Friday, October 26, 2012

ရှားခဲအင်းရွာသား ၃ ဦး တရားစွဲဆိုခံရ

My Logoဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲ
တိုက်နယ်ကျေးရွာမှာ ဒေသခံ ရွာသား
 ၃ ဦးကို ငါးလုပ်ငန်းဦးစီး ဌာနက  အင်း
ထဲမှာ  တရားမ၀င် ငါးဖမ်းမှုနဲ့ တရားစွဲ
ထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။



ရှားခဲအင်းရွာသား ကိုထွန်းထွန်းမိုး၊ ကိုကျော်ကြီးနဲ့ ကိုစိုးတင့်တို့ကို ကျုံပျော်မြို့နယ်
ငါးလုပ်ငန်းဦးစီး ဦးအောင်ဆန်းဝင်းက  လေလံမရှိဘဲ ငါးဝင်ရောက်ဖမ်းဆီးတဲ့ပြစ်မှု၊
 ရေချိုငါး အက်ဥပဒေပုဒ်မ ၄၂ (ခ)နဲ့  ကျုံပျော်တရားရုံးမှာ မနေ့က တရားစွဲဆိုခဲ့ကြောင်း ကိုထွန်းထွန်းမိုးက ပြောပါတယ်။


“တရားရုံးကို သွားတော့ တရားသူကြီးနဲ့တွေ့တဲ့အခါ ရေချိုနဲ့ စွဲတယ်။ ရေချိုနဲ့စွဲတာက
မနှစ်က အင်းသူကြီးက ငါးဦးစီးကို တိုင်လို့ ဦးအောင်ဆန်းဝင်းက ရေချိုအက်နဲ့ စွဲတယ်
ပြော တယ်။ ရေချိုအက်နဲ့စွဲတာက စခန်းကလာပြောတော့ ၃ ရက် ၅ လပိုင်းက စွဲတဲ့
အမှုလို့ ပြောတယ်။ တရားရုံးကပြောတာကျတော့ ၃၀ ရက် ၄ လပိုင်းက စွဲတယ်ပြော
တယ်။ နောက် အာမခံပေးပြီး ကျနော်တို့ကို ပြန်လွှတ်တယ်။ ဘာလို့လဲဆိုတော့
 တရားလို ဦးအောင်ဆန်းဝင်းက မလာဘူးလေ၊ ဒါကြောင့် နောက် တပတ်ပြန်ချိန်း
တယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က ရှားခဲအင်းရွာမှာ  အင်းလုပ်သားနဲ့ အင်းလုပ်ငန်း
ရှင်တွေအကြား ခိုက်ရန်ဖြစ်ပွားရာမှာ  ရွာသားတဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်က ၀င်ရောက်နှိမ်နင်းရာမှာ နောက်ထပ် ၂ ဦး  ထပ်မံ သေဆုံးပြီး ၂  ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့ ရွာသားအတွက် ကျူးလွန်သူကို အရေးယူပေးဖို့ ရွာသားတွေ တောင်း
ဆိုနေချိန်မှာ ရွာသားတွေ တရားစွဲဆိုခံရတာပါ။

အမှုကို  တရားလိုဘက်က မလာတဲ့အတွက် လာမယ့် နိုဝင်ဘာ ၆ ရက်နေ့မှာ ပြန်လည်
ချိန်းထားပါတယ်။တရားစွဲခံရသူတွေကတော့ မတရား၊ တရားစွဲခံရတာဖြစ်တဲ့အတွက်
အမှုပြန်ဖွင့်ဖို့ အစီအစဉ် ရှိတယ်လို့  ကိုထွန်းထွန်းမိုးက ပြောပါတယ်။

ရှားခဲအင်းကို အများပြည်သူတွေ လုပ်ကိုင်စားသောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ရာမှာ
ဧရာဝတီတိုင်းအစိုးရက  ၄၅ သိန်းနဲ့ ချပေးခဲ့ပါတယ်။  ဒါပေမယ့် ဦးမြင့်ဟန်၊ ဦးကြည်
စတဲ့ သူဌေးအဖွဲ့က ၆၅ သိန်း ပေးပြီး အင်းကို လေလံယူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး
 ဒေသခံတွေ လုပ်ကိုင် စားသောက်ရေးမှာ အခက်အခဲဖြစ်ပြီး အင်းထဲ ငါးဝင်ဖမ်းရာမှာ အချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီး အခုတော့ တရားစွဲဆိုမှုတွေ ဖြစ်လာပါတယ်။


သတင်းရင်းမြစ်    DVB

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ