
အတွက် ရက်တိုအတွင်း အမြန်နေထိုင်
နိုင်ရန် လူအုပ်စု နှစ်ဖက်လုံးအတွက်
ယာယီအိမ်သစ်များ ပြိုင်တူ ဆောက်
လုပ်ပေးနေကြောင်း ပြည်နယ်ဝန်ကြီးချုပ်
ဦးလှမောင်တင် က ပြောသည်။
လက်ရှိအခြေအနေတွင် ဒုက္ခသည်စခန်းများ၌ အိမ်အလုံးပေါင်း ၇၅၀ ခန့် ထပ်မံ
ဆောက်လုပ်ပေးရန်ရှိပြီး ၅၅၀ ခန့် ဆောက်လုပ်ပြီးစီးကြောင်း သိရသည်။ ထို
ယာယီိအိမ်များမှာ ၄ ခန်းကို တတွဲ ဖြစ်ပြီး သွပ်မိုး၊ ထရံကာ၊ ဝါးကွပ်ပျစ် ခင်းထား
သည်။ အောက်ခြေတိုင်များကို သစ်ပျော့၊ သစ်မာ မျိုးစုံဖြင့် အသုံးပြုထားသည်။
ရေချိုးခန်းနှင့် အိမ်သာများကို လည်း ကျား/မ ခွဲခြားဆောက်လုပ်ပေးထားသည်
ကို တွေ့ရသည်။
“တခန်းကို မိသားစုတစု၊ လူဦးရေ ရှစ်ယောက်လောက် နေနိုင်အောင် မှန်းထား
ပါတယ်။ စခန်းအားလုံးမှာ ဆိုရင်တော့ အနည်းဆုံး လူ ၆ သောင်းကျော်ခန့် နေနိုင်
ဖို့ ခန့်မှန်းထားပါတယ်” ဟု စခန်းဆောက်လုပ်ရေးမှ တာဝန်ရှိသူ တဦးက
ပြောသည်။
ရခိုင်လူမျိုးများ နေထိုင်ရန်အတွက် လျာထားသည့် အိမ်အလုံး ၃၀၀ အနက် အလုံး
၂၅၀ ဆောက်ပြီးဖြစ်ကာ မူဆလင် များအတွက် လျာထားသည့် အိမ်လုံးရေ ၆၀၀
အနက် ၃၀၀ ကျော် ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ မူဆလင် ဒုက္ခ
သည်များမှာ ပိုမို များနေသောကြောင့် စခန်းများလည်း ပိုမိုဆောက်လုပ်ပေးရကြောင်း
ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူ တဦးက ဆိုသည်။
စစ်တွေမြို့၌ ဒုက္ခသည်စခန်း ၁၀ ခု ရှိပြီး ဒုက္ခသည်အချို့မှာ ဘုန်းကြီးကျောင်းများ
အတွင်းနှင့် စာသင်ကျောင်းများအနီးတွင် တဲများထိုးကာ နေထိုင်ရလျက်ရှိသည်။
စခန်းများကို တိုးချဲ့ဆောက်လုပ်ပေးခြင်းကြောင့် မိသားစုများနှင့် အတူနေနိုင်ပြီး
ယခုနေထိုင်ရသော အခြေအနေထက် ပိုကောင်းမည်ဟု ထင်ကြောင်း ရွှေစေတီ
ဘုန်းကြီးကျောင်းတွင် ယာယီ နေထိုင်သူများက ပြောသည်။
သတင်းရင်းမြစ်း မဇ္ဈိမ
No comments:
Post a Comment