
အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကေအန်ယူ ဗဟိုအမြဲတမ်း ကော်မတီဝင်တဦး
ဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က ခုလို ပြောပါတယ်။
“အဓိကက ကေအန်ယူထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးအရ အမြင်မတူမှုတွေကို ညီညွတ်ရေးအတွက် ရှေးရှုပြီးတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှု လုပ်မှာဖြစ်ပါတယ်။”
ဒါ့အပြင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အပါအ၀င် အဖွဲ့ဝင် ၃၀ လောက် ပြီး
ခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ဘားအံမှာ ဆက်ဆံရေးရုံးဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီး
ဆွေးနွေးကြဖို့ရှိသလို၊ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗိုလ်မှူး ရောဂျာခင် နဲ့ ကွယ်လွန်
သွားပြီဖြစ်တဲ့ ပဒိုဒေးဗစ်ထောတို့ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး
ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment