
ယာဉ်ဆိုက္ကားများလိုင်စင်ချထားပေးရေး
အဆိုကို လွှတ်တော် တင်ပြသွားမည်ဖြစ်ပြီး
အဆို မအောင်မြင်ပါက ဦးဆောင်ဆန္ဒထုတ်
ဖော်တောင်းဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်းရှိအနှေးယာဉ်ဆိုက္ကားများအား
တရားဝင်လိုင်စင်
ချထားပေးရန်အဆိုကို သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၁)
မဲဆန္ဒနယ်မှ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်နှင့်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဦးကျော်တို့မှ
အဆိုတင်သွင်းမည်ဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးမှာ
အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)မှ ဖြစ်သည်။
“ဒီတစ်ကြိမ် ထပ်တင်ပြဆွေးနွေးမယ် မအောင်မြင်ရင်
သူတို့တွေကို ဦးဆောင်ပြီး
ဆန္ဒထုတ်ဖော် သွားမယ်၊ အခုက လိုင်စင်လဲ
မချပေးဘူး။ လိုင်စင်မဲ့တွေကို သိမ်း
တယ်။ ဒဏ်ရိုက်တယ်။ EOက ပြောထားတာရှိတယ်။
ဖမ်းတဲ့လူရှိရင် သူ့ဆီလွှတ်
လိုက်၊ တပြားမှ မပေးနဲ့ဆိုပြီးပြောထားတာရှိတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
အထက်ပါ ပုဂ္ဂိုလ်မှ
အနှေးယာဉ်ဆိုက္ကားများတရားဝင်မှတ်ပုံတင် လိုင်စင်ချထား
ပေးရန်ရှိမရှိ
မေးခွန်းအား ၂၀၁၂ခုနှစ် ဧပြီလ (၂၅)ရက်နေ့တွင်ကျင်းပခဲ့သော
ရန်ကုန်တိုင်းဒေသကြီးအထူး အစည်းအဝေးတွင် မေးမြန်းခဲ့ပြီး မေလ
(၂၁)ရက်
နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင် သာယာရေးဝန်ကြီး
မြို့တော်
ဝန် ဦးလှမြင့်မှ ယခုကဲ့သို့ ပြောကြားခဲ့သည်။
"လိုင်စင်မဲ့ဆိုက္ကားများအား တရားဝင်လိုင်စင်ချ
ထားပေးနိုင်ရေး အစီအစဉ်မရှိ
ကြောင်း၊ လိုင်စင်များ ထပ်မံခွင့်ပြုပါက
မူလလိုင်စင်ကို အမှီပြု၍ နံပါတ်တူ၊ အတု၊
အပွားများ
ပိုမိုများပြားလာနိုင်ခြင်းနှင့် လူတစ်ဦး၏ ခွန်အားဖြင့်
မိမိတို့လိုရာခရီး
သို့ ရောက်မည့် ယခုလို အသက် မွေးလုပ်ငန်းအား
တဖြည်းဖြည်းချင်းလျှော့ချခြင်း၊ ပပျောက်အောင် ဆောင်ရွက်ခြင်းတို့သာ
ဆောင်ရွက်သင့် ပါတယ်"ဟု ၄င်းက စာဖြင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
"ဆိုက္ကားတွေကိုလိုင်စင်ချပေးဖို့ ထပ်တင်ပြမယ်။
ဆင်းရဲမွဲတေမှုလျော့ချရေး
လုပ်ငန်းတွေလုပ်နေတယ် ဆိုရင်
အောက်ခြေလူတန်းစားတွေ ကိုယ်ချွေးကိုယ်
အားနဲ့ လုပ်ကိုင်နေတဲ့
အနှေးယာဉ်တွေအတွက် လိုင်စင်ချပေးတာမျိုး၊
အခြား
အလုပ်အကိုင်ရှာပေးတာမျိုးတွေကို အောက်ခြေကနေ စပြီးဆောင်ရွက်
ပေးသင့်
တယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် ကပြောသည်။
အနှေးယာဉ်ဆိုက္ကားများအား
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
စီမံရေးရာဌာနမှ လက်ရှိ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ (၂၈)
အရ ကျပ်ငွေ (၁)သောင်းမှ
အများဆုံး ကျပ်ငွေ (၅)သိန်းအထိ သတ်မှတ်ပြီး အရေးယူဆောင်ရွက်လျက်ရှိကာ ယနေ့
အချိန်အထိ လိုင်စင်မဲ့ အနှေးယာဉ်
ဆိုက္ကားပေါင်း (၉၅၁၉)စီး
သိမ်းဆည်းအရေးယူထားပြီးဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး
ကော်မတီက သိရှိရသည်။
"လိုင်စင်ချပေးတဲ့အချိန်က မလုပ်လိုက်နိုင်တော့
ရှိတာလေးထုခွဲပြီး လိုင်စင်
မရှိတဲ့ ဆိုက္ကားလေးနင်းနေရ တာ။ လိုင်စင်လုပ်ပေး
မယ်ဆိုရင် လုပ်ကြမှာပဲ။
အခုလုပ်စားနေတဲ့ ချဲ၊ နှစ်လုံး၊ သုံးလုံး၊
အလောင်းကစား တွေကြ တော့ လိုင်း
ကြေးတို့ ပိုက်ဆံပေးလိုက်ရင် ဖမ်းတာတို့
ဆီးတာတို့မရှိတော့ဘူး။ ဒါတွေက
ကိုယ့်တွေ့နော်။ ကိုယ့်ချွေးကိုယ့်အားနဲ့
လုပ်ကိုင်စားသောက်နေတဲ့ အလုပ်ကို
ကြတော့ မရမက ပိတ်ပင်နေကြတယ်"ဟု
မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက်မှ
ဆိုက္ကားသမား ကိုကျော်ကြီးက
၎င်းခံစားချက်ကိုပြောဆိုသည်။
နိုင်ငံတော်အစိုးရသို့
တရားဝင်မှတ်ပုံတင်ပြီးလိုင်စင်ပါ ဆိုက္ကားတစ်စီးလျှင် ကျပ်
၅သိန်းမှ
၉သိန်းဝန်းကျင် အထိဈေးရှိကြောင်း၊ လိုင်စင်မဲ့ ဆိုက္ကားတစ်စီးလျှင် ကျပ်
၃သိန်းဝန်းကျင်ဈေးကွက်ရှိကြောင်း သိရှိရသည်။
သတင်းရင်းမြစ်း Shwe Myitmakha Media Group
No comments:
Post a Comment