
နိုဝင်ဘာလ(၁)ရက်နေ့
၊ ချမ်းအေးသာစံမြို့နယ် ၊ လမ်း(၃၀) နှင့် (၇၁)လမ်းထောင့်တွင် ပြုလုပ်သော
မီဒီယာတွေ့ဆုံပွဲတွင် ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်၍ မီဒီယာကို
အသိပေးလိုက်ခြင်း ဖြစ်သည်။
“
ကံကြီးကုန်း ဇီးအုပ်နေပြည်သူများရဲ့နစ်နာဆုံးရှုံးမှုများအပေါ်မှာ
အများပြည်သူလူထုနှင့်တကွ နိုင်ငံတော် အကြီးအကဲများ သိရှိနိုင်ရန်
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ကို
ကျွန်တော်တို့ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှုးထံ တင်ပြသွားမှာ ဖြစ်ပါတယ်´´ ဟု မီဒီယာတွေ့ဆုံပွဲသို့ တက်ရောက် လာသော ဦးကိုလေးက ပြောကြားခဲ့သည်။
ထိုကဲ့သို့
ဆန္ဒဖော်ထုတ်ပွဲကို ၎င်းတို့အနေဖြင့် မန္တလေးမြို့ထဲတွင် ပြုလုပ်လိုသော်လည်း
လုပ်ခွင့် မရနိုင်ဟု ယူဆသဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်း
ပြည်ကြီးတံခွန်နှင့် ထိစပ်နေသည့် နေရာများ၌ လာမည့်နိုဝင်ဘာ လဆန်းပိုင်း
အတွင်း ပြုလုပ်သွားမည် ၄င်းက ဆက်ပြောသည်။
ဆက်လက်၍
အဆိုပါမြေများသည် ကျူးမြေများ မဟုတ်ကြောင်း ၊ မြေကွက်များကို ၀ယ်ယူ စဉ်က
ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ မယက များသို့တင်ပြပြီး ၀ယ်ယူခွင့်ရှိ ပါသည်ဟု
ပြော
သောကြောင့် အရပ် စာချုပ် များ ပြုလုပ်ကာ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း ၊
စာချုပ်များတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ လက်မှတ်ပါရှိကြောင်း
နစ်နာသူတစ်ဦးဖြစ်သည့် မချိုမာလွင်က ရှင်းလင်းပြောကြား ခဲ့သည်။
“ဂျာနယ်တွေ သတင်းမီဒီယာတွေ တော်တော်များများနဲ့ စည်ပင်က ကျမတို့ ကံကြီးကုန်းနဲ့ ဇီးကုန်းမှာ ၀ယ်ထားတဲ့သူတွေကို ကျူးတွေပါလို့ သုံးနှုန်းပါတယ် ၊ ဒါပေမဲ့ ကျမတို့က ကျူးတွေ လုံးဝမဟုတ်ပါဘူး ရှင့် ၊ ဘာဖြစ်လို့လဲဆိုတော့ ကျူးဆိုတာ စာချုပ်စာတန်းလည်း မပြနိုင်ဘူး ၊ အထောက်အထားလည်း မပြနိုင်ပဲ သူများမြေမှာ နေတယ်ဆိုမှ ကျူးလို့သတ်မှတ်ပါတယ် ၊ ကျမတို့က ကျူးမဟုတ်ရဘူးလို့ ပြောရတာက ကျမတို့မှာ ပြစရာ စာချုပ်စာတန်းတွေ ရှိပါတယ်ရှင့် ´´ ဟု မချိုမာလွင်က ရှင်းပြသည်။
အဆိုပါ
စာချုပ်များမှာ နိုင်ငံတော် အသိအမှတ်ပြု စာချုပ်များဖြစ်ပြီး
ကျေးရွာဥက္ကဌများ ကိုယ်တိုင်အသိ သက်သေလက်မှတ်များ ပါရှိသည် ဟု ၎င်းကဆို၍
ကျေးရွာဥက္ကဌဖြစ်သူက ယခုမြေကွက်များမှာ စည်ပင် သာယာမှ ချပေးထားသော
မြေကွက်များဖြစ်ပြီး အိမ်နံပါတ်ပြားများ ထုတ်ပေးခြင်းများပြု လုပ်ခြင်း
နံပါတ် မရရှိသူများအတွက်လည်း အိမ်နံပါတ်ပြား တစ်ခုလျှင်
ငွေကျပ် ငါးထောင်နှုန်းဖြင့် ပြု လုပ် ပေးကြောင်း
ကိုလည်း ၄င်းက ဆက်ပြောသည်။
မန္တလေးမြို့တော်စည်ပင်မှ
အဆိုပါမြေကွက်များနှင့်ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာလ (၁၅) ရက်နေ့ အပြီး
မိမိအစီအစဉ်ဖြင့်မိမိ ဖယ်ရှားကြရန် အကြောင်းကြားထားကြောင်း ကိုလည်း
သိရသည်။
“
စတင်ရောင်းချခြင်းပြုလုပ်တုန်းက ၊ ရဲကလည်း မတားခဲ့ဘူး ၊ စည်ပင်ကလည်း
မတားခဲ့ဘူး ၊ ကျေးရွာ အုပ်ချုပ်ရေးကလည်း မတားခဲ့ဘူး ၊ ဘယ်သူမှ မတားခဲ့လို့
ကျမတို့က ဒီလိုဝယ်ယူရခြင်း ဖြစ်ပါတယ် ´´ ဟု မချိုမာလွင်က ဆက် ပြောသည်။
အဆိုပါမြေကွက် အရောင်းအ၀ယ်များသည် ၂၀၀၅ ခုနှစ်မှစတင် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး
ယခင်မန္တလေး မြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်မှ
လာရောက်စစ်ဆေးမှုများရှိခဲ့ပြီး တားဆီးမှု မရှိခဲ့ကြောင်းကိုလည်း ၄င်းတို့က
ဆိုသည်။
``
ပထမမြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကိုယ်တိုင် ဒီကိစ္စကို သူကိုယ်တိုင်
မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာ ရှိပါတယ်။ သူကိုယ် တိုင်
ကျောင်းဝင်းထဲကိုလာပြီး စစ်ဆေးတာမျိုး ၊ မြို့တော်ဝန် ဦးဖုန်းဇော်ဟန်
ကိုယ်တိုင် ဒီနေရာတွေကို မရောင်းရဘူး မ၀ယ်ရဘူးဆိုပြီး လာပြီးတော့
ပြောတာလည်း မရှိခဲ့ပါဘူး ´´ ဟု မချိုမာလွင်က ဆက်ပြောသည်။
သတင်းရင်းမြစ်း Shwe Myitmakha Media Group
No comments:
Post a Comment