Wednesday, October 10, 2012

အစိုးရသတင်းစာ အလွတ်သတင်းထောက် စတင်ခေါ်ယူ


သတင်းတွေ ခုထက် ပိုပြီး စုံစုံလင်လင် ဖော်ပြနိုင်ဖို့ ဆိုပြီး နိုင်ငံပိုင် မြန်မာ့အလင်း
 သတင်းစာဟာ ပထမဦးဆုံးအကြိမ်အဖြစ် အလွတ်သတင်းထောက်တွေ ခေါ်ယူ
နေကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အလွတ်သတင်းထောက် လျှောက်လိုသူတွေဟာ ကိုယ့်ရဲ့ ကိုယ်ရေးအချက်
အလက်၊ လိပ်စာ၊ သတင်းလုပ်ငန်း အတွေ့အကြုံနဲ့အတူ နေပြည်တော်နဲ့
ရန်ကုန် သတင်းစာတိုက်တွေ ကို ပေးပို့လျှောက်ထားနိုင်ကြောင်း ဖော်ပြထား
ပါတယ်။

ပေးပို့တဲ့ သတင်းတွေအနက် သတင်း ၅ ပုဒ် ဖော်ပြခံရပြီးရင် အလွတ်သတင်း
ထောက်အဖြစ် အသိအမှတ်ပြုခန့်ထားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

လတ်တလော ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်အများစုဟာ သတင်းစာ ထုတ်ဝေ
ဖို့ ရည်ရွယ်ချက်နဲ့ သတင်းထောက်နဲ့ အယ်ဒီတာ အများအပြား ခေါ်ယူနေကြရာမှာ အစိုးရသတင်းစာကလည်း အလွတ်သတင်းထောက် ခေါ်ယူလာတာ ဖြစ်ပါတယ်။


သတင်းရင်းမြစ်    DVB

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ