
နိုင်ငံခြားသားများအား လုပ်ကိုင်ခွင့်ပြုထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က
သိရှိရသည်။
ယခုရက်ပိုင်းတွင် ပထမဆုံးနိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဘဏ်အဖြစ် Mandalay
Capital ဘဏ်ကို အမေရိကန် ဒေါ်လာတစ်သန်းဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံသား
က ဖွင့်လှစ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်လျှက်ရှိနေခြင်းအပေါ် ဗဟိုဘဏ်က ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဒါ လုံးဝမဟုတ်ဘူး။ ဗဟိုဘဏ်အနေနဲ့ ဘယ်နိုင်ငံခြားသားဘဏ်ကိုမှ ဖွင့်ခွင့်မပြု
ဘူး။ ကိုယ်စား လှယ်ရုံး ဖွင့်ဖို့ လိုင်စင်ချပေးထားတဲ့အထဲမှာလည်း Mandalay
Capital ဘဏ်မပါဘူး။”ဟု ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းသော်က ဆိုသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတော်
ဗဟိုဘဏ်အနေဖြင့် ယခုအချိန်အထိ မည်သည့်နိုင်ငံခြားသား၊ နိုင်ငံခြားဘဏ်ကိုမျှ သီးခြားနိုင်ငံခြားဘဏ်လုပ်ငန်း လုပ် ကိုင်ခွင့် ခွင့်ပြုပေးထားခြင်းမရှိသေးကြောင်းနှင့်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တွင်လည်း ကုမ္ပဏီမှတ်ပုံတင်
ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။
ပြည်တွင်း၌ နိုင်ငံခြားသား ဘဏ်ဖွင့်လှစ်လိုသူသည် ဗဟိုဘဏ်က သတ်မှတ်ချက်
နှင့်ညီညွတ်မှု ရှိမှသာ ဘဏ်ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ရန် လိုင်စင်ချပေးကြောင်းနှင့် အချိန်ကာလတစ်ခုမှသာ ပြည်တွင်းမှဘဏ်များနှင့် အကျိုးတူပူးပေါင်းသည့်ဘဏ်
လုပ်ငန်းအနေဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်၌ ဘဏ်လုပ်ငန်းအပါအဝင် ငွေရေးကြေးရေး လုပ်ငန်းများ လုပ်ကိုင်
မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်
ကို ရယူဆောင်ရွက် ရမည်ဖြစ် ကြောင်းနှင့် ငွေရေးကြေးရေးလုပ်ငန်းများနှင့်
ဆက်နွှယ်၍ မိဘပြည်သူများအနေဖြင့် ငွေကြေးလိမ် လည် မခံရစေရေးအတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ကိုလည်း
ဖြစ်သည်။
လက်ရှိ ပြည်တွင်း၌ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခွင့်လိုင်စင်ချပေးထားမှုမှာ (၂၂)ခုရှိပြီး ငွေရေးကြေးရေးအဖွဲ့အစည်းအနေဖြင့် (၁)ခုရှိသည်။
သတင်းရင်းမြစ်းShweMyitmakha Media Group

No comments:
Post a Comment