
တိုက်ခတ်နေတဲ့အချိန် အားလုံးက နာဂစ် ဗိုလ်ချုပ်မှုးကြီး ရဲ့ စီမံခန့်ခွဲမှုနဲ့ ယနေ့ သမ္မတ နာဂစ်ဝန်ကြီးချုပ် ရဲ့ လုပ်ရပ်တွေ ပြန်သတိထားမိသွားကြပါတယ် ။ ဒီကနေ့အထိလည်း သမ္မတ ဟာ သမ္မတတစ်ယောက် နဲ့ညီင်္တဲ့ တိတိပပ တာဝန်ခံမှုမျိုး မတွေ့ရသေးတာ နာဂစ်ဗိုလ်ချုပ်မှုးကြီးရဲ့ ဇယားကျကို မလွန်ဆန်နိုင်သေး တာပေါ်လွင်နေပါတယ် ။
ဖုန်းကဒ်တွေ အလကားပေးချင်တာပါ ဆိုတာမျိုးက အိမ်က ဘကြီးထီပေါက်ရင် ဘာဝယ်ပေးမယ်ပြောသလို ဘာမှ ရေရေရာရာ မပြောနိုင်တဲ့အပြင် ( သမ္မတ တစ်ယောက် မသုံးသင့်တဲ့ အသုံးအနှုန်းပါ " အလကား"ဆိုတဲ့ ဟောဟာရအစား တခြား မရှိတော့ဘူးလား) ဦးမြင့်တို့ ဦးကျော်ဝင်းတို့ ကျောင်းသား သမဂ္ဂ ပြန်ဆောက်ဖို့ အကြိမ်ကြိမ်လျှောက်ထားတာတွေကိုလည်း အမေရိကန် တက္ကသိုလ် ခွဲတွေ ဖွင့်မယ် ဆိုတာ မျိုးနဲ့ အပြတ် တုန့်ပြန်တာတွေက သူတို့ရင်ထဲက ပညာရေးနဲ့ ပတ်သက်တဲ့ စေတနာအမှန်ကို အထင်းသားမြင်စေနိုင်ပါတယ် ။
အာဏာကို သက်တမ်းတိုးချင်နေတာတွေလည်း အရှက်မရှိ သိသာထင်ရှားလွန်းနေပါတယ် ။ ၂၀၁၅ လူထု ရဲ့ ရေချိန် က မြန်မာပြည်မှာ အာဏာရှင်သက်ဆိုးရှည်ဦးမလား အဆုံးအဖြတ်ပေးနိုင်ဖွယ်ရှိနေပါတယ် ။ ပြည်သူလူထုကို ဒိထက် ညီညွတ်အောင် ဒိထက် သိမြင်အာင် ဒိထက်တရားဥပဒေနဲ့ဆိုင်တဲ့ မတရား မှုတွေကို ခေါင်းငုံ့ မခံတတ်အောင် တက်ကြွသူများက ခုနေကတည်းကအရှိန်အဟုန် မြှင့်တင် ထားနိုင် မှတော်ကာကျမယ်ဆိုတာ သေချာလွန်းလှပါတယ် ။
ပွင့်လင်း အစရှိသောလူထုအခြေပြုအဖွဲ့အစည်းတွေ ရှိနေပြီး အလုပ်ကောင်းကောင်းလုပ်နေကြတယ် ဆိုပေ မယ့် ဒိထက်မက ဒီလို အဖွဲ့အစည်းတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ အများကြီး လိုအပ်နေသေးတဲ့အတွက် ဆိုင်ရာခေါင်းဆောင်များ က လည်း ဒီအရေးအတွက် နယ်ဘက်တွေမှာဟောကြ ပြောကြတဲ့အပြင် နယ်ခံ အဖွဲ့လေးတွေဖွဲ့စည်း မြေတောင်မြှောက်ပေးခဲ့ကြသင့်ပါတယ် ။
၂၀၁၅ မှာ လူထုဟာ ၁၉၉၀ ကလို
မှင်သက်နေခဲ့ရင် နောက်တစ်ခေါက် ထပ် ခံရတာမျိုး မဖြစ် သင့်တော့ပါ ဘူး
။ဘယ်လိုနည်းနဲ့ အားကောင်းကောင်း အရပ်ဖက်အဖွဲ့အစည်းတွေအားကောင်းတာဟာ
လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီအတွက် အဓိကအားဖြည့်မှုကြီးတွေဆို လည်း
မှားမယ်မထင်ပါ ။
သတင်းရင်းမြစ်
း ဒေါင်းမာန်ဟုန်
No comments:
Post a Comment