
ရမှု မရှိတော့ဘူးဆိုပြီး ငွေတွေ ထုတ်ယူနေတယ်
ဆို တဲ့ ကောလဟာလတွေ လွှင့်ထုတ်ခဲ့လို့ ဘဏ်
မန်နေဂျာက ထွက်ရှင်းရ၊ ဗဟိုဘဏ်က ကြေညာ
ချက်ထုတ်ရ နဲ့ အတော်ပွဲ ဆူသွားခဲ့ပါတယ်။
တကယ်တော့ စီးပွားရေး လောကမှာ ကောလဟာလဟာ တိုက်ကွက်တွေထဲက တခု
လို့ဆိုနိုင်ပါလိမ့် မယ်။ ကောလဟာလဟာ တကယ်တော့ မြန်မာလို ပိတ်ဆို့ခံထားရတဲ့ လူ့အဖွဲ့အစည်းတွေမှာ အဖြစ် အများဆုံး ပါ။ ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်း
တွေမှာ ကောလဟာလဆိုတာ အလွန် နည်းပါးလှပါ တယ်။
အခုဆို ဘဏ်လုပ်ငန်း၊ ဘဏ် တခုအပေါ် ကောလဟာလတွေကြောင့် ဘဏ်အပေါ်
ယုံကြည်မှုတွေ ပျက်ဆီးလျော့ပါးသွားပြီး စီးပွားရေး လည်ပတ်မှု တစုံတရာ ထိခိုက်ပြို
လဲ သွားတတ်ပါတယ်။
ဒါဟာ လည်း မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၆၀ ကျော်လောက် ပိတ်လှောင်ခံထားရတဲ့
လူ့အဖွဲ့ အစည်းအဖြစ် ကနေ အခုမှ ရုန်းထွက်ဖို့ စ ကြိုးစားနေချိန်မှာ အခုလို ကောလ
ဟာလက ပိုဂရက်ထစေပါတယ်။
တဖက်က ကြည့်ရင် မီးခိုးရှိခြင်းဟာ မီးရှိလို့ ဆိုတဲ့ အယူအဆ တရပ်က မီးခိုးဆိုတဲ့
ကောလဟာလ ဟာ အထက်က ပြောခဲ့တဲ့ ပိတ်လှောင်ခံထားရတဲ့ လူ့အဖွဲ့အစည်း
ကြောင့် ဖြစ်တတ်တဲ့သဘာဝကို ထင်ဟပ်စေ တာပါ။
ဒါကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ သတိရှိကြဖို့ ဖြစ်ပါတယ်။
မြန်မာ့ရေခံမြေခံ သဘာဝဟာ တကယ်တော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း အရင်း
အမြစ်တွေ ပေါကြွယ်ဝပါတယ်။
ဒါပေမယ့် ဒီယဉ်ကျေးတဲ့ သဘာဝ အခြေခံ တရားတွေဟာ ဖျက်ဆီးခံလိုက်ရပြီး လူ
တွေရဲ့ စိတ်၊ ဇရိုက်၊ စာရိတ္တတွေဟာလည်း ထိခိုက်ပျက်ဆီးသွားခဲ့ရတာပါ။ ဒါကြောင့်
မြန်မာမှာ စိတ်ဓာတ်ကင်ဆာ စွဲကပ် သွားခဲ့ပြီး နယ်ပယ်အသီးသီးမှာ အောက်လမ်း
နည်း သုံးတာ အလေ့အကျင့်တခုလို ဖြစ်နေခဲ့တာ မြန်မာ့ လူ့အဖွဲ့အစည်းအတွက်
စိတ်မကောင်းစရာပါ။
တကယ်တော့ ကိုယ်ပြုသမျှကံတိုင်းက ကိုယ့်ဆီ ပြန်လာမယ်ဆိုတဲ့ အသိတခု မေ့
လျော့နေကြတယ်ထင်ပါ တယ်။ သေချာတာ တခုကတော့ ကောလဟာလတိုင်းဟာ
တစုံတဦး၊ တစုံတရာကို ထိခိုက်နစ်နာစေတတ် တာပါဘဲ။
သတင်းရင်းမြစ်
း ဧရာဝတီ
No comments:
Post a Comment