Friday, October 12, 2012

တုတ်ကွေးရောဂါ ဖြစ်ပွားတဲ့ ရခိုင်က ကျေးရွာသားများ ဆေးကုသရန် အခက်အခဲရှိ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ ကျေးရွာ
တချို့တွင် တုတ်ကွေးရောဂါ ဖြစ်ပွားနေသော်
လည်း ဆေးကုသမှု ခံယူရန် အခက်အခဲ ရှိနေ
ကြသည်ဟု သတင်းရရှိသည်။

“ ကျွန်တော်တို့ နတ်ကန်ကျေးရွာမှာ အခု တုတ်ကွေးရောဂါ တစ်အိမ်ကို
၂ ဦး ၃ ဦးကျနီးပါး ဖြစ်နေကြပါတယ်။ ဆေးခန်းကလဲ မရှိဘူး၊ ဆေးခန်းရှိတဲ့
 ပြင်ကြီးရွာကို တစ်နာရီခွဲလောက်  ကုန်ဿး7N_[w်။ တချို့က
 ဆေးခန်းကို သွားရောက်ကုသနိုင်ပေမယ့် အများစုကတော့ သွားရောက်
မကုသနိုင်ဖြစ်နေကြပါတယ်” ဟု နတ် ကန်ကျေးရွာသားတစ်ဦးက ပြောသည်။

နတ်ကန်ကျေးရွာမှာ တောင်ကုတ်မြို့ တောင်ဖက်တွင် တည်ရှိပြီး အိမ်ခြေ ၂၀၀
နီးပါးရှိသော ကျေးရွာကြီး တစ် ရွာဖြစ်သည်။

“ တောင်ကုတ်ကို လူနာတွေကို ယူဆောင်မယ်ဆိုရင်လည်း စက်လှေနဲ့ ၃ နာရီခွဲ
လောက် ခုတ်မောင်းရပါတယ်။ ဆင်းရဲသူတွေ များတော့ မြို့ပေါ်သွားပြီး မကုသနိုင်
 ဖြစ်နေကြပါတယ်။ ငွေမရှိတာက တကြောင်း၊ ဆေးခန်း ကို ကုန်းလမ်းခရီးသွားပြီး
ကုနေကြရတာက တစ်ကြောင်း ဒါကြောင့် ဆင်းရဲသားတွေအတွက် ဆေးကုသဖို့
အ ခက်အခဲ ဖြစ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

တုတ်ကွေးရောဂါကို ဆေးကုသမှု အခက်အခဲဖြစ်နေသော်လည်း ယခုအချိန်ထိ
အသေအပျောက် မရှိသေးဟု သိရသည်။ပြင်ကြီးကျေးရွာတွင် တည်ရှိသော
 ဆေးခန်းတွင် အပြာဝတ် ဆရာမတစ်ဦး၊ သားဖွားဆရာမတစ်ဦးနှင့် ကျန်းမာ
 ရေးမှူး တစ်ဦးရှိသည်ဟု သိရသည်။

တုတ်ကွေး ရောဂါ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ဆေးခန်းတာဝန်ရှိသူများကို
ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ် မရသဖြင့် ပြင်ကြီး ကျေးရွာသား
တစ်ဦးကို ဆက်သွယ်မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ ဟုတ်ပါတယ်။ ကျွန်တော်တို့ရွာ ဆေးခန်းမှာ ဆေးလာကုတဲ့ သူတွေကိုတော့
 တွေ့ပါတယ်။ ဘယ်ရွာက လူ တွေ၊ ဘာကြောင့် လာကုသတယ်ဆိုတာ မသိပါ
ဘူး။ ဆေးခန်းမှာတော့ ဆရာမနှစ်ယောက်နဲ့ ဆေးမှူးတစ်ယောက် ရှိတယ်။
 ဆေးဝါးပစ္စည်း မလုံလောက်လို့တော့ ကြားပါတယ်။”

တုတ်ကွေးရောဂါ ဖြစ်ပွားနေသော နတ်ကန်ကျေးအနီးအနားရှိ ဂျိုင်ဂေါင့်ကယ်၊
 ဂျီပြင်ကျေးရွာများမှ ကျေးရွာ သားများမှာ ပြင်ကြီးဆေးခန်းတစ်ခုတည်းကိုသာ မှီခိုအားကိုးနေကြရသဖြင့် ရောဂါ ကူးစက်ဖြစ်ပွားလာမည်ကို အထူးစိုးရိမ်နေကြ
သည်ဟု ပြောသည်။

အဆိုပါ ကျေးရွာသားများမှာ များသောအားဖြင့် လယ်ယာလုပ်ငန်း၊ ဥယျဉ်
လုပ်ငန်းနှင့် တံငါ လုပ်ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေကြသူများ
ဖြစ်ပြီး စီးပွားရေးအရ အလွန် ကျပ်တည်းကာ အခက်အခဲ ဖြစ်နေကြရ သည်။



ရခိုင်ပြည်နယ်တွင် တောင်ကုတ်မြို့သည် ပြည်မနှင့် ဆက်သွယ်ရာတွင် အဓိက
 ကျသော ဆက်သွယ် ရေးလမ်း ကြောင်း မြို့တစ်မြို့ဖြစ်သော်လည်း မြို့နယ်
အတွင်းရှိ ကျေးရွာ အများအပြားမှာ ဆက်သွယ်ရေး အခက်အခဲ ရှိနေ သေး
သည်ဟု NLD တောင်ကုတ်မြို့နယ် မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်
ဥက္ကဌ ဦးစိုးချစ်မောင်က ပြော သည်။

“ ကျွန်တော်တို့ တောင်ကုတ်မြို့နယ်မှာ ကုန်းလမ်းခရီးကို အသုံးပြုပြီး သွားလာရတဲ့
 ကျေးရွာ တွေထက် ရေလမ်း ခရီးကို အဓိကထား သွားလာရတဲ့ ကျေးရွာတွေက
 များပါတယ်။ ဒါကြောင့် ကျန်းမာရေးဘဲ ဖြစ်ဖြစ်၊ တခြား အ ရေး ကြီးတဲ့ ကိစ္စတွေ
ဘဲ ဖြစ်ဖြစ် သွားလာရတာ တော်တော် အခက်အခဲ ရှိနေကြပါတယ်။ ဒါတွေကို
သက်ဆိုင် ရာ တာဝန်ရှိသူတွေက ဆေးခန်းတွေ ဆောက်ပြီး  အမြန်ဆုံး ဖြေရှင်း
 ပေးသင့်ပါတယ်”  ဟု ဆိုသည်။

၎င်းအပြင် တောင်ကုတ်-           ဆင်တဲ ကားလမ်းတလျှောက် ရခိုင်ပြည်နယ်
ဖက်ခြမ်း ရခိုင် ရိုးမပေါ်တွင် တည်ရှိသော ကျေးရွာများတွင်လည်း ကျန်းမာရေး
 စောင့်ရှောက်မှု ကင်းမဲ့နေသဖြင့် ပြည်သူများမှာ ကျန်းမာရေး ချို့တဲ့ကာ အထူး
ဒုက္ခရောက် နေကြသည်ဟု စုံစမ်းသိရှိရသည်။


သတင်းရင်းမြစ်   နိရဉ္ဇရာ   

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ