Thursday, October 18, 2012
OIC ကန့် ကွက်ဆန္ဒပြပွဲနှင့် သမ္မတ ဦးသိန်းစိန် ထောက်ခံပွဲ တောင်ကုတ်တွင် ပြုလုပ်
Photobucketရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွင်
 ယနေ့ အောက်တိုဘာလ(၁၈) ရက်နေ့ 
 နေ့ လည်(၁၁)နာရီခွဲတွင် OIC
အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်
ရွက်ရေးအဖွဲ့  မြန်မာနိုင်ငံအတွင်း ရုံး
စိုက်မည်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်
ပွဲနှင့် သမ္မတ ဦးသိန်းစိန်အစိုးရအား
 ထောက်ခံကြိုဆိုပွဲတစ်ရပ်ကို ရခိုင်လူမှုကွန်ယက်အသင်း(တောင်ကုတ်)က
 ဦးဆောင်၍ လူပေါင်း (၂၀၀၀)နီးပါးခန့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း
သတင်းရရှိသည်။
ပထမတ7|^ί_Gzwကျင်ကန့်ကွက်ဆန္ဒပြမည်ဟု စီစဉ်ခဲ့သော်လည်း အိုအိုင်စီ ရုံးဖွင့်လှစ်ရေးကိစ္စနဲ့ပတ်သက်၍ ရဟန်းသံဃာများနှင့် ပြည်သူတွေက ဆန့်ကျင်
ဆန္ဒပြပွဲများကို မြန်မာတစ်နိုင်ငံလုံးနီးပါး ပြုလုပ်ပြီးနောက် နိုင်ငံတော် သမ္မတရုံးမှ
 အိုအိုင်စီ ရုံးခန်းများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်မဟုတ်ကြောင်းကို သတင်းထုတ်ပြန်
ပြီးသည့် နောက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန်အစိုးရကိုပါ ထောက်ခံသည့်အနေနဲ
အသင်း (တောင်ကုတ်)မှ ကိုကျော်ကျော်လင်းက အာရ်ကန်တိုင်းစ်မ်သို့ ယခုလို
ပြောကြားသည်။
"ကျနော်တို့ ကြိုတင်စီစဉ်ထားတာက OIC မြန်မာနိုင်ငံအတွင်း ရုံးစိုက်မယ့်ကိစ္စကို ဆန့်ကျင်ကန့်ကွက်ဖို့ အတွက်ပါ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သမ္မတရုံးက
 အိုအိုင်စီ ရုံးခန်းများ မြန်မာနိုင်ငံမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြော်ငြာလိုက်တဲ့
အခါ ကျနော်တို့ စီစဉ်ထားတဲ့ ကိစ္စကိုဆက်လုပ်ဖို့ အခက်အခဲကြုံသွားရတဲ့အတွက် 
ခုလိုဆန္ဒဖော်ထုတ်ပွဲဟာ နိုင်ငံတော်အစိုးရရဲ့ ကြော်ငြာချက်ကိုပါ ကြိုဆိုထောက်ခဲ့
အနေနဲ့  ပြုလုပ်ရတာပါ" ဟု သူက ပြောကြားသည်။
သမ္မတကြီး ဦးသိန်းစိန် အစိုးရဟာ ဒီမိုကရေစီနှင့် ကောင်းသော အနာဂတ်အပြောင်း
အလဲကို ပြည်သူသူထုဆန္ဒနဲ့အညီ ဖော်ဆောင်နေတာကြောင့် အများပြည်သူရဲ့ 
တောင်းဆိုချက်ဆန္ဒများနဲ့အညီ အကောင်ကောင်အထည် ဖော်ပေးလိမ့်မည် သူ
ယုံကြည်ကြောင်းလည်း ကိုကျော်ကျော်လင်းက ပြောဆိုသည်။
ဆန္ဒပြပွဲနှင့်ထောက်ခံကြိုဆိုပွဲကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး
 ခွင့်ပြုမိန့်ထဲတွင် လူထုအင်အား (၂၀၀)ခန့်သာ ခွင့်ပြုထားခြင်းကြောင့် နယ်ဘက်
ကျေးရွာများမှ လူထုများအား အသိပေးတိုက်တွန်းနှိုးဆော်မှုများမရှိခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲကို ဖောင်တော်ဦးဘုရားတွင် နေ့လည်(၁၁)နာရီခွဲတွင် စတင်စုဝေး
၍ ဆိုင်းဘုတ်များ၊ လက်ကိုင်ပိုစတာများ၊ အိုအိုင်စီကို ဆန့်ကျင်ကန့်ကွက်သည့်
အမှတ်တံဆိပ်ပါ တီချပ်အင်္ကျီများနှင့် ရခိုင်အရေးသည် ပြည်ထောင်စုအရေး၊ ရခိုင်
ပြည်နယ်ကို ကာကွယ်ပါ စသည့် စာတန်းပါ တီချပ်အင်္ကျီများကိုလည်း ၀တ်ဆင်ပြီး
 ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြကြောင်း ကိုကျော်ကျော်လင်းက အခုလို
ဆက်လက်ပြောကြားသည်။
"ခွင့်ပြုမိန့်ကျလာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက လူထုအင်အား (၂၀၀)
လာက်ပဲ ခွင့်ပြုပါတယ်၊ တစ်ချို့ နယ်ဖက်တွေက ဆန္ဒထုတ်ဖော်ချင်ကြတဲ့လူတွေ
ရှိပေမဲ့ ကျနော်တို့ ကမ်းလှမ်းတိုက်တွန်းမှုတွေ မလုပ်နိုင်ခဲ့ပါဘူး၊ ကျနော်တို့ ကန့်
သတ်လူဦးရေ (၂၀၀)လောက်ကို တောင်ကုတ်မြို့  မြို့ မဈေးအနီးရှိ ဖောင်တော်ဦး
ဘုရားနားမှာ နေ့လည် (၁၁)နာရီမှာ စစုပြီးတော့ ကျနော်တို့ လူ (၂၀၀)လောက်က
 အိုအိုင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ အမှတ်တံဆိပ်ရယ် ရခိုင်အရေးသည် တိုင်း
ရင်းသားအရေး၊ ရခိုင်ပြည်ကိုကာကွယ်ပါ လို့ စာတန်းရေးထိုးထားတဲ့ တီချပ်အင်္ကျီ
တွေကို ၀တ်ဆင်ကြပြီးတော့ မြို့ ထဲသို့ လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
ခဲ့ကြတာပါ " ဟု ကိုကျော်ကျော်လင်းက ဆက်ပြောသည်။
ဆန္ဒပြပွဲစတင်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် သံဃာအပါး(၃၀)ကျာ်နှင့် မြို့ခံ
လူထု စုစုပေါင်း(၂၀၀၀)နီးပါးက မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်လာ
ကြကာ ဘင်္ဂလီ(လုံးဝ)မလိုမရှိ၊ အကြမ်းဖက်ဝါဒ (လုံးဝ)အလိုမရှိ၊ အိုအိုင်စီ ထွက်
သွား (OIC GET OUT)၊ သမ္မတကြီးအား ထောက်ခံသည်၊ ရခိုင်အရေးသည်
 ပြည်ထောင်စုအရေး၊ ရခိုင်ပြည်ကို ကာကွယ်ပါ စသည့် ဆိုင်းဘုတ်၊ ပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်တောင်းဆိုခဲ့သည်။ ဆန္ဒဖော်ထုတ်ပွဲကို မြို့ နယ် အာဏာပိုင်တွေအနေနဲ့ တားဆီးနှောက်ယှက် ပိတ်ပင်မှုတစ်စုံတစ်ရာ မရှိ
ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ မည်သည့်ဒေသအစိတ်အပိုင်းတွင်မဆို အိုအိုင်စီ ရုံးစိုက်လာမည်ဆို
ပါက အမျိုး ဘာသာ သာသနာအရေးဖြစ်သည့်အတွက် လူတန်းစားပေါင်းစုံ
အလွှာပေါင်းစုံက နည်းလမ်းပေါင်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်သွားမည်ဖြစ်ကြောင်း၊
 လူသားချင်းစာနာသည့် အနေနဲ့ စေတနာအမှန်ဖြင့် အကူအညီပေးချင်သည်ဆို
လျှင် ဒေါက်တာအေးမောင် အကြံပြုခဲ့သည့်အတိုင်း ပြည်ထောင်စုအစိုးရက လက်ခံပြီးမှ ပြည်နယ်အစိုးရကလည်း ပစ္စည်းလှူတဲ့ လူတစ်ဦးချင်းအပေါ်မှာ
အသေအချာစီစစ်ပြီးမှ ဒုက္ခသည်တွေဆီ ဖြန့်ဝေပေးတဲ့ နည်းလမ်းမျိုးကို
 ထောက်ခံသဘောတူကြောင်း အာရ်ကန်တိုင်းစ်မ်သို့ ကိုကျော်ကျော်လင်းက
 ရှင်းလင်းပြောကြားသည်။
ဆန္ဒဖော်ထုတ်ပွဲကို နေ့လည် (၁)နာရီကျော်တွင် မြို့မဈေးအနီးရှိ ဖောင်းတော်ဦး
ဘုရားတွင် ပြန်လည် အဆုံးသတ်ခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲကို မြို့ နယ် အာဏာ
ပိုင်တွေအနေနဲ့ တားဆီးနှောက်ယှက် ပိတ်ပင်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း
သတင်းရရှိသည်။
သတင်းရင်းမြစ်  Arakan Times   
No comments:
Post a Comment
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ