Wednesday, October 10, 2012

ရန်ကုန်မှာ လုံခြုံရေး စိုးရိမ်တဲ့ အတွက် ရခိုင် ကျောင်းသားတွေ အိမ်ပြန်

ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး
ရန်ကုန်မြို့သို့ ပညာ ဆက်သင်ရန် လာ၏
ရောက်နေကြသူ ရခိုင်မှ ကျောင်းသား ၈ ဦး
အား လူအုပ်စု တစ်ခုမှ အနိုင်ကျင့် ထိုးကြိတ်
သဖြင့် ပြဿနာ ဆက်လက် ဖြစ်ပွားမည်ကို
 စိုးရိမ်၍ ကျောင်းသားများမှာ မိမိနေရပ်သို့

 ပြန်သွားကြသည်ဟု သူတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ သူတို့က ဆယ်တန်းအောင်ပြီး ရန်ကုန်မှာ ကျောင်းဆက်တက်ဖို့ လာကြတဲ့
 ခလေးတွေပါ။ အသက် ၁၇ ၊ ၁၈ အရွယ် ကျောင်းသား ၃ ဦးနဲ့ မိန်းခလေးက ၅ ဦး
 ဖြစ်ပါတယ်။ သူတို့က ဒီလ ၆ ရက်နေ့ နေ့လည် ၂ နာရီမှာ အင်ယားကန်ဘောင်
 မြကျွန်းသာ အနီး မှတ်တိုင်မှာ  လမ်းလျှောက်ပြန်လာတုန်း လူ ၈ ယောက်ပါ မွတ်
ဆလင် အုပ်စု တစ်စုက ထိုးကြိတ်တာကို ခံခဲ့ရပါတယ်” ဟု သူတို့နှင့် နီးစပ်သူ 
ကိုသန်းဌေးက ပြောသည်။

သူတို့အား  မထိုးကြိတ်မှီ မင်းတို့ တောင်ကုတ်ကလားဟု မေးကြောင်း၊ ယောင်္ကျား
လေးများက တောင်ကုတ်က ဖြစ်ကြောင်း  ပြန်လည် ဖြေကြားသည်နှင့် ပါလာသည့် တုတ်များနှင့် ယောင်္ကျားလေးများကို ၀ိုင်းရိုက်ကြသည်ဟု ဆိုသည်။

“ တောင်ကုတ်ကလား ဆိုပြီး မေးတယ်။  ဟုတ်တယ်လို့ ပြောတော့ သူတို့ကို ၀ိုင်း
ရိုက်ကြတယ်။ ယောင်္ကျားလေးတွေမှာတော့  နည်းနည်း ပွန်းပဲ့ ဒဏ်ရာ ရသွားတယ်။
 နောက်တော့ အနီးအနားက ရဲတွေ ရောက်ရှိလာပြီး ရန်ပွဲကို ဖြန်ဖြေ ပေးတယ်။
 နောက် အနီးအနားက ရပ်ကွက် လူကြီးတွေ ရောက်လာပြီး ပြဿနာကို ပြေလည်
အောင်  ဖြေရှင်း ပေးတယ်လို့ ပြောပါတယ်။ ရဲက ကလေးတွေကို  တရားစွဲမလား
 မေးတော့ ကလေးတွေကလည်း ရန်ကုန်ရောက်တာ သိပ်မကြာသေးတဲ့ အပြင် 
တရားစွဲရင် တရားရုံး ရောက်မယ်၊ အလုပ်အကိုင်ပျက်မှာ စိုးရိမ်တော့ တရားမစွဲ
တော့ဘူးလို့ ပြောတယ်။ 


 
ရပ်ကွက် လူကြီး တွေကလည်း ပြဿနာ ကြီးထွားလာမှာကို စိုးပြီး ခလေးတွေကို
ဖျောင်းဖျ ပြောဆိုပြီး အမြန် သူတို့နေတဲ့ နေရာကို ပြန်ပို့လိုက်တယ်လို့ ပြောတယ်။
 နောက်ပိုင်းမှာ ရဲက အုပ်စုဖွဲ့ရိုက်တဲ့ မွတ်ဆလင်တွေဆီက လဘက်ရည်ဖိုးယူပြီး
 ပြန်လွှတ်ပေးလိုက်တယ်လို့  ပြောပါတယ်” ဟု သူက ဆိုသည်။ 
 
ရခိုင်ကျောင်းသား ကျောင်းသူ (၈)ဦးမှာ တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ရှိ အောင်ချမ်းသာ
လမ်းတွင် နေထိုင် နေကြသူများ ဖြစ်ကြသည်ဟု ဆိုသည်။  ကျောင်းသားများမှာ
ကိုအာကာစိုး (တောင်ကုတ်)၊ သားကလေး (တပ်ဏေ7:uY Cwဖြူစိတ်ကေ
(တပ်တောင်-အမ်း)နှင့် ကျောင်းသူများမှာ အမ်းမြို့နယ် တပ်တောင်မှ  လွှင်မိုးသွှင်၊
ယမင်းစxSSီဝင်းနှင့် စုစုမြတ် တို့ ဖြစ်ကြသည်ဟု သိရသည်။

သူတို့မှာ တက္ကသိုလ် မတက်မှီ ကွန်ပျူတာ သင်တန်း တက်ရောက်နေကြသူများ ဖြစ်
ကြသည်ဟု ကိုသန်းဌေးက ပြောသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် မိဘများမှာ နောက်ထပ် ပြဿနာ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ပြန်ခေါ်ရာမှ ယခုအခါ ကျောင်းသားများမှာ နေရပ်ဒေသသို့ ပြန်သွားကြပြီ
ဟု သိရသည်။

တောင်ကုတ်မြို့မှ ကျောင်းသား မိဖ တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်အား အသေးစိတ်
သိရှိနိုင်ရန် အတွက် ဖုံးဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍  မရရှိသေးပါ။



သတင်းရင်းမြစ်    DVB
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ